Thursday, February 26, 2015

AVS Video Converter 9.0 ( မြန်မာစာတန်းထိုး ရုပ်ရှင် တွဲနည်းပါ video ဖိုင်နှင့်တင်ပေးလိုက်ပါတယ်)


AVS Video Converter 9.0 
( မြန်မာစာတန်းထိုး ရုပ်ရှင် တွဲနည်းပါ video ဖိုင်နှင့်တင်ပေးလိုက်ပါတယ်)
အခုကျနော်တင်ပေးမယ့် AVS Video Converter ကိုတော့ 
တော်တော်များများ သုံးဖူးကြမှာမှာ ကျနော်ကတော့ အရင်က သိပ်တော့မကြိုက်လှပါဘူး။ 
ဒါပေမယ့် ဒီ AVS Video Converter ကို သုံးပြီး မြန်မာစာတန်းထိုးရုပ်ရှင်
အဖြစ် ရုပ်ရှင်တွေကို movie နဲ့ srt ကို တွဲတဲ့အခါမှာတော့ အခြားဟာတွေနဲ့မတူအောင်
မူရင်း ရုပ်ရှင်ရဲ့ အသံနှင့် ရုပ်ထွက်ကိုပါ မထိခိုက်ပဲ မူလအတိုင်း ကြည်လင်ပြတ်သားတဲ့
ရုပ်ရှင်တွေကို ဖန်တီးနိုင်တာမို့ အခုနောက်ပိုင်း ရုပ်ရှင်တော်တော်များများကို
ဒီ AVS Video Converter နဲ့ပဲ တွဲဖြစ်တာများပါတယ်..
srt ဖိုင်တွေကို ဒေါင်းချင်တဲ့ သူတွေကတော့ ဒီလင့် မှာ
 ကြည့် ချင်တဲ့ ရှပ်ရှင်ကို ရိုက်ရှာပြီး ကိုယ်လိုချင်တဲ့ ဘာသာ နဲ့ရွေးပြီးဒေါင်းယူနိုင်ပါတယ်
ကျနော် software တော်တော်များများကို သုံးကြည့်ဖူးပါတယ်..
အများစုက သူထက်မြန်ချင် မြန်မယ် စာလုံးတွေ ပိုလှချင် လှမယ်
ဒါပေမယ့် ရုပ်သံ ကြည့်လင်မှုမှာတော့ သူ့ကိုမမှီတာများပါတယ်..
အရင် က ကျနော်တင်တဲ့ ရုပ်ရှင်တော်တော်များများကို အသံတိုးတယ်လို့ 
ပြောကြပါတယ် ဒါပေမယ့် ဒီကောင်လေးနဲ့ တွဲတဲ့ ရုပ်ရှင်တွေမှာတော့
အဲဒီပြသနာတွေမရှိတော့ပါဘူး တခုရှိတာက သူက ရုပ်ရှင်အရည်အသွေးကို မူတည်ပြီး
ကြာတတ်ပါတယ်.. ကျနော်တင်တဲ့ ရုပ်ရှင်တွေကို 1200 x 720 နဲ့ ပဲတွဲတာမို့
ရုပ်ရှင်တကားကို ၃ နာရီလောက်ကြာအောင် တွဲရပါတယ်..
စိတ်မရှည် တတ်တဲ့ သူတွေဆိုရင်တော့ ကြိုက်မှာ မဟုတ်လောက်ဘူး..
ဘာပဲဖြစ်ဖြစ် မေးကြလွန်းလို့ video ဖိုင်လေးနဲ့ တင်ပေးလိုက်ပါတယ်..
အရင်ဆုံး AVS Video Converter 9.0. ကို အရင်ဆုံး ဒေါင်းယူပြီး 
စက်ထဲမှာပုံမှန်အတိုင်း install လုပ်ပါ ပြီးရင် full version အဖြစ်သုံးနိုင်ဖို့အတွက်
crack ဖိုင်လေးကို ဖွင့်လိုက်ရင် အောက်က အတိုင်းပေါ်လာပါမယ်..
 အဲဒီမှာ Next ကိုကလစ်ပါ နောက်တဆင့်ကတော့ အောက်ပုံကိုကြည့်ပါ..

အဲဒီမှာလည်း Next ကိုပဲ ကလစ်လိုက်ရင် ရပါပြီ..
နောက်တဆင့် Exit နဲ့ ထွက်လိုက်ယုံပါပဲ..
ဒီလောက်ဆိုရင် အဆင်ပြေမယ် မျှော်လင့်ပါတယ်..
အောက်က အဆင်ပြေမယ့် လင့်ကနေ ဒေါင်းယူနိုင်ပါတယ်..
http://www14.zippyshare.com/v/1925116/file.html
အောက်မှာ  မြန်မာစာတန်းထိုး ရုပ်ရှင် တွဲနည်းပါ video ဖိုင်နှင့်တင်ပေးလိုက်ပါတယ်
အဆင်ပြေပါစေ..



အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

No comments:

Post a Comment