Tuesday, May 26, 2015

♪ အွန်လိုင်းပေါ်တွင် MPU ကတ်မှ တစ်ဆင့် ဖုန်းငွေဖြည့်ခြင်း ပထမဦးဆုံး ဆောင်ရွက်နိုင် ♫


Myanmar Payment Union (MPU) ကတ်မှတစ်ဆင့် ဖုန်းငွေဖြည့်ခြင်းကို အွန်လိုင်းပေါ်တွင် စတင် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း Soft-Gate Technology Co.,Ltd မှ သိရသည်။

https://mpu.topup.com.mm မှတစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး MPT GSM,CDMA 800, CDMA 450, MECTel, Telenor, Ooredoo စသည့် ဖုန်းအော်ပရေ တာများမှ ဖုန်းအမျိုးအစားများ အားလုံး အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အသုံးပြုနိုင်ရန်အတွက် မိမိတို့၏ MPU ကတ်များအား သက်ဆိုင်ရာဘဏ်များသို့ E-Commerce အသုံးပြုခွင့် ဖောင်ဖြည့်သွင်းထားရန် လိုအပ်ကြောင်း သိရသည်။
"MPU ကတ်တွေကို အွန်လိုင်းမှာအသုံးပြုနိုင်ဖို့ ကတ်ထုတ်ပေးထားတဲ့ဘဏ်ရဲ့ နီးစပ်ရာ ဘဏ်ခွဲမှာသွားရောက်ပြီး E-Commerce အသုံးပြုခွင့် ဖောင်ဖြည့်သွင်းထားဖို့ လိုအပ်ပါတယ်။ ပြီးရင် မိမိရဲ့MPU ကတ်ကို စသုံးလို့ရပါပြီ" ဟု Soft-Gate Technology Co.,Ltd မှ တာဝန်ရှိသူက ပြောသည်။

ထိုကဲ့သို့ E-Commerce အသုံးပြုခွင့် မပြုလုပ်ထားပါက MPU ကတ်ကို အွန်လိုင်းပေါ်တွင် အသုံးပြုနေစဉ် ကတ် error ပြမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။ အွန်လိုင်းမှ ဖုန်းငွေဖြည့်သွင်းနိုင်ရန် အထက်ပါ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီးနောက် မိမိဖြည့်ငွေမည့် ငွေဖြည့်ကတ်ပမာဏကို ရွေးချယ်ရမည် ဖြစ်ကြောင်း၊ ယင်းနောက် မိမိ ဖုန်းနံပါတ် ရိုက်ထည့်ကာ Top Up ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် MPU ကတ်၏ Payment Page တွင် မိမိ၏ ကတ်နံပါတ်နှင့် expire date အား ဖြည့်သွင်းရ မည် ဖြစ်ကြောင်း၊ ယင်းနောက် Get OTP အားနှိပ်လိုက်ပါက MPU ကတ်အား E-Commerce လျှောက် ထားစဉ်က ဖြည့်သွင်း ခဲ့သော အီးမေးလ်သို့ OTP Code ပို့ပေးမည်ဖြစ်ကြောင်း၊ အဆိုပါ Code ဖြည့် သွင်းပြီး Confirm လုပ်လိုက်ပါက မိမိ MPU ကတ်ထဲမှ ငွေဖြည့်ကတ်ဖိုး ကျသင့်ငွေကို ဖြတ်ယူကာ စက္ကန့်ပိုင်းအတွင်း အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

အွန်လိုင်းပေါ်မှ ဆောင်ရွက်ခြင်းဖြစ်၍ ၂၄ နာရီပတ်လုံး အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ အသေးစိတ်ကို ဖုန်း ၀၁-၅၁၁၄၄၂ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။ ထိုကဲ့သို့ အွန်လိုင်းတွင် MPU မှ တစ်ဆင့် ငွေဖြည့်သွင်းခြင်း အတွက် ဝန်ဆောင်ခ တစ်စုံတစ်ရာ ကျသင့်မည်မဟုတ်ကြောင်း၊ သတ်မှတ် ငွေဖြည့်ကတ် ကျသင့် ပမာဏ အတိုင်းသာ MPU ကတ်ထဲမှ နုတ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment