Wednesday, May 20, 2015

♪ Telenor ဖုန်း အဝင်ခေါ်ဆိုခြင်း ထိုင်းနိုင်ငံတွင် အခမဲ့ စတင်အသုံးပြုနိုင် ♫

+

Telenor ဖုန်းများအား ထိုင်းနိုင်ငံသို့ယူဆောင် အသုံးပြုမည်ဆိုပါက အဝင်ခေါ်ဆိုမှုအား အခမဲ့အသုံးပြု နိုင်ပြီ ဖြစ်ကြောင်း Telenor Myanmar မှသိရသည်။

ယခင်က Telenor ဖုန်းများအား ထိုင်းနိုင်သို့ ယူဆောင်အသုံးပြုပြီး အဝင်ခေါ်ဆိုမှုကို တစ်မိနစ်လျှင် ၇၀၀ ကျပ် သတ်မှတ်ထားရာမှ မေလ ၁၉ ရက်မှစတင်၍ အခမဲ့အဖြစ် သို့ ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း Telenor Call Center မှ မေးမြန်းသိရှိရသည်။ Telenor ဆင်းမ်ကတ်အား ထိုင်းနိုင်ငံ Dtac ကွန်ရက်ပေါ်တွင် Roaming ဝန်ဆောင်မှု အဖြစ် အသုံးပြုနိုင်ခြင်းဖြစ်သည်။

ဖုန်းအဝင်နှင့် SMS အဝင်အတွက် အခမဲ့သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း၊ ယခင်က ထိုင်းနိုင်ငံ မှ မြန်မာနိုင်ငံသို့ ဖုန်းခေါ်ဆိုမှုအား တစ်မိနစ်လျှင် ၁,၀၀၀ ကျပ် သတ်မှတ် ထားသော်လည်း ယခုအခါ ၅၀၀ ကျပ်သို့ ပြောင်းလဲလျှော့ချလိုက်ကြောင်း သိရသည်။ ထိုကဲ့သို့ ဈေးနှုန်းလျှော့ချသတ်မှတ်သည့် ဝန်ဆောင်မှု အား ထိုင်းနိုင်ငံ Datc ကွန်ရက်ဖြင့် အသုံးပြုမှသာ ရရှိမည်ဖြစ်သည်။

အင်တာနက် အသုံးပြုခအနေဖြင့်လည်း လျှော့ချသတ်မှတ်ထားကြောင်း၊ ယခင်က 1MB လျှင် ၇,၀၀၀ ကျပ်မှ ယခုအခါ ၅၀၀ ကျပ်အဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။

Internet Journal

No comments:

Post a Comment