Saturday, February 7, 2015

၂၀၁၅ နှစ်ဆန်း အတွက် အကောင်းဆုံး ဝဘ်ဆိုဒ် ၁၀ ခု လမ်းညွန်



မြန်မာဘာသာဖြင့် ရေးသား ဖော်ပြတဲ့ ဝဘ်ဆိုဒ်တွေ များလာပြီ ဖြစ်တာကြောင့် အင်တာနက် အသုံးပြုသူများ အတွက် အကျိုးရှိတာတွေ များစွာ ရှိနေပါပြီ။ ဒါကြောင့်မို့ လူတိုင်းပဲ ကြည့်လို့ ရနိုင်အောင် အကျိုးရှိရာ ဝဘ်ဆိုဒ်များကို မျှဝေ ပါရစေ။ ယခု ဖော်ပြမှုဟာ စာရေးသူရဲ့ ကြိုက်နှစ်သက်မှု အပေါ်မှာသာ မှီတည်ပြီး ရေးသားဖော်ပြခြင်းသာ ဖြစ်ကြောင်း ဦးစွာ ပြောလို ပါတယ်။

သတင်းဖတ်မယ်ဆိုရင်

သတင်းဖတ်မယ် ဆိုရင် www.irrawaddy.org/  မှာ ဖတ်ရလေ့ ရှိပါတယ်။ သူ့မှာ Irrawaddy Blog ဆိုတာပါ တွဲထားတော့ ခပ်ပေါ့ပေါ့ ပါးပါး သတင်းများကိုလည်း တွဲလျက် ဖတ်ရှု နိုင်ခြင်း ကြောင့် ဖြစ်ပါတယ်။ လောလောဆယ် မြန်မာပြည်မှာ လူကြည့်အများဆုံး သတင်း ဝဘ်ဆိုဒ်ထဲမှာ သူဟာ ထိပ်တန်း ပါဝင်နေပါတယ်။

နည်းပညာ အကြောင်း ဖတ်မယ်ဆိုရင်

နည်းပညာ အကြောင်း ဖတ်မယ် ဆိုရင် www.myanmarmobileapp.com ကို အားလုံး သတိရ မိကြပါတယ်။ သူက မိုဘိုင်းဖုန်းကို အဓိက ဦးစားပေး ဖော်ပြခြင်း ဖြစ်ပေမယ့် တစ်ခါတစ်ရံတော့လည်း computer များအတွက် သတင်းများ၊ နည်းလမ်းများလည်း ပါဝင်ပါတယ်။ သူဟာ လက်ရှိ မြန်မာပြည်မှာ လူကြည့်အများဆုံး ဝဘ်ဆိုဒ်များ စာရင်းထဲ ပါဝင်နေပြီး နေ့စဉ် ကြုံတွေ့ နေရတဲ့ နည်းပညာ အခက်အခဲများကို ဖြေရှင်းဖို့အတွက် သူ့ကို အားကိုး နိုင်ပါတယ်။

ဗဟုသုတ ရှာမှီးမယ် ဆိုရင်

ဗဟုသုတ ဆိုင်ရာ အကြောင်းအရာ များကို ရှာဖတ်လိုသူများအတွက် ဘယ်ဟာကို ညွန်းရမလဲဆို ရိုးရာလေး (www.yoyarlay.com) ကိုပဲ ညွန်းရပါလိမ့်မယ်။ Facebook အသုံးပြုသူ အတော်များများ စောင့်ဖတ် လေ့လာ ကြတဲ့ သတင်းစာမျက်နှာ ဖြစ်ပြီး သူကတော့ ထူးဆန်းထွေလာ၊ ဗဟုသုတနဲ့ ရသ စာပေကို ဦးစားပေးပါတယ်။ သူဟာ နိုင်ငံရေး မဖက်ပဲ၊ ဘာသာရေး ထိခိုက်မှု မရှိပဲ ဖော်ပြ တာကြောင့် ပညာရရန် သီးသန့် စာမျက်နှာ တစ်ခုအဖြစ် မှတ်ယူကြ ပါတယ်။

အလုပ်အကိုင် ရှာဖွေရန်

အလုပ်အကိုင် ရှာဖွေ လိုသူများအတွက် ကတော့ www.work.com.mm ကို ညွန်းလို ပါတယ်။ သူဟာ မြန်မာပြည်မှာ အလုပ်ရှာရန် လူသုံး အများဆုံး နံပါတ် တစ် ဝဘ်ဆိုဒ် အဖြစ် ရပ်တည် နေပါတယ်။ အလုပ်အမျိုးအစား ပေါင်းစုံ၊ အဆင့် ပေါင်းစုံ ရှိပြီး cv တင်ထားရင် အလုပ် အင်တာဗျူး ရနိုင်ချေ ၉၀ ရာခိုင်နှုန်း ရှိတာကြောင့် လူသုံး များရခြင်း ဖြစ်ပါတယ်။ မြန်မာဘာသာနဲ့လည်း ဖော်ပြထားပါတယ်။ မြန်မာ နိုင်ငံအတွက် ဖန်တီးထားတဲ့ ဝဘ်ဆိုဒ်မို့လို့ ဖြစ်ပါတယ်။

ကား ရှာဖွေရန်

ကားရှာဖွေရန် အတွက် ဆိုရင် www.myanmarcarsdb.com ကို အသုံးပြုလျက် ရှိကြ ပါတယ်။ သူ့မှာ ကား စာရင်းပေါင်း သောင်းချီ ရှိနေပြီး လက်ရှိ မြန်မာပြည်မှာ နံပါတ် ၁ ကား ရှာဖွေရန် ဈေးကွက် ဝဘ်ဆိုဒ် တစ်ခုအဖြစ် အသိအမှတ် ပြုထားကြ ပါတ်။

အိမ် ရှာဖွေရန်

အိမ်ရှာဖွေရန် အတွက် ကတော့ www.imyanmarhouse.com ကို ညွန်းလိုပါတယ်။ သူက အိမ် ရှာရန်အတွက် သက်သက်တင် မဟုတ်တော့ပဲ အိမ်ခြံမြေ ဆိုင်ရာ သတင်း အချက်အလက်များ၊ ဗီဒီယိုများ၊ အင်တာဗျူးများနဲ့ စည်စည်ကားကား ဖော်ပြထားတာကြောင့် မြန်မာပြည်ရဲ့ အိမ်ခြံမြေ ဈေးကွက် သတင်းအချက်အလက် အကြောင်းအရာ များကို တစ်နေရာတည်းမှာ စုစုစည်းစည်း လေ့လာ နိုင်မယ့် ဝဘ်ဆိုဒ် တစ်ခု ဖြစ်ပါတယ်။

တရားတော်များ ရှာဖွေရန်

အွန်လိုင်းပေါ်ကနေ ဗုဒ္ဓဘာသာ အသိစာပေ နဲ့ တရားတော်များကို လေ့လာချင်သူများအတွက် ဆိုရင် www.dhammadownload.com ကို ညွန်းပါရစေ။ တရားတော်များကို ကုသိုလ်ဖြစ် အခမဲ့ ဖြန့်ဝေ ပေးနေတဲ့ ဝဘ်ဆိုဒ် ဖြစ်ပြီး နိုင်ငံရပ်ခြားမှာ နေထိုင်သူများ ပိုလို့ အသုံးပြုတာ များပါတယ်။

အွန်လိုင်း ဈေးဝယ်ချင်ရင်

အွန်လိုင်း ဈေးဝယ်ချင်သူများအတွက် www.zawgyimart.com ကို ညွန်းလိုပါတယ်။ သူဟာ လက်ရှိမှာ မြန်မာပြည်တွင် လူသုံးအများဆုံး အွန်လိုင်း ဈေးဝယ် ဝဘ်ဆိုဒ် တစ်ခုအဖြစ် ရပ်တည်နေပြီး လူအများစု အနေနဲ့ မိုဘိုင်းဖုန်း နဲ့ အပိုပစ္စည်းများ၊ စာအုပ်များကို အမှာများလက် ရှိကြောင်း သိရ ပါတယ်။

အွန်လိုင်းကနေ စာအုပ်လိုချင်ရင်

အွန်လိုင်းကနေ စာအုပ်လိုချင်ရင် www.myanmarebooks.net/ ကို ညွန်းလိုပါတယ်။ သူ့ဆီမှာ အီလက်ထရောနစ် ဗားရှင်း ပြောင်းထားတဲ့ စာအုပ်များစွာ ရှိပြီး အခမဲ့ ယူနိုင်ပါတယ်။

အနုပညာ သတင်း များ သိလိုလျှင်

အနုပညာ သတင်း သိလိုသများကိုတော့ www.myanmarcelebrity.com/ ကို ညွန်းလိုပါတယ်။ သူက မြန်မာပြည်က အနုပညာရှင်များရဲ့ သတင်းများ ဓာတ်ပုံများ၊ ဗီဒိယိုများကို ဖော်ပြတဲ့ Blog တစ်ခု ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် ပိုမို ရေးသားပါတယ်။ ဒါပေမယ့် မြန်မာတွေလည်း ဖတ်ရ နားလည်လွယ်တဲ့ အရေးအသားမျိုးတွေပါ။ မြန်မာလိုကော၊ အင်္ဂလိပ်လိုကော အဆင်ပြေရင် ပြေသလို ရေးသား ပြီး တင်ပေးနေကြပါတယ်။ အဓိကကတော့ အမျိုးသား များ ပိုမို ဝင်လေ့လာတဲ့ ဝဘ်ဆိုဒ် တစ်ခု ဖြစ်ပါတယ်။

No comments:

Post a Comment