Friday, May 8, 2015

♪ ဖုန်းပျောက်ဆုံးလျှင် Google တွင် ရှာဖွေနိုင်ပြီ ♫

3
Google က Android Phone ပျောက်ဆုံးလျှင် Google Search မှ လွယ်ကူစွာ ရှာဖွေနိုင်သည့် စွမ်းဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါသည်။ Google Search တွင် သင်၏ Google Account ဖြင့် Sign In ပြုလုပ်၍ “ Find my phone” ဟု စာရိုက်ပြီး ရှာဖွေရမည် ဖြစ်သည်။ သင်၏ ဖုန်းတွင်လည်း အဆိုပါ Google Account ကို အသုံးပြုထားမှသာ ရှာဖွေနိုင်မည် ဖြစ်သည်။

Google က Android Device Manager ကို ဖုန်းများတွင် ထည့်သွင်းပေးထားပါသည်။ ဖုန်ုးမပျောက်ဆုံးမီတွင် Android Device Manager ကို Enable ပြုလုပ်ထားရမည် ဖြစ်သည်။ ဖုန်းပျောက်ဆုံးလျှင် ရှာဖွေနိုင်မည့် Android Device Manager Website ကိုလည်း Google က ပြုလုပ်ပေးထားပါသည်။ အဆိုပါ ၀က်ဆိုက်မှနေ၍ ဖုန်းကို ရှာဖွေနိုင်သကဲ့သို့ Lock or Erase ပြုလုပ်နိုင် ပါသည်။

Google Search တွင်မူ Lock or Erase ပြုလုပ်နိုင်ခြင်း မရှိဘဲ ဖုန်းကို မြေပုံတွင် ရှာဖွေခြင်းနှင့် နေအိမ် တွင် ပျောက်ဆုံးနေကြောင်း မြေပုံမှ ပြသလျှင် Ring သံမြည်ခိုင်းခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

Myanmar Digital Life Journal

No comments:

Post a Comment