Wednesday, May 27, 2015

♪ Android Phone ကို လက်တစ်ဖက်တည်းနဲ့ အသုံးပြုလို့ရစေမယ့် One-Handed Mode ♫

11
Android Phone ထုတ်လုပ်သူတွေဟာ မျက်နှာပြင်ကြီး ဖုန်းများကို အပြိုင်အဆိုင် ထုတ်လုပ်နေကြပါတယ်။ မျက်နှာပြင်ကြီးဖုန်းတွေကို လူတွေ အကြိုက်တွေ့နေကြတယ်လို့ စစ်တမ်းတွေကလည်း ဖော်ပြနေကြပါ တယ်။ မျက်နှာပြင်ကြီးဖုန်းတွေဟာ အင်တာနက် အသုံးပြုဖို့၊ စာဖတ်ဖို့ အလွန်ကောင်းမွန်ပါတယ်။ ဒါပေမယ့် လက်တစ်ဖက်တည်းနဲ့ အသုံးပြုချင်တဲ့ အခြေအနေမှာတော့ အခက်တွေ့စေပါတယ်။ အဲဒီ ပြသာနာ ကို ဖြေရှင်းဖို့အတွက် One-Handed Mode ဆိုတဲ့ App ကို တီထွင်ပေးထားပါတယ်။

One-Handed Mode ဟာ Xposed Framework ရဲ့ Module တစ်ခုဖြစ်တဲ့အတွက် သင့်ဖုန်းမှာ Xposed Framework ကို အောက်ပါ လင့်မှာ အင်စတောလုပ်ပါ။ ( Xposed Framework ကို အင်စတောလုပ်ဖို့ သင့်ဖုန်းဟာ Root လုပ်ထားဖို့ လိုပါတယ်။ )

http://goo.gl/0JS8ou

Xposed Framework ကို အင်စတောလုပ်ပြီးရင် ဖွင့်ပါ။ Download ထဲသွားပါ။

1

Search Icon ကို နှိပ်ပြီး “ One-Handed Mode for all devices” လို့ ရိုက်ရှာပါ။ ရှာတွေ့ရင် တစ်ချက်နှိပ်ပါ။

2

Versions Tab ထဲသွားပါ။

3

အဲဒီမှာ ဗားရှင်းများစွာကို တွေ့နိုင်ပါတယ်။ နောက်ဆုံး ဗားရှင်းကို ဒေါင်းလုပ်လုပ်ပါ။

4

Module ကို ဒေါင်းလုပ်လုပ်ပြီးရင် ညွှန်ကြားချက်အတိုင်း အင်စတောလုပ်ပါ။ Module ကို အသုံးမပြုခင်မှာ Activate လုပ်ရမှာပါ။ ဒီလိုလုပ်ဖို့ Xposed Installer or Xposed Framework ကို ဖွင့်ပါ။ Modules ထဲသွားပါ။

5

OneHand Mode မှာ အမှန်ခြစ်ပေးပြီး Activate လုပ်ပါ။

6

ဖုန်းကို Reboot လုပ်ဖို့ Xposed Installer ရဲ့ Main Screen ကို ပြန်သွားပါ။ Framework ကို နှိပ်ပါ။

7

Reboot ကို နှိပ်ပါ။

8

Reboot လုပ်ပြီးရင် App Drawer မှ OneHand Mode App ကိုဖွင့်ပါ။ “ Settings for Apps “ ထဲသွားပါ။

9

အဲဒီမှာ Margins များအတွက် Values များကို သတ်မှတ်နိုင်ပါတယ်။ ဘယ်လို Margins မျိုးကို အသုံးပြုရမလဲ မသိရင် အဆင်သင့် သတ်မှတ်ထားတာတွေကို သုံးနိုင်ပါတယ်။ ဥပမာအားဖြင့် ဖုန်းကို ညာဘက်နဲ့ အသုံးပြုမယ့်လူတွေအတွက် Margin Box အောက်ခြေမှ Drop-Down Menu ကိုနှိပ်ပြီး Bottom Right ကို ရွေးပေးပါ။ Apply ကို နှိပ်ပါ။ ဒါဆိုရင် သင့်ဖုန်းမှ Apps များကို ညာဘက်အောက်ခြေမှာ ပြသပေးမှာ ဖြစ်ပြီး ညာဘက်လက်တစ်ဖက်တည်းနဲ့ အသုံးပြုလို့ အဆင်ပြေပါပြီ။

10
လက်ရှိ အသုံးပြုနေတဲ့ OneHand Mode App ကိုလည်း ညာဘက်အောက်ခြေမှာ ပြသပေး တာကိုတွေ့မြင်နိုင်ပါတယ်။


11

OneHand Mode ကို အသုံးမပြုချင်တဲ့ အချိန်မှာ Xposed Installer App မှ Modules ကဏ္ဍထဲမှာ Disable လုပ်နိုင်ပါတယ်။ Xposed Installer App မှာ ဖုန်းကို Configure လုပ်နိုင်တဲ့ Moduels များစွာ ပါရှိတဲ့အတွက် ဖုန်းတိုင်းမှာ ဆောင်ထားသင့်တဲ့ App တစ်ခုဖြစ်ပါတယ်။

Myanmar Digital Life Journal

No comments:

Post a Comment