အိပ်ယာပေါ်မှာ စမတ်ဖုန်း သုံးတဲ့အခါ အလင်းရောင်ထွက်နေပါတယ်။ ယင်း
အလင်းရောင်ဟာ မှိန်မှိန်လေး ဖြစ်နေသည့်တိုင် သင့်ဘေးမှာ အိပ်နေတဲ့
အခြားလူတွေကိုပါ မအိပ်ချင်အောင် ထိခိုက်စေပါလိမ့်မယ်။ အကယ်၍သာ
အိပ်ပျော်ရခက်သူတွေအတွက်ဆိုရင်ပေါ့။ ကိုယ်တိုင်သုံးနေသူ ဆိုရင် တော်တော်နဲ့
အိပ်လို့တောင် ပျော်မှာ မဟုတ်ပါဘူး။ အကြောင်းကတော့ ယင်း စမတ်ဖုန်း
ဖန်သားပြင်ကနေ ထွက်တဲ့ အပြာရောင် အလင်းတန်းကြောင့်မို့ ဖြစ်ပါတယ်။
ဖုန်းမှာ အလင်းရောင်စုံထွက်ပေမယ့် လူကို အိပ်မပျော်အောင် အဓိက
တိုက်ခိုက်တဲ့ အလင်းတန်းက Blue Light ဖြစ်ပါတယ်။ ဒါကြောင့်မို့
စမတ်ဖုန်းလည်း သုံးချင်တယ် အိပ်ချင်ချိန်တန်ရင် အိပ်လည်းအိပ်ချင်တယ်ဆိုရင်
Blue light ကို ဖျောက်ထားဖို့ပါပဲ။ ယင်းအတွက် Application အချို့ကို App
Developer များက ဖန်တီးလာပါတယ်။ တစ်ခုကတော့ Blue Light Filter ဖြစ်ပြီး
အပြာရောင် အလင်းတန်းကို ဖယ်ရှားပေးပါတယ်။ ဒါကြောင့်မို့ မျက်နှာပြင်ကလည်း
အနည်းငယ် မှိန်သွားပါလိမ့်မယ်။ နောက်တစ်ခုက Twilight ဖြစ်ပါတယ်။ သူက
bluelight ကို ဖယ်တဲ့ အပြင် အနီရောင် ရေးရေးလေးကိုပါ ထည့်ပေး ပါတယ်။
အနီရောင် မှိန်မှိန်ဟာ လူတွေကို အိပ်ချင်စိတ် ပိုလို့ ဖြစ်ပေါ်စေတာကြောင့်
အချို့လူများဟာ ညအိပ်ရင် အနီရောင် မှီးမှိန်မှိန်လေး ဖွင့်အိပ် တတ်တာကို
တွေ့ကြရမှာပါ။
ဒါကြောင့်မို့ Blue Light Filter က သိပ်ပြီးတော့ effect မဖြစ်ဘူး ထင်ရင်
Twilight ကို ပြောင်းလဲ အသုံးပြု နိုင်ပါတယ်။ Blue Light Filter App ကို
https://goo.gl/B2A9oI မှ ဒေါင်းနိုင်ပြီး Twilight App ကို
https://goo.gl/8CfFQV ကနေ Download ဆွဲ နိုင်ပါတယ်။
.
အောင်ခမ်း (MMA)
#aungkham_mma
.
အောင်ခမ်း (MMA)
#aungkham_mma
No comments:
Post a Comment