စမတ်ဖုန်းများဟာ ဖုန်းပြောဖို့ သက်သက်သာ မဟုတ်တော့ဘဲ စွယ်စုံ
အသုံးပြုလို့ရတဲ့ အိတ်ဆောင် ကွန်ပြူတာလေးတွေ ဖြစ်လာပါပြီ။ အလုပ်ကိစ္စများ၊
ကျန်းမာရေး ၊ စီးပွားရေး ၊ ခရီးသွားလာခြင်း စတဲ့ နယ်ပယ်မျိုးစုံမှာ
စမတ်ဖုန်းများကို အသုံးပြုနိုင်ပါတယ်။ လူတွေအတွက် အရေးအကြီးဆုံး ဖြစ်တဲ့
ကျန်းမာရေး နယ်ပယ်မှာလည်း အထောက်အကူပြုနိုင်ဖို့ App များကို Developer
များက တီထွင်ပေးထားပါတယ်။ အဲဒီအထဲက တစ်ခုကတော့ Azumio က ထုတ်လုပ်တဲ့
Instant Heart Rate ပါပဲ။
Instant Heart Rate က စမတ်ဖုန်းရဲ့ အနောက်ဘက်ကင်မရာကနေ သင့်လက်ချောင်းမှ သွေးခုန်နှုန်းများကို တိုင်းတာပြီး နှလုံးခုန်နှုန်းကို တိကျစွာ တွက်ချက်ပေးနိုင်တဲ့ အံ့သြစရာကောင်းတဲ့ နည်းပညာမြင့် App တစ်ခု ဖြစ်ပါတယ်။
Instant Heart Rate က စမတ်ဖုန်းရဲ့ အနောက်ဘက်ကင်မရာကနေ သင့်လက်ချောင်းမှ သွေးခုန်နှုန်းများကို တိုင်းတာပြီး နှလုံးခုန်နှုန်းကို တိကျစွာ တွက်ချက်ပေးနိုင်တဲ့ အံ့သြစရာကောင်းတဲ့ နည်းပညာမြင့် App တစ်ခု ဖြစ်ပါတယ်။
Instant Heart Rate ကို အင်စတော လုပ်ပြီးရင် သူ့ရဲ့ အလုပ်လုပ်ပုံနဲ့
အသုံးပြုနည်းကို ပြသပေးမှာ ဖြစ်ပါတယ်။ App က သင့်လက်ချောင်းထိပ်မှ
အရောင်ပြောင်းလဲမှုကို ခွဲခြမ်းစိတ်ဖြာပြီး သင့်ရဲ့ နှလုံးခုန်နှုန်းကို
တိုင်းတာပေးတာပါလို့ ပြောပြထားပါတယ်။ အသုံးပြုနည်းက သင့်လက်ချောင်းထိပ်ကို
အနောက်ကင်မရာ တစ်ခုလုံးကို အုပ်မိအောင် ထားထားပြီး ဖုန်းကို ငြိမ်သက်စွာ
ထားရှိရမှာ ဖြစ်ပါတယ်။
နှလုံးခုန်နှုန်းကို စတင်တိုင်းတာဖို့ Get Started ကိုနှိပ်ပါ။

နောက်အဆင့်မှာ နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ စကရင်ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ အပေါ်မှ ညွှန်ကြားချက်အတိုင်း ပြုလုပ်ပါ။
နှလုံးခုန်နှုန်းကို စတင်တိုင်းတာဖို့ Get Started ကိုနှိပ်ပါ။

နောက်အဆင့်မှာ နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ စကရင်ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ အပေါ်မှ ညွှန်ကြားချက်အတိုင်း ပြုလုပ်ပါ။

လက်ချောင်းထိပ်ကို အနောက်ကင်မရာ အပေါ်တင်ပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ တိုင်းတာမှုကို စတင်ပြုလုပ်မှာပါ။ ဆယ်စက္ကန့်ကြာ တိုင်းတာမှာ ဖြစ်ပါတယ်။


ပြီးရင်တော့ သင့်ရဲ့ နှလုံးခုန်နှုန်းကို ပြသပေးမှာပါ။ တစ်မိနစ်လျှင် နှလုံးခုန်နှုန်း ၆၀ ကနေ ၉၀ ကြားမှာ ရှိရင်တော့ သာမာန် ဖြစ်ပါတယ်။ Tap to add note ကို တစ်ချက်နှိပ်ပြီး မှတ်ချက်ရေးသားနိုင်ပါတယ်။ သင့်ရဲ့ နှလုံးခုန်နှုန်းကို Facebook, Messenger , Viber တို့မှာ မျှဝေချင်ရင် Share ခလုတ်ကို နှိပ်ပါ။

“ Share with” Menu ပေါ်လာရင် နှစ်သက်ရာ Messenger, Social Network တို့မှာ မျှဝေနိုင်ပါတယ်။ Viber မှာ မျှဝေဖို့ Viber ကို တစ်ချက်နှိပ်ပါ။

နောက်အဆင့်မှာ Viber မှ သူငယ်ချင်းကို ရွေးချယ်ပြီးရင် အောက်ကပုံမှာလို သင့်နှလုံးခုန်နှုန်းကို မျှဝေထားပုံကိုတွေ့ရမှာ ဖြစ်ပါတယ်။

Instant Heart Rate ကို ပြန်ဖွင့်ပြီး Settings ခလုတ်ရဲ့ ဘယ်ဘက်ဘေးမှ ခလုတ်ကို နှိပ်ရင် သင့်ရဲ့ နှလုံးခုန်နှုန်းများကို သိမ်းမှတ်ထားတဲ့ Timeline ကိုရောက်သွားမှာပါ။ သင်နောက်ဆုံး တိုင်းတာထားတဲ့ နှလုံးခုန်နှုန်း ငါးခုကို ပြသပေးမှာ ဖြစ်ပါတယ်။ နှလုံးခုန်နှုန်းများကို ရက်စွဲ၊ အချိန်များနဲ့ ခွဲခြား ပြသပေးထားပါတယ်။ တိုင်းတာထားတဲ့ နှလုံးခုန်နှုန်း အားလုံးကို ပြန်ကြည့်ချင်ရင်တော့ Pro Version ကို ၀ယ်ယူ အသုံးပြုပါ။
No comments:
Post a Comment