Thursday, May 21, 2015

♪ အသုံးပြုသူအချို့၏ အချက်အလက်များကို Telenor ထံမှ အစိုရတောင်းခံ ♫

ရာဇဝတ်မှုနှင့် ပတ်သက်သောကြောင့် အစိုးရမှ အသုံးပြုသူများ၏ အချက်အလက်များကို တောင်းခံခဲ့ သည့်အတွက် Telenor အနေဖြင့် သိမ်းဆည်းထားသော အချက်အလက်ကို ပေးအပ်ခဲ့ရကြောင်း Telenor ၏ CEO ဖြစ်သူ Mr. Petter Furberg က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ မိုဘိုင်းဖုန်းနံပါတ် ၁၅ ခု၏ အချက်အလက်များကို အစိုးရက တောင်းခံခဲ့သော်လည်း Telenor အနေဖြင့် ပေးအပ်သင့်သည်ဟု ယူဆသော မိုဘိုင်းဖုန်း နံပါတ် ၃ ခု၏ အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့သည်ဟု Mr. Petter Furberg ကဆို သည်။

“ရဲကနေတစ်ဆင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနကို တောင်းတယ်။ အဲဒီကနေတစ်ဆင့် အော်ပရေ တာကို ပြန်ပြီးတောင်းတာ ဖြစ်ပါတယ်။ အများအားဖြင့်တော့ မူးယစ်ဆေးဝါးအမှုတွေ၊ လူပျောက်မှုတွေနဲ့ သက်ဆိုင်နေတာများတယ်” ဟု ၎င်းက ပြောသည်။

ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် အသုံးပြုသူများ၏ အချက်အလက်များကို လျှို့ဝှက် ထားရှိပေးရ မည်မှာ အရေးကြီးသည့် တာဝန်တစ်ရပ်ဖြစ်သော်လည်း ရာဇဝတ်မှုများ၊ နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက် သည်များ ကြုံတွေ့လာပါက အခြားနိုင်ငံများနည်းတူ သက်ဆိုင်ရာတစ်ဆင့် အချက်အလက်များ ကို အော်ပရေတာ ထံမှ တောင်းယူကြည့်ရှုနိုင်သည်ဟု သိရသည်။

အစိုးရအနေဖြင့် အချက်အလက်များကို တောင်းခံရာတွင် ဆက်သွယ်ပြောဆိုထားသော ဖုန်းမှတ်တမ်းများ၊ ဆက်သွယ်ပြောဆိုခဲ့သည့် တည်နေရာများကို အဓိက ထား တောင်းခံခြင်းဖြစ်ပြီး အော်ပရေတာများ ဘက်မှလည်း အစိုးရတောင်းခံသည့် အချက်အလက်များကို ရှာဖွေပေးရလေ့ရှိကြောင်း သိရသည်။

လက်ရှိအချိန်၌ အစိုးရနှင့် ဆက်သွယ်ရေး အော်ပရေတာများအကြား အချက်အလက်များ ထုတ်ပေးခြင်းနှင့် ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများကို ဆွေးနွေးလျက်ရှိပြီး ဥပဒေတစ်ခုအနေဖြင့် စည်းမျဉ်း စည်းကမ်းများ မသတ်မှတ်နိုင်သည့် အချိန်ကာလတစ်ခုအတွင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ညှိနှိုင်း လုပ်ကိုင်ဆောင် ရွက်နေကြခြင်း ဖြစ်သည်။

“အချက်အလက် တောင်းယူဖို့အတွက် တရားရုံးအမိန့်စာ ပါရမယ်လို့လည်း ရှိတယ်။ မရှင်းတာက ဘယ်တရားရုံးလဲ ဆိုတာပါပဲ” ဟု Mr. Petter Furberg က ဆိုသည်။

အချက်အလက်များ ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ လူအခွင့်အရေးကို ထိခိုက်စေနိုင်သည်ဟုလည်း သုံးသပ် သူများ ရှိနေခဲ့သည်။ အစိုးရအတွက် အချက်အလက်များ ထုတ်ပေးခဲ့ခြင်းနှင့် ပတ်သက်၍ ဆက်သွယ်ရေး အော်ပရေတာများအနက် Telenor က ပထမဦးဆုံးအကြိမ် ပြောဆိုခဲ့ခြင်းဖြစ်ပြီး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အပါအဝင် အခြားသော ဆက်သွယ်ရေး အော်ပရေတာက ယခုကဲ့သို့ ပြောဆို ခဲ့ခြင်းမရှိပေ။

Internet Journal

No comments:

Post a Comment