Monday, May 18, 2015

♪ သင် အသုံးမပြုတဲ့ Android ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များ ♫

2

Android မှာ Tools များစွာနဲ့ နှစ်သက်သလို ပြောင်းလဲနိုင်တဲ့ Options များစွာရှိပါတယ်။ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်တွေကို အသုံးပြုသူအများစုက မသိမြင်တဲ့အတွက် အသုံးချနိုင်ခြင်းမရှိပါဘူး။ အချို့ စွမ်းဆောင်ချက်တွေကိုတော့ ထင်သာမြင်သာရှိအောင် ပြုလုပ်ပေးထားပေမယ့် အချို့ကိုတော့ လျှို့ဝှက်ထားတတ်ကြပါတယ်။ Power User တစ်ယောက်အနေနဲ့ Android ကို အသုံးပြုချင်ရင်တော့ လျှို့ဝှက်နက်နဲတဲ့ စွမ်းဆောင်ချက်တွေကို အသုံးပြုနည်းများကို ရေးပေးလိုက်ပါတယ်။

Smart Lock ကို အသုံးပြုပါ။

1

သင့်ရဲ့ ဖုန်းကို လုံခြုံအောင်ပြုလုပ်ဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ဖုန်းကို အသုံးပြုချင်တိုင်း Pin Code, Pattern တွေ ထည့်ပေးရတာ အလုပ်ရှုပ်ပါတယ်။ Android 5.0 မှာ Smart Lock ပါရှိလာပါတယ်။ အဲဒီစွမ်းဆောင်ချက်က သင့်ဖုန်းဟာ လုံခြုံတဲ့ အခြေအနေမှာ ရောက်ရှိနေရင် အလွယ်တကူ ပွတ်ဆွဲလိုက်တာနဲ့ Unlock လုပ်ပေးနိုင်ပါတယ်။ သင့်ဖုန်းဟာ လုံခြုံတဲ့ အခြေအနေမှာ ရှိသလားဆိုတာ ဘယ်လို သိနိုင်တာလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Smart Lock ကို Android Device Manager လိုပဲ Play Services ကနေ ထည့်သွင်းပေးတာဖြစ်ပါတယ်။ Locking Options တွေကတော့ Device အလိုက် ကွဲပြားပေမယ့် Nexus Phone, Tablet မှာတော့ စုံလင်ပါတယ်။ Trusted Face, Trusted Location , Trusted Devices, On-Body Detection စတဲ့ Option တွေပါရှိပါတယ်။ အနည်းဆုံးတော့ Trusted Devices, Trusted Location တို့ပါရှိတတ်ပါတယ်။
ဥပမာအနေနဲ့ သင့်ရဲ့ ဖုန်းဟာ အိမ်မှာ ရှိနေရင် လုံခြုံတယ်လို့ သတ်မှတ်ထားနိုင်ပြီး မျက်နှာပြင်ကို ပွတ်ဆွဲတာနဲ့ Unlock ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် အပြင်သွားရင်တော့ ဖုန်းကို Unlock လုပ်ဖို့ PIN, Pattern တို့ကို တောင်းဆိုမှာပါ။ Trusted Devices ကလည်း ဒီလိုပါပဲ။ Bluetooth, NFC ဆက်သွယ်မှုများကနေ သင့်ရဲ့ ဖုန်ုးဟာ သင့်ရဲ့ စမတ်နာရီ ၊ တက်ဘလက်တို့နဲ့ ချိတ်ဆက်နေတယ်ဆိုရင် ဖုန်းဟာ လုံခြုံတဲ့ အခြေအနေမှာ ရှိတယ်လို့ သတ်မှတ်ထားနိုင်ပါတယ်။ Trusted Face ကတော့ ဖုန်းရဲ့ အရှေ့ကင်မရာက သင့်မျက်နှာကို တွေ့မြင်နေရရင် အလွယ်တကူ Unlock ပြုလုပ်နိုင်မှာပါ။ On-Body Detection က သင့်ရဲ့ ဖုန်းဟာ သင့်လက်ထဲ ဒါမှမဟုတ် အိတ်ကပ်ထဲမှာ ရှိနေတာကို သိရှိပြီး ဖုန်ုးကို စားပွဲပေါ် သို့မဟုတ် တစ်နေရာမှာ ချလိုက်တာနဲ့ Lock ပြုလုပ်ပေးတာ ဖြစ်ပါတယ်။

Remote Security အတွက် Android Device Manager ကို အသုံးပြုပါ။

2

Google Play Service ဟာ Google ရဲ့ Android Phone တွေမှာ ထည့်ပေးထားတဲ့ ၀န်ဆောင်မှုတွေ အားလုံးကို စီမံခန့်ခွဲပါတယ်။ Google က Play Service Framework ကို နောက်ကွယ်ကနေ အမြဲတမ်း Update ပြုလုပ်ပေးလေ့ရှိပါတယ်။ အဲဒါကြောင့်ပဲ နဂိုက Android Device Manager မပါတဲ့ ဖုန်ုးတွေမှာတောင် Play Service ကနေတစ်ဆင့် ထည့်သွင်းပေးနိုင်တာ ဖြစ်ပါတယ်။ Android Device Manager က သင့်ရဲ့ ဖုန်းပျောက်သွားရင် ဖုန်းရဲ့ တည်နေရာကို ခြေရာခံတာ၊ Ring သံမြည်အောင် လုပ်ပေးတာနဲ့ ဖုန်းမှ အရေးကြီး ဒေတာများကို ဖျက်ပေးတာတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။

Default အားဖြင့် Android Device Manager က သင့်ရဲ့ ဖုန်းတည်နေရာနဲ့ Ring သံမြည်အောင်ပဲပြုလုပ်ပေးနိုင်ပါတယ်။ အရေးကြီး ဒေတာတွေကို အဝေးကနေ ဖျက်ပစ်နိုင်ဖို့အတွက် သင့်ဖုန်းရဲ့ Main System Settings ထဲသွားပြီး Security ထဲဝင်ပါ။ Device Administrators Option ထဲဝင်ပြီး Android Device Manager ကို အမှန်ခြစ်ပေးပါ။

သင့်ရဲ့ ဖုန်းပျောက်သွားရင် Android Device Manager ကို အသုံးပြုပြီး ဖုန်းကို ပြန်ရှာနိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။ သင့်မှာ Android Device တစ်ခုပဲရှိရင် https://www.google.com/android/devicemanager ၀က်ဆိုက်ကိုသွားပြီး သင့် Google Account နဲ့ Login ၀င်ပါ။ အဲဒီဝက်ဆိုက်ကနေ ဖုန်းရဲ့ တည်နေရာကို မြေပုံမှာ ကြည့်တာ၊ အိမ်မှာ ပျောက်နေတာဆိုရင် Ring သံမြည်ခိုင်းတာတို့ ကို ပြုလုပ်နိုင်သလို ဖုန်းကို Lock ပြုလုပ်တာနဲ့ အရေးကြီး ဒေတာများကို ဖျက်ပစ်တာတို့ကို ပြုလုပ်နိုင်ပါ တယ်။ သင့်မှာ အခြား Android Device တစ်ခုရှိရင် Android Device Manager App ကို ထည့်သွင်းပြီး ပျောက်နေတဲ့ ဖုန်းကို ရှာဖွေနိုင်ပါတယ်။

Screen Recording

3

Android Users များဟာ Screen Recording လုပ်ဖို့အတွက် အရင်တုန်းကတော့ Root ပြုလုပ်ကြရပါတယ်။ Android 5.0 Lollipop မှာတော့ Root လုပ်စရာမလိုဘဲ Screen Recording လုပ်နိုင်ပါတယ်။ အဲဒီလိုပြုလုပ်ဖို့ App တစ်ခုသာလိုအပ်ပါတယ်။ Google Play Store မှာ Screen Recording ပြုလုပ်တဲ့ အခမဲ့ App များစွာရှိပါတယ်။ ကျွန်တော်ရဲ့ အနှစ်သက်ဆုံးတစ်ခုက Rec ဖြစ်ပါတယ်။

Data Usage ကို စောင့်ကြည့်ရုံသာမက ထိန်းချုပ်ပါ။
4

Android မှာ Data Usage ကို စောင့်ကြည့်နိုင်တဲ့ စွမ်းရည်ပါရှိပါတယ်။ ဒါပေမယ့် User အများစုက ထိထိရောက်ရောက် အသုံးမပြုကြပါဘူး။ သာမာန်အားဖြင့် အချိန်ကာလတစ်ခုအတွင်းမှာ သတ်မှတ်ထားတဲ့ Data Usage ရောက်ရင် Warning ပေးဖို့သာ ပြုလုပ်ထားကြပါတယ်။ Limit ပြုလုပ်ပေးမှသာ သတ်မှတ်ထားတဲ့ ပမာဏရောက်ရင် Mobile Data ကို အလိုအလျှောက် ပိတ်ပေးမှာ ဖြစ်ပါတယ်။ Settings> Data Usage ထဲသွားပြီး Limit Check Box မှာ အမှန်ခြစ်ပေးပါ။ အနီရောင်မျဉ်းကြောင်းကို အပေါ်၊ အောက် ရွှေ့ပြီး သတ်မှတ်ပေးပါ။ Warning ကိုတော့ Limit ပမာဏထက် MB တစ်ရာလောက် လျော့နည်းတဲ့ နေရာမှာ သတ်မှတ်ထားသင့်ပါတယ်။

No comments:

Post a Comment