
Light လို့ အမည်ရတဲ့ ကုမ္ဗဏီကနေပြီးတော့ ကင်မရာ ၁၆ လုံး ပါဝင်တဲ့
ဒီဂျစ်တယ် ကင်မရာကို ထုတ်လုပ်လိုက်ပါတယ်။ IR Sensor ကိုပါ ကင်မရာအနေနဲ့
ထည့်တွက်ချင်တယ်ဆိုရင် ကင်မရာ ၁၇ လုံးပါတယ်လို့တောင် ရေတွက် နိုင်ပါတယ်။
ကင်မရာ တစ်လုံးချင်းစီမှာ 13 Megapixel ပါဝင်ပြီး Focal Light, Lens
အရှည် အစရှိသဖြင့်တို့ဟာလည်း တစ်လုံးနဲ့ တစ်လုံး ပေါင်းစပ်ပေးထားတာ
မတူပါဘူး။ Dual flash light တစ်လုံး ပါဝင် ပါတယ်။ L16 မှာ ကင်မရာ ၁၆
လုံးထည့်လိုက်ခြင်းက အားသာချက်များစွာ ရှိစေပါတယ်။ အဓိက အချက်အားဖြင့် 52
Megapixel ရှိတဲ့ ပုံအကြီးစားကို ရိုက်ကူးနိုင်ခြင်း ဖြစ်ပါတယ်။
ပိုပြီးတော့ Sharp ဖြစ်တဲ့ Digital Image များကို ရိုက်ကူးနိုင်မှာ
ဖြစ်ပါတယ်။ Digital Photography အတွက် ultimate အဖြစ်ဆုံး ကင်မရာ တစ်လုံး
အဖြစ် ကြော်ငြာ ထားပါတယ်။
ကင်မရာအတွင်းကို ဖွင့်ကြည့်တဲ့အခါ ပြင်ဆင် ထည့်သွင်းထားမှကလည်း
ရိုးရိုးလေးပါ။ ကင်မရာကို ဈေးကွက်မဖြန့်ချိသေးပါဘူး။ ဒါပေမယ့်
မကြာခင်ဖြန့် ချိတော့မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၆၉၉
ဒေါ်လာ ရှိပါတယ်။
.
Ref: theverge
အောင်ခမ်း (MMA)
.
Ref: theverge
အောင်ခမ်း (MMA)
No comments:
Post a Comment