Friday, February 6, 2015

HIV ရောဂါကို စမတ်ဖုန်းဖြင့် စစ်ဆေးစမ်းသပ်နိုင်မည်



မီယာမီ၊ ဖေဖော်ဝါရီ ၅

စမတ်ဖုန်းဖြင့် HIV နှင့်ဆစ် ဖလစ် (Syphilis) ရောဂါများကိုစစ် ဆေးစမ်းသပ်နိုင်သည့် နည်းလမ်းကို အမေရိကန် သုတေသီများက တွေ့ ထားသည်ဟု ဆိုသည်။


စမတ်ဖုန်းနှင့် တွဲဖက်အသုံး ပြုရသည့် ထိုရောဂါစစ်ဆေးစမ်း သပ်သော ပစ္စည်းကိရိယာမှာ တစ် ခါစမ်းသပ်စစ်ဆေးလျှင် အမေရိကန် ဒေါ်လာ ၃၄ ဒေါ်လာမျှသာကုန်ကျ ကြောင်း၊ ယင်းမှာသီးသန့်စံမီရောဂါ စမ်းသပ်စစ်ဆေးသော ပစ္စည်းကိရိ ယာနှင့် တခြားစီဖြစ်ကြောင်း၊ စံမီ ရောဂါစမ်းသပ်ကိရိယာမှာ ရောဂါ တစ်ကြိမ်စမ်းသပ်စစ်ဆေးလျှင် အ မေရိကန်ဒေါ်လာ ၁၈,ဝဝဝ ကုန်ကျ ကြောင်း၊ ထိုပြင်တခြားရောဂါစမ်း သပ်သော ကိရိယာဖြင့်သွေးကို စမ်း သပ်စစ်ဆေးပြီး ရောဂါရှာလျှင်နာရီ ပိုင်းအချိန်ကြာသော်လည်း စမတ်ဖုန်း နှင့် တွဲဖက် အသုံးပြုရသည့် ပစ္စည်း ဖြင့် စမ်းသပ်စစ်ဆေးလျှင် မိနစ်ပိုင်း မျှသာ ကြာကြောင်း ကိုလံဘီယာ တက္ကသိုလ်အင်ဂျင်နီယာများဦးစီး ဆောင်ရွက်သည့် သုတေသနပြုတွေ့ ရှိချက်ကဆိုသည်။


ရောဂါစစ်ဆေးစမ်းသပ်သည့် ပစ္စည်းကိရိယာကို စမတ်ဖုန်း၏ audio jack တွင် ပလပ် (Plug) ထိုး လိုက်သောအခါ အင်ဇိုင်းနှင့် ဆက် စပ်မှုရှိသော immunosorbent assay (ELISA) ကဲ့သို့ ဆောင်ရွက်နိုင်ပြီး ရောဂါစမ်းသပ် စစ်ဆေးမှုကို ကောင်း စွာပြုလုပ်နိုင်သည်ဟု သုတေသီအင် ဂျင်နီယာတို့ကဆိုသည်။


သုတေသီတို့သည် ရဝမ်ဒါနိုင် ငံတွင် အမျိုးသမီး ၉၆ ဦးတို့ကိုရှေ့ ဦးစမ်းသပ်လေ့လာခဲ့ပြီး သူတို့၏လေ့ လာစမ်းသပ်တွေ့ရှိချက်ကို Translational Medicine ဂျာနယ်တွင်ဖော် ပြသည်။


ဤရောဂါစစ်ဆေးစမ်းသပ် သောပစ္စည်းကလေးသည် အသုံးဝင် သော ပစ္စည်း ကလေးဖြစ်မည်ဟု ကျွမ်းကျင်သူများကမျှော်လင့်ထား သည်။ အထူးသဖြင့် ဝေးလံသီခေါင် ရာ ဒေသရှိတာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများအတွက် အထောက်အ ကူဖြစ်စေရန် ထူထောင်ဖွင့်လှစ်ထား သည့် လုပ်ငန်းခွင် ဆေးခန်းများ အတွက် ပို၍အသုံးဝင်မည်ဟု ကျွမ်း ကျင်သူများက မျှော်လင့်ထားသည်။


အဆိုပါ အင်ဂျင်နီယာသုတေ သီမျာအဖွဲ့ကို ဇီဝဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာရင်း တွဲဖက်ပါမောက္ခ ဆမ်မျူယယ်လ်ဆီအ်က ဦးဆောင် သည်။ 


သူတို့သည် သူတို့၏ရောဂါ စစ်ဆေးစမ်းသပ်သော ပစ္စည်းသစ် ကို ဆေးရုံများတွင် ပို၍ကျယ်ကျယ် ပြန့်ပြန့် လက်တွေ့စမ်းသပ်ရန် ရည် ရွယ်ထားကြောင်း သိရသည်။


immunoassay သည် စမတ် ဖုန်းနှင့် တွဲဖက်အသုံးပြုရာတွင် ကောင်းစွာ အလုပ်လုပ်နိုင်မည်ဖြစ် ကြောင်း၊ ယင်းမှာ ဓာတ်ခွဲခန်းအရည် အသွေးအပြည့် ရှိသူက ပြမည်ဖြစ် ကြောင်း ဆမ်မျူယယ်လ်ဆီအ်ကဆို သည်။

 

No comments:

Post a Comment