Thursday, October 1, 2015

iOS 9 ဟာ ဘယ်သန်များအတွက် ကသိကအောက်ဖြစ်စေ


ioslefthand
iOS 9 update ဟာ ဘယ်သန်သမားများအတွက် ကသိကအောက် ဖြစ်စေကြောင့် ကမ္ဘာတစ်လွှားက user များဟာ ၎င်းတို့ရဲ့ ဆိုရှယ်မီဒီယာ အသီးသီးမှာ မျှဝေလျက်ရှိကြ ပါတယ်။
အထူးသဖြင့် iPhone 6 Plus, 6S Plus နဲ့ iPad တို့မှာ ဖြစ်ပါတယ်။ သူတို့ကို landspace mode အနေနဲ့ အသုံးပြုတဲ့အခါ home button ဘက်အခြမ်းမှာပဲ Docking လုပ်ထားတဲ့ app များကို စီးထားပေးပါတယ်။ ဒီတော့ ဘယ်သန်တွေက ဘယ်လက်နဲ့ သုံးလိုက်ရင် လက်က ညာဘက်ကို အသုံးပြုဖို့ week ဖြစ်စေ ပါတယ်။ အထူးသဖြင့် Selfie ရိုက်ရင် အခက်ခဲ ဖြစ်ကြောင်း ဆိုပါတယ်။ ဒီတော့ တေလာဆွစ်ဖ်သာ ဘယ်သန်ဖြစ်ရင် Apple အနေနဲ့ ဒီကိစ္စကို ဖြေရှင်း လေမလားလို့ အချို့က စနောက်ရေးသားကြ ပါတယ်။ တေလာဆွစ်ဖ်တုန်းက ငွေပေးသုံးတဲ့ Subscription နဲ့ ပက်သက်လို့ တေလာဆွစ်ဖ်က ပြောကြားလိုက်တာကြောင့် Apple အနေနဲ့ ၎င်းတို့ရဲ့ Music serive ကို Policy ပြောင်းခဲ့ရ ပါသေးတယ်။ ဒီတော့ ယခု ဘယ်သန်၊ ဘာသန်ကိစ္စမှာလည်း တေလာဆွစ်ဖက်ကို ဘယ်သန်ဖြစ်လိုက်ပါလားလို့တောင် သရော်ကြ ပါတယ်။
ဒီတော့ ဘယ်သန်များအတွက် လွယ်ကူတဲ့ ဖြေရှင်းမှု တစ်ခုကို Apple အနေနဲ့ iOS နောက်ထပ် upgrade တစ်ခုမှာ ပြုလုပ်ပေးလေမလား ဆိုတာ စောင့်ကြည့်ရန် လိုအပ် ပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMA)

No comments:

Post a Comment