Thursday, February 26, 2015

Android ဖုန်း tablet အားလုံးမှာ ဖုန်း၊ tablet မှ တိုက်ရိုက်


Android ဖုန်းအားလုံးမှာ ဖုန်းမှ တိုက်ရိုက် ဗားရှင်းမြှင့်တင်နည်းနဲ့ ကွန်ပျူ တာမှ တင်နည်းများ
မင်္ဂလာပါ
Android ချစ်ပရိတ်သတ်ကြီးများအတွက် အထူးရည်ရွယ်ပြီး
ဒီပိုစ့်လေးကို တင်ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျား

ခေါင်းစဉ်လေးမြင်တာနဲ့ ဘာဆိုတာကို သဘောပေါက်မှာပါ
သိပြီးသား ညီအကိုတွေကတော့ ကျော်သွားလိုက်ကြပါ
လေ့လာခါစညီအကိုတွေနဲ့ စနစ်ဟောင်းကို တွန်းလှန်ပြီး စနစ်သစ်
စတိုင်အသစ်လေးနဲ့ လန်းချင်သူများကတော့ လုံးဝသိထားရမယ့်
Android Device ဆိုင်ရာ နည်းလမ်းကောင်းလေးဖြစ်ပါတယ်။

ဘာကြောင့်ဗားရှင်းမြင့်ရသလဲလို့ ဆိုတော့ အသစ် အသစ်ထွက်ရှိလာတဲ့
Android Operating System တွေရဲ့ Features အသစ်တွေ၊ function တွေ၊
 performance ပိုမိုကောင်းလာအောင် ဆိုပြီး ဗားရှင်းအဟောင်းကနေ အသစ်ကို
တင်ယူခြင်းဖြစ်ပါတယ်။

ဗားရှင်းအဟောင်းရဲ့ လုပ်ဆောင်ချက်ကတော့ အထူးပြောနေစရာ
မလိုလောက်တော့ဖူးလို့ထင်ပါတယ် အသုံးပြုနေရင်းကနေ ထုပစ်ချင်စိတ်
ပေါက်လောက်အောင် လေးလန်နေပြီး ဘာဆိုဘာမှ ထူးခြားမှု ကောင်းမွန်
ထပ်တိုးလာတာမျိုးလည်း မရှိပဲ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာခြင်းကတော့
ဗားရှင်းအဟောင်းပေါ့ဗျာ

ကဲ အလန်းဆုံးဆိုတဲ့ နောက်ဆုံးထွက် ဗားရှင်းတွေရဲ့ Features အသစ်တွေ၊
 function တွေ၊ performance ကောင်းကောင်းနဲ့ အသုံးပြုချင်တယ်ဆိုရင်တော့
Android ဖုန်း tablet အားလုံးမှာ ဖုန်း၊ tablet မှ တိုက်ရိုက် ဗားရှင်းမြှင့်တင်နည်းနဲ့
ကွန်ပျူ တာမှ တင်နည်းများကို အောက်မှာ လေ့လာကြည့်လိုက်ပါ။

Android Version 2.3 မှ 4.3 အထိဖုန်းရှင်းအနိမ့်
ဖုန်းတွေအတွက် နောက်ဆုံးဗားရှင်းမြှင်တင်နည်း
===========================
၁။ ပထမဆုံး Wifi အင်တာနက်ကို ဖုန်းမှာ ချိတ်ဆက်ပါ

၂။ ပထမဆုံး ဖုန်းရဲ့ Setting ဆိုကိုနှိပ်ပါ
၃။ Setting ထဲမှာ Privacy setting ဆိုတာကိုတစ်ချက်နှိပ်ပါ။

၎။ ပေါ်လာတဲ့ Privacy setting တွေရဲ့အောက်မှ
 Back up my data ဆိုတာကို အမှန်ခြစ်ပေးထားလိုက်ပါ။
၅။ About Phone ဆိုတာကထပ်နှိပ်ပါ
၆။ Software ဆိုတာကို ထပ်နှိပ်လိုက်ပါ
၇။ Update ဆိုတာကိုနှိပ်ပါ
၈။ Update ဆိုတာကို နှိပ်လိုက်တဲ့အခါ အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်
ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့ Scheduled software updates နေရာမှာ
 အမှန်ခြစ်ပေးပြီး Install ဆိုတာကိုသာနှိပ်ပေးလိုက်ပါ။
၉။ တကယ်လို့ အောက်ကပုံအတိုင်းပြနေရဲ့ရင်တော့ သင့်ဖုန်းအတွက် လက်ရှိနေတဲ့ ဗားရှင်းသည် နောက်ဆုံး ဗားရှင်းဖြစ်နေတာပါ၊ အဲဒီလိုသာ ပြနေခဲ့ရင်တော့ ရှိတာလေးနဲ့ ရောင့်ရဲနေလိုက်ပါ၊ သင့်ဖုန်းအတွက် ထုပ်လုပ်သူနဲ့ ၀မ်ဆောင်မှုကို
 ပေးသူတို့ရဲ့အပေါ်မှာသာမူတည် ဖြစ်လို့ ဒီနေ့ တွပ်ပီ ကံမကောင်း ဘူးလို့ပဲ မှတ်လိုက်ပါ။
၁၀။ဖုန်း Tablet ကနေ တိုက်ရိုက် လုပ်ယူတာဖြစ်လို့
Internet Connection အခြေအနေအရ အနည်းအမြန်ကတော့ရှိမှာပါ။
အားလုံးအဆင်ပြေရင်တော့ ဖုန်းက Reboot ကျပြီးပြန်တက်လာတဲ့အခါ
မိမိဖုန်းအတွက် သတ်မှတ်ပေးထားတဲ့ Official ရဲ့ နောက်ဆုံးဗားရှင်းကို
သင်ပိုင်ဆိုင်နိုင်ပါပြီ။

(မှတ်ချက်=အထက်ပါနည်းလမ်းသည် Samsung ဖုန်းကို
အခြေခံပြီး ရှင်းပြထားခြင်းသာဖြစ်ပါတယ် တစ်ခြားသော ဖုန်းတွေရဲ့
System တွေနဲ့ ကွဲပြားခြားနေရင်လည်း ဒီနည်းအတိုင်းထပ်တူဆိုတာကို
မှတ်ယူစေချင်ပါတယ်)

4.3 အထက် ဖုန်းများမှ 4.4.2 အထက် ဗားရှင်းသို့ မြှင်တင်နည်း
 ========================
 ၁။ နည်းလမ်းကတော့ အပေါ်က အတိုင်းဖြစ်သည့်
အတွက် ပုံတွေကိုမပြပေးတော့ပါ၊ စာပဲ ရေးလိုက်ပါတယ်။
ကျနော်မှာ Note 2 ဖုန်းကို ၀ယ်တုန်းက ဗားရှင်း 4.3 ကြီးပါ
မကြို က်တော့တာနဲ့ Official ကလည်း 4.4.2 ဗားရှင်းကို
ပေးနေတော့ အထက်ပါနည်းလမ်းအတိုင်းပဲ မြှင်တင်ထားတာပါ။

၂။ ဗားရှင်းမြှင့်ဖို့ရန်အတွက်  Settings > More >
 About Device > Software Updates > Update ကိုနှိပ်ပေးလိုက်ပါ။
မိမိဖုန်းအတွက် Official က သက်ဆိုင်ရာနောက်ဆုံးဗားရှင်းကို
ထုပ်ပေးထားပြီးသားဆိုရင်တော့ တွပ်ပီ ကံကောင်းမှာပေါ့ဗျာ....


Android 4.4.2 Features

  • Android 4.4.2 OS
  • White Status Bar Icons
  • Camera Shortcut on Lock-Screen
  • Wireless Printing
  • Album Art on Lock-Screen during Music Playback
  • NFC tap-to-pay support
  • Options to set default messaging and launcher apps
  • Transparent status bar
  • Better stability
  • Improved Ram usage
  • Smoother Interface Overall
  • Samsung KNOX 2.0
  • Samsung Wallet
  • Emoji for Keyboard
  • Bug Fixes
နောက်ဆုံးထွက် ဗားရှင်းကို ကွန်ပျူ တာမှ တင်နည်း
=======================
ဒီတစ်ခါ ကျနော် ပြန်လည်မျှဝေချင်တာကတော့
ဖုန်းက Android Version တွေကို ကွန်ပျူ တာမှ တင်ယူနည်းလေးပါ
အောက်မှာ လေ့လာကြည့်လိုက်ပါ

၁။ ပထမဆုံး Samsung Kies နောက်ဆုံးဗားရှင်းကို ဒေါင်းလော့ရယူလိုက်ပါ
ပြီးရင် အင်စတောလုပ်နည်းကိုပါ အောက်ကလင့်မှာ ၀င်လေ့လာလိုက်ပါ

Samsung Phone & Tablet တွေအတွက် မရှိမဖြစ်တဲ့ Entertainment ဆော့ဝဲ

 ၂။ Samsung Kes ဆော့ဝဲကို ကွန်ပျူ တာမှာ အင်စတောလုပ်ပြီးရင်တော့
ဖုန်းနဲ့ ကွန်ပျူ တာကို ချိတ်ဆက်လိုက်ပါ။

၃။ ဖုန်းနဲ့ကွန်ပျူ တာချိတ်ဆက်ပြီးလို့ Connected ဖြစ်တဲ့အခါ
အောက်ကပုံအတိုင်းပြနေပါလိမ့်မယ်။ Basic Information ဆိုတာကို
တစ်ချက်နှိပ်လိုက်ပါ။ မြင်နေရတဲ့ပုံအတိုင်းပါပဲ သင့်ဖုန်းအတွက်
New firmware is available ပြနေခဲ့ရင်တော့ သေချာသွားပါပြီ
သင့်အတွက် နောက်ဆုံးဆိုတာကို Update လုပ်ယူနိုင်မှာဖြစ်ပါတယ်။
အထက်ပါပုံအတိုင်းမြင်နေရရင်တော့  ဗားရှင်းမြှင်ရန်အတွက်
ကျနော် အပြာလေးနဲ့ဝိုင်းပြထားတဲ့ Firmware Upgrade button
ဆိုတာကို နှိပ်ပေးလိုက်ပါ။

၎။အောက်ကပုံအတိုင်း ပြနေခဲ့ရင်တော့ terms of the agreement ကို
ပြောနေတာဖြစ်ပါတယ် မြှားနဲ့ ထိုးပြထားတဲ့ I have read all of the above
Information ရဲ့နေရာမှ လေးထောင့်ကွက်လေးကို အမှန်ခြစ်ပေးလိုက်ပါ။
ပြီးရင် Start Upgrade ဆိုတာကို ထပ်နှိပ်ပေးလိုက်ပါ။
Start Upgrade ဆိုတာကိုနှိပ်လိုက်ပြီး ဗားရှင်းစတင်မြှင့်နေတုန်းမှာ
ဖုန်းနဲ့ကွန်ပျူ တာချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြု တ်မိတာမျိုးမလုပ်ပါနဲ့
အချိန်အနည်းငယ်ကြာအောင် စောင်ပေးလိုက်ပါ အားလုံးပြီးတာနဲ့
ဖုန်းက သူ့အလိုလို Reboot ကျသွားပါလိမ့်မယ်၊ ပြန်တက်လာတဲ့အခါမှာတော့
သင့်ဖုန်းလေးမှာ Official ရဲ့ နောက်ဆုံးဗားရှင်းလေးကို ပိုင်ဆိုင်နိုင်ပါပြီ။

Android ဖုန်း tablet အားလုံးမှာ ဖုန်း၊ Tablet အားလုံးကို
Official ရဲ့ နောက်ဆုံးဗားရှင်းကို Odin ကိုအသုံးပြု ပြီး
ဗားရှင်းမြှင့်တင်နည်း
=========================
ဒီတစ်ခါကျနော် ပြန်လည်မျှဝေသွားချင်တာလေးကတော့
Odin ဆော့ဝဲကိုအသုံးပြု ပြီး Official ရဲ့ နောက်ဆုံးဗားရှင်းကို
ဖုန်းနဲ့ Tablet တွေမှာ အလွယ်တကူ Upgrade လုပ်နည်းပဲဖြစ်ပါတယ်။

၁။ ပထမဆုံး Samsung Phone Driver ကို အောက်ကလင့်မှာဒေါင်းလော့
 ရယူလိုက်ပါ၊ ပြီးရင် ကွန်ပျူ တာမှာ အင်စတောလုပ်လိုက်ပါ။

Samsung USB Drivers များကို ဖုန်းအမျိုးအစားအလိုက် စိတ်ကြို က်ရွေးချယ် ဒေါင်းလော့ရယူနိုင်ပါပြီ

၂။ Odin ဆော့ဝဲကို အောက်ကလင့်မှာဒေါင်းလော့ရယူလိုက်ပါ
မိမိဖုန်းအတွက် ကိုက်ညီမှာ Odin ဗားရှင်းကို စိတ်ကြို က်ရွေးပြီးဒေါင်းယူနိုင်ပါတယ်
အကောင်းဆုံးကတော့ နောက်ဆုံးထွက်ထားတဲ့ Odin v3.07 ကိုသာဒေါင်းယူလိုက်ပါ။

ဖုန်းကလစ်သူနဲ့ Service သမားတွေအတွက် Odin ဗားရှင်းအားလုံးကို တစ်နေရာတည်းမှာ ရယူနိုင်ပါပြီ

၃။ Samsung Firmware များကိုတော့ မိမိဖုန်းရဲ့ မော်ဒယ် အလို Official ဆိုက်မှာ
အကောက်အသစ်တစ်ခုဖွင့်ပြီး စိတ်ကြို က်ဒေါင်းလော့ရယူနိုင်မှာဖြစ်ပါတယ်။
အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ။

www.sammobile.com မှာအကောက်တစ်ခု အလွယ်တကူ ဖွင့်ယူပြီး Samsung Official ရဲ့ Firmware အားလုံးကို လိုသလောက်ဒေါင်းလော့ယူနိုင်ပါပြီ

သို့မဟုတ် အောက်ကလင့်အတိုင်း Free download ရယူနည်းကို
အောက်ကလင့်မှာ လေ့လာကြည့်လိုက်ပါ

Samsung latest official firmware တွေကို တနေရာတည်းကနေဒေါင်းလော့ရယူနိုင်ပါပြီ

၂။ ဖုန်းကို ပါဝါပိတ်လိုက်ပါ။ အောက်ကပုံကိုကြည့်ပါ။
၃။ ဖုန်းကို Download Mode ၀င်ပေးရမှာဖြစ်ပါတယ်။
Volume Down Key, Home Button and Power key ကိုတွဲနှိပ်ထားပါ
အနည်းဆုံး 5 to 8 မိနစ်လောက်တွဲနှိပ်ပေးလိုက်ပါ။ အောက်ကဘယ်က
အခြမ်းပုံအတိုင်း Warning ဆိုပြီး ပေါ်လာတဲ့အခါ ဘယ်ဘက်အခြမ်းမှ ပုံအတိုင်းပြနေပါလိမ့်မယ်။
အသံချဲ့ တဲ့ခလုပ်ကို နှိပ်ပေးလိုက်ပါ၊ အဲဒါဆိုရင်တော့ ဖုန်းကို Download Mode  ၀င်ပြီးပါပြီ။
၎။ ဒေါင်းလော့ရယူထားတဲ့ Odin ကို Zip ဖိုင်နဲ့ဆိုရင်တော့ Extract files
ဖြင့်ဖြေလိုက်ပါ၊ ပြီးရင် ဖွင့်လိုက်ပါ။ ဖုန်းနဲ့ကွန်ပျူ တာကိုချိတ်ဆက်လိုက်ပါ။

ဒီနေရာမှာ နည်းနည်းပြောစရာရှိပါတယ်။ ကျနော် အနီရောင်လေးနဲ့
ဝိုင်းပြထားတဲ့ နေရာတွေကို သတိထားစေချင်ပါတယ်။

(က) ဖုန်းကို USB ကြိုးနဲ့ ချိတ်ဆက်လိုက်တဲ့အခါ အပေါ်ဆုံးက
ID: COM နေရာမှာ အပြာရောင်လေးပြနေရပါမယ်။

(ခ) ဒုတိယအနီရောင်လေးအတန်းမှာ ကျနော် အမှန်ခြစ်ပေးထားတာ
တွေပါလိမ့်မယ်၊တကယ်တော့ Odin ကိုဖွင့်လိုက်တာနဲ့ အဲဒီနှစ်နေရာမှာ
အမှန်ခြစ်က Auto ခြစ်ထားပြီးသားဖြစ်နေတာပါ။ တကယ်လို့အမှန်ခြစ်လေး
ရှိမနေခဲ့ရင်တော့ အမှန်ဖြစ်ပေးထားပေးပါ။

(ဂ) တတိယမြောက် အနီရောင်နဲ့ဝိုင်းပြထားတဲ့
Pit စသည်ဖြင့် သူ့အောက်မှာ လေးခုပါဝင်ပါတယ်။

 (ဃ) ဖုန်းရဲ့အမျိုးအစားအလိုက် ဒီနေရာမှာ အနည်းငယ်ကွဲပြားခြားနားကြပါတယ်၊
မိမိဒေါင်းလော့ရယူလာတဲ့ Firmware ထဲမှာ တကယ်လို့
သင့်ဖုန်းအမျိုးအစားအရ လေးခုလုံး လိုအပ်တယ်ဆိုရင်တော့ Official ရဲ့
Firmware မှာတင် တစ်ခါတည်းတန်းပါလာပြီးသားဖြစ်ပါတယ်။

(င) တစ်ခုချင်းစီကို ထည့်ဖို့ရန်အတွက် Pit ဆိုရင် Pit ဆိုတဲ့စာသားကို
 တစ်ချက်နှိပ်လိုက်ပြီးရင်စောနားက ဒေါင်းလော့ရယူထားတဲ့ Firmware ဖိုင်ထဲက
 Pit နာမည်နဲ့ ပါတဲ့ File ကိုရွေးပေးရမှာဖြစ်သလို တစ်ခြား Bootloader, 
PAD, Phone, CSC စသည်ဖြင့် တစ်ခုချင်းစီကို ရွေးထည့်ပေးရမှာဖြစ်ပါတယ်။

(စ) ID: COM နေရာမှာ အပြာလေးပြထာနဲ့ Message ဆိုနေရာမှာ
စာတန်းအနည်းငယ်ပေါ်လာပါလိမ့်မယ်။ အောက်ကပုံကိုအသေအချာ
ကြည့်ပါ၊ အားလုံး အသင့်ဖြစ်ပြီဆိုရင်တော့ Start ဆိုတာကို နှိပ်ပေးလိုက်ပါ။

(ဆ) Start ဆိုတာကိုနှိပ်လိုက်ပြီးတာနဲ့ ဖုန်းနဲ့ကွန်ပျူ တာချိတ်ဆက်ထားတဲ့
USB ကြိုးကို လုံးဝမဖြုတ်မိပါစေနဲ့ ဘာမှထပ်လုပ်စရာမလိုတော့ပါ ဒီအတိုင်း
စောင့်ကြည့်နေလိုက်ရုံပါ။
၅။ အချိန်နည်းငယ်ကြာပြီပါမည်။ ID: COM စာတန်းရဲ့အထက်
bottom နေရာမှာ အစိမ်းရောင်အတန်းလေး စတင်ပြေးနေပါလိမ့်မယ်
အဲဒီအရောင်လေး စတင်ပြီဆိုတာနဲ့ မိမိဖုန်းမှာလည်း Firmware ကို
စတင် install လုပ်နေပါပြီ။ အချိန်အနည်းငယ်စောင့်နေလိုက်ပါ။
အစိမ်းရောင်တန်းလေး ပြီးတဲ့သွားတဲ့အထိ သွားမှာဖြစ်ပါတယ်။

၆။ အစိမ်းရောင်အတန်းလေး ပြည့်ပြီးတာနဲ့ အောက်ကုံအတိုင်း
Odin မှာ Pass ဆိုပြီး ပြနေပါလိမ့်မယ်။ Message နေရာမှာလည်း Success ဆိုပြီး
စာသားတွေပြနေပါလိမ့်မယ်။ ဖုန်းမှာလည်း Firmware ကို install လုပ်ပြီးလို့
Reboot ကျသွားပါလိမ့်မယ်။ ဖုန်း ပါဝါပွင့်ပြီးတက်လာတဲ့အခါမှ Odin မှ Exit ဆိုတာကို
နှိပ်လိုက်ပြီး ဖုန်းနဲ့ ကွန်ပျူ တာချိတ်ဆက်ထားတဲ့ USB ကြိုးကို အားရပါးရသာ
ဖြု တ်လိုက်ပါတော့ဗျာ...

အထက်ပါ Odin ကိုအသုံးပြု ပြီး Firmware တင်နည်းသည်
စိတ်ချရပါသည်။ လေ့လာခါစညီအကိုတွေကို ကျနော်အထူးမှာချင်တာကတော့
ဒီလိုမျိုးစတင်ကလစ်တာကို စတင်တောမယ်ဆိုရင် ကြောက်ကြောက်နဲ့
မလုပ်စေချင်ပါ၊ တကယ်တော့အချက်ကြီးမဟုတ်ပါ၊ လုပ်ပါပေါင်းများလာရင်
အဆင်ပြေလာပါလိမ့်မယ်။ ဒီနည်းနဲ့ တင်ယူမယ်ဆိုရင်တော့ မိမိဖုန်းကို
Official ကချပေးတဲ့ နောက်ဆုံးဆိုတဲ့ Firmware တွေကို စိတ်ကြိုက်
install လုပ်ယူနိုင်မှာ ဖြစ်ပါကြောင်းခင်ဗျား....

အားလုံးပဲ AOS Device တွင်ပျော်၍ တော်နိုင်ကြပါစေဟု
ဆန္ဒများနဲ့

နည်းပညာချစ်သူ ပရိတ်သတ်ကြီးများအတွက်
ကျနော် ကြိုးစားနေပါဦးမယ်

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

No comments:

Post a Comment