Thursday, May 28, 2015

♪ Ooredoo နှင့် Telenor က အင်တာနက် အသုံးပြုခကို အပြိုင်အဆိုင်ဈေးလျော့ ♫



ပြည်ပမှဝင်ရောက်လာသည့် ဆက်သွယ်ရေ အော်ပရေတာ နှစ်ခုဖြစ်သော Ooredoo နှင့် Telenor တို့သည် မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုခကို တစ်ဦးနှင့်တစ်ဦး အပြိုင် အဆိုင် ဈေးနှုန်း လျော့ချပေး ခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ မိုဘိုင်းဖုန်းအင်တာ နက်အသုံးပြုခကို အပြိုင် အဆိုင် ဈေးနှုန်း လျော့ ချ ပေးခြင်းကြောင့် ယခင်က 1MB လျှင် ၁၀ ကျပ် ပေးဆောင်နေရသည့် မိုဘိုင်းဖုန်း အင်တာနက်ဘီလ်များသည် ယခု အခါ 1MB လျှင် ၆ ကျပ် အဖြစ်သို့ ပြောင်းလဲ သွားခဲ့ကြောင်း သိရသည်။

Ooredoo သည် ပုံမှန်မိုဘိုင်း အင်တာနက်အသုံးပြုသူများအတွက် ဘီလ်ဈေးနှုန်းကို ယခုကဲ့သို့ လျော့ချပေးခဲ့ သည့် အပြင် Package အနေဖြင့် အသုံးပြုသူများကိုလည်း ၁၀၀ ရာခိုင်နှုန်း အပိုထပ်ဆောင်း လက်ဆောင် များ ပေးအပ်သွားမည်ဟု ကြေညာခဲ့သည်။

SIM ကတ်အသစ် အသုံးပြုသူများသည် အင်တာနက်အသုံးပြုခကို လျော့ဈေးဖြင့် အဆင်သင့် အသုံးပြုနိုင် မည် ဖြစ်သော်လည်း ယခင် SIM ကတ်အဟောင်းအသုံးပြုသူ များအနေဖြင့် *7777# ကို ရိုက် နှိပ်၍ စာရင်းပေး သွင်းရမည်ဟု Ooredoo က သတင်းထုတ်ပြန် ထားသည်။

အလားတူ Telenor သည် လည်း ၎င်းင်း၏ 3G အင်တာနက် စနစ်အတွက် အသုံးပြု ဘီလ်ဈေးနှုန်းကို Ooredoo နည်းတူ ပြင်ဆင် သတ်မှတ်ခဲ့ပြီး 2G အင်တာနက် အသုံးပြုခ ကိုလည်း 1MB လျှင် ၁ ကျပ် ထပ်မံ လျော့ချ ပေးခဲ့ကြောင်း သိရသည်။

“အသုံးပြုသူတွေရဲ့ ၆၅ ရာခိုင်နှုန်းက အင်တာနက်အသုံးပြုသူတွေပါ။ ၆၀ ရာခိုင်နှုန်းလောက်က စမတ်ဖုန်း အသုံးပြုကြပါတယ်” ဟု Telenor ၏ အမှုဆောင် အရာရှိချုပ် ဖြစ် သူက ပြောသည်။ Telenor သည် ၎င်း၏ 3G အင်တာနက် ကွန်ရက် အမြန်နှုန်းမှာ 2Mbps ဖြစ်သည်ဟု ပြောဆိုထားပြီး Ooredoo က ၎င်းတို့၏ အင်တာနက်အမြန်နှုန်းမှာ 14Mbps ဖြစ်သည်ဟု ပြောဆိုထားသည်။

Telenor ၌ အသုံးပြုသူအရေ အတွက်သည် လက်ရှိအချိန်အထိ ၆.၄ သန်းရှိပြီး Ooredoo ၏ အသုံးပြုသူ အရေအတွက်မှာ မတ်လကုန်စာရင်းဇယားအရ ၃.၃ သန်းရှိသည်။ ၎င်းတို့ဆက်သွယ်ရေး အော်ပရေတာ နှစ်ခုသည် ပြိုင်ဆိုင်မှုအရ အင်တာနက် အသုံးပြုခဈေး နှုန်းများကို အပြိုင်အဆိုင် လျော့ချ ပေးခဲ့သော်လည်း MPT အနေဖြင့် ယခုကဲ့သို့ ပြိုင်ဆိုင်ခဲ့ခြင်း မရှိခဲ့ပေ။

No comments:

Post a Comment