စီးပွားရေးလုပ်ငန်းများအတွက် Facebook ရဲ့ နောက်ဆုံး
စွမ်းဆောင်ချက်အသစ်များကို မျက်ခြေမပြတ် လေ့လာနေဖို့လိုအပ်ပါတယ်။ Facebook
ရဲ့ မကြာမီက ဖြန့်ချီပေးလိုက်တဲ့ စွမ်းဆောင်ချက်အသစ် အချို့ဟာ သင့်ရဲ့
စီးပွားရေးလုပ်ငန်းအပေါ် အကျိုးများစွာ ရှိစေပါတယ်။ အဲဒါတွေထဲမှာ
ဖောက်သည်တွေက သင့်ရဲ့ ပို့စ်ကို အရင်ဆုံး မြင်တွေ့နိုင်ခြင်း၊
ငွေလွှဲနိုင်ခြင်း၊ Facebook Beacon ကို အသုံးပြုပြီး သင့်လုပ်ငန်းသို့
လာရောက်သူများကို စွဲဆောင်နိုင်ခြင်း၊ Message များကို လျှင်မြန်စွာ
စာပြန်နိုင်ခြင်းတို့ ပါဝင်ပါတယ်။ အဲဒီစွမ်းဆောင်ချက်အသစ်များကို Facebook က
ကမ္ဘာအ၀န်းသို့ တစ်ဖြည်းဖြည်း ဖြန့်ချီပေးနေတာဖြစ်လို့ သင့်ရဲ့ နိုင်ငံအပေါ်
မူတည်ပြီး အသုံးပြုလို့မရသေးတာတွေလည်း ပါရှိပါတယ်။
၁။ သင့်ရဲ့ ဖောက်သည်များကို See First ကို အသုံးပြုဖို့ အားပေးပါ။
Facebook က သူငယ်ချင်း၊ Groups နဲ့ Pages များမှ ပို့စ်အသစ်များကို News
Feed မှာ အရင်ဆုံး မြင်တွေ့နိုင်မယ့် See First စွမ်းဆောင်ချက်ကို
ဖြန့်ချီပေးလိုက်ပါတယ်။ ဒါဟာ စီးပွားရေးလုပ်ငန်းအတွက် Page
ထောင်ထားသူများအတွက်တော့ သတင်းကောင်းပါ။ သင့်ရဲ့ Fans တွေကို See First ကို
အသုံးပြုတတ်အောင် သင်ကြားပေးပါ။
See
First ကို အလွယ်ဆုံး အသုံးပြုနိုင်မယ့် နည်းလမ်းကတော့ ဥပမာအနေနဲ့ Myanmar
Digital Life Page ကိုသွားပါ။ Like ကို နှိပ်ပြီး See First ကိုရွေးပေးပါ။
Like ပြုလုပ်ပြီးသူများအတွက်တော့ Liked ခလုတ်အပေါ်မှာ Mouse Cursor
တင်ထားရင် See First ကိုရွေးချယ်နိုင်ပါတယ်။
နောက်တစ်နည်းကတော့
People, Pages, Groups များစွာအတွက် See First ကို တစ်နေရာထဲကနေ
အသုံးပြုနိုင်မှာပါ။ Desktop နဲ့ Mobile Devices များရဲ့ Menu ကနေ News
Feed Preferences ကိုနှိပ်ပါ။ ဘယ်ဘက်မှ People, Pages, Groups
တစ်ခုချင်းစီကနေ နှစ်သက်ရာ Friends, Pages, Groups များအတွက် See First ကို
ပြောင်းလဲနိုင်ပါတယ်။
၂။ သင့်ရဲ့ စီးပွားရေးလုပ်ငန်းအတွက် Facebook Beacon ကို တောင်းဆိုပါ။
Facebook Beacon ဟာ သင့်လုပ်ငန်း အနီးအနားမှာ Facebook အသုံးပြုနေပြီး
Bluetooth ဖွင့်ထားသူများကို သင့်လုပ်ငန်းနဲ့ ပတ်သက်တဲ့
သတင်းအချက်အလက်များကို ပေးပို့ပေးတဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။ Facebook
Beacon ကနေ သင့်ရဲ့ Page ကို Like လုပ်ဖို့၊ Check In လုပ်ဖို့၊ ဓါတ်ပုံနဲ့
ပို့စ်များကို ပြသဖို့၊ သူငယ်ချင်းများရဲ့ သင့်လုပ်ငန်းအပေါ်
ထောက်ခံမှုတို့လို သတင်းအချက်အလက်များကို ပေးပို့နိုင်ပါတယ်။ Facebook
Beacon က သင့်လုပ်ငန်းအနီးအနားမှ မိုဘိုင်းဖုန်းအသုံးပြုသူများအား သင့်ရဲ့
လုပ်ငန်းကို မြင်တွေ့နိုင်ဖို့ ကူညီပေးပါတယ်။ Beacon Device ကို Facebook
ထံမှ အခမဲ့ ရယူနိုင်ပြီး အောက်ပါ လင့်မှာ တောင်းဆိုနိုင်ပါတယ်။
၃။ Facebook ကနေ ငွေ ပေးပို့ ၊ ရယူပါ။
ဒီနှစ်အစောပိုင်းမှာပဲ
Facebook က အမေရိကန်မှ အသုံးပြုသူများအတွက် သူ့ရဲ့ Messenger App ကနေ ငွေ
ပေးပို့ ၊ ရယူနိုင်တဲ့ ၀န်ဆောင်မှုကို ပြုလုပ်ပေးခဲ့ပါတယ်။ အဆိုပါ
ဝန်ဆောင်မှုဟာ Google Wallet ကို ယှဉ်ပြိုင်ဖို့ ဖြစ်ပြီး အနာဂတ်မှာ
Facebook ကနေ In-App Purchases များဖြင့် ဈေးဝယ်နိုင်အောင်
ရည်ရွယ်ထားပါတယ်။ Messenger ကနေ ငွေ ပေးပို့ ၊ ရယူတဲ့ ၀န်ဆောင်မှုကို အခမဲ့
အသုံးပြုနိုင်ပါတယ်။ Desktop Website မှာလည်း အဲဒီဝန်ဆောင်မှုကို
အသုံးပြုနိုင်ပါတယ်။ အခမဲ့ အသုံးပြုနိုင်တဲ့အတွက် PayPal လို
ငွေလွှဲခများပေးဆောင်ဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် လက်ရှိမှာ ဒီဝန်ဆောင်မှုကို
အမေရိကန်မှာသာ အသုံးပြုနိုင်ပါသေးတယ်။
၎။ သင့်ရဲ့ Page အတွက် Saved Replies ကို ဖန်တီးပါ။
ဖောက်သည်များက သင့်ရဲ့ Page ထံ ကုန်ပစ္စည်းများ၊ ၀န်ဆောင်မှုများ အကြောင်းကို
Message ပေးပို့ပြီး စုံစမ်းတဲ့အခါမျိုးမှာ တူညီတဲ့ မေးခွန်းများစွာကို
ဖြေဆိုရတဲ့ အခြေအနေမျိုးတွေ ကြုံကြရမှာ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ
တူညီတဲ့ အဖြေကို ထပ်ခါ ထပ်ခါ ရိုက်စရာမလိုဘဲ သိမ်းထားပြီး စာပြန်နိုင်ရင်
အချိန်ကုန်သက်သာမှာ ဖြစ်ပါတယ်။ Saved Replies ကို ဖန်တီးဖို့ သင့် Page ရဲ့
Message ကဏ္ဍထဲသွားပါ။ Message တစ်ခုကို ရွေးချယ်ပါ။ ဘယ်ဘက်မှ Create new
reply ကို နှိပ်ပြီး ဖန်တီးနိုင်သလို ဖန်တီးထားတဲ့ Replies များကိုလည်း
တွေ့မြင်နိုင်ပါတယ်။ ဖန်တီးထားတဲ့ Replies များကို Search Box ကနေတောင်
ရှာဖွေနိုင်ပါတယ်။ ဒီစွမ်းဆောင်ချက်ကိုလည်း Facebook က တစ်ဖြည်းဖြည်းချင်း
ဖြန့်ချီပေးနေတဲ့အတွက် သင့်နိုင်ငံမှာ အသုံးပြုလို့ မရသေးရင်
စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။
Credit; www.myanmardigitallife.com
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
www.zunite.org
FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)
FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)
No comments:
Post a Comment