Tuesday, May 26, 2015

♪ မည်သည့် မျက်နှာပြင်၌မဆို အသုံးပြုနိုင်သည့် Phree စမတ်ဘောပင် ♫


လေဆာဖြင့် လမ်းညွှန်သည့် စနစ်ပါဝင်သည့် Phree စမတ်ဘောပင်သည် မည်သည့် မျက်နှာပြင်တွင်မဆို ပုံများရေးဆွဲခြင်း သို့မဟုတ် မှတ်စုမှတ်ခြင်းတို့ ပြုလုပ်နိုင်ကြောင်း ရန်ပုံငွေရှာဖွေသော Kickstarter ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် Phree စမတ်ဘောပင်သည် Kickstarter ဝက်ဘ်ဆိုက်တွင် ကန်ဒေါ်လာ ၁၀၀,၀၀၀ အထိ ငွေကြေးရရှိစေရန် ကြိုးပမ်းလျက်ရှိသည်။ ၎င်းစမတ် ဘောပင်သည် မည်သည့် မျက်နှာပြင်ပေါ်တွင်မဆို အသုံးပြုနိုင်သောကြောင့် စမတ်ဖုန်း သို့မဟုတ် tablet ပေါ်၌ ပုံများရေးဆွဲခြင်း သို့မဟုတ် မှတ်စုများ သိမ်းဆည်းနိုင်သည်။ Phree စမတ် ဘောပင်အား အစ္စရေးနိုင်ငံ အခြေစိုက် OTM Technologies ကုမ္ပဏီက 3D လေဆာနည်းပညာ အသုံးပြု၍ ဖန်တီးခဲ့ခြင်းဖြစ်သည်။  အဆိုပါ stylus သည် လေဆာဖြင့် ကြားဖြတ်ဝင်ရောက် ခြေရာခံကာ မျက်နှာပြင် တစ်ခုပေါ်တွင်ေ နရာချနိုင်ပြီး ချိတ်ဆက်ထားသည့် ထုတ်ကုန်တွင် ပုံရေးဆွဲမှုများ ပြုလုပ်နိုင်သည်။

Phree ကိုစမတ်တီဗွီ တချို့အပြင် laptop များဖြင့်လည်း တွဲဖက်အသုံးပြု နိုင်သလို Bluetooth မှတစ်ဆင့် စမတ်ဖုန်း သို့မဟုတ် tablet များဖြင့် ချိတ်ဆက်နိုင်သည်။ ထို့အပြင် Phree သည် Microsoft ၏ OneNote, EverNote နှင့် Adobe Systems’ Acrobat ကဲ့သို့ ပရိုဂရမ် အမျိုးမျိုးဖြင့်လည်း ချိတ်ဆက်အသုံးပြု နိုင်ကြောင်း OTM Technologies ကုမ္ပဏီက ပြောဆိုခဲ့သည်။

အဆိုပါ စမတ်ဘောပင်တွင် ခလုတ်များနှင့် OLED touch dis-play ပါဝင်သည့်အပြင် ဖုန်းခေါ်ဆိုမှုများ လက်ခံနိုင်သည့်  handset နှင့် message များကို ဖတ်ရှုနိုင်သော မျက်နှာပြင် အသေးတစ်ခုလည်း ပါဝင်လာသည်။ Phree ၏ Kickstarter အစီအစဉ်သည် မျှော်မှန်းထားသည့် ရည်မှန်းချက် ဝင်ငွေသုံးဆ ရရှိခဲ့ပြီး ကန်ဒေါ်လာ ၃၂၃,၀၀၀ ရရှိခဲ့သည်။   

Ref : CNET

No comments:

Post a Comment