Friday, February 13, 2015

Telenor ဖုန်းလိုင်းအသုံးပြုသူ ၃.၅ သန်းရှိ


 
၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်မှစတင်၍ မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းလိုင်းများ စတင်ရောင်းချပေးခဲ့သည့် Telenor Myanmar သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ၌ အသုံးပြု ၃.၅ သန်းကို ပိုင်ဆိုင်ခဲ့သည်ဟု Telenor Myanmar မှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
 
သုံးလကျော်ကာလအတွင်း မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူ ၃ သန်းကျော်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ကြောင်း Telenor အနေဖြင့် သတင်းထုတ်ပြန်ခဲ့သော်လည်း ၎င်း၏ အဓိကပြိုင်ဘက် ဆက်သွယ်ရေး အော်ပရေတာဖြစ်သူ Ooredoo က ယနေ့အချိန်အထိ ၎င်းတို့၏ အသုံးပြုသူအရေအတွက်ကို ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိပေ။
အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်အရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၁၄ ခုနှစ် စက်တင်ဘာလ၌ အသုံးပြုသူ ၁၁.၆ သန်းကို ပိုင်ဆိုင်ထားသည်။ Ooredoo Myanmar အနေဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ၌ အသုံးပြုသူ ၁.၆ သန်းကို ပိုင်ဆိုင်ထားသည်ဟု သိရသည်။
Telenor Myanmar မှ ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ ၎င်းတို့သည် ဈေးကွက်အတွင်း ဆင်းမ်ကတ် အရေအတွက် ၄.၅ သန်းကို လက်ရှိအချိန်၌ ဖြန့်ချိထားပြီးဖြစ်ကြောင်း၊ Telenor ၏ ပေးအပ် ထားသော ကတိအရ တစ်လလျှင် ဆင်းမ်ကတ်အရေအတွက် ၁.၅ သန်းကိုလည်း လစဉ်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Telenor ၏ သတင်းထုတ်ပြန်ချက်အရ ၎င်းတို့၏ အသုံးပြုသူ အရေအတွက်သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ အထိ ၃.၅ သန်းပိုင်ဆိုင်ထားသည်ဟု သိရသော်လည်း ပြည်ပအွန်လိုင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ Telenor Myanmar ၏ မိုဘိုင်းဖုန်း အသုံးပြုသူအရေအတွက်သည် လက်ရှိအချိန်၌ ၃.၄၀၆ သန်းရှိသည်ဟု သိရသည်။
လက်ရှိအချိန်၌ Telenor သည် မြို့နယ်ပေါင်း ၁၂၆ မြို့နယ်ကို ကွန်ရက်လွှမ်းခြုံထားကြောင်း ခန့်မှန်းချက်များအရ ယခုကာလ ကုန်ဆုံးသည့်အခါ နိုင်ငံအတွင်းရှိ ၅၀ ရာခိုင်နှုန်းသော မြို့နယ်များကို ကွန်ရက်လွှမ်းခြုံ ထားနိုင်မည်ဟု သိရသည်။
 http://www.internetjournal.media/new/1589

No comments:

Post a Comment