Friday, February 13, 2015

Android ကို Root လုပ်တယ်ဆိုတာဘာလဲ အပိုင်း(၁)


Android ကို Root လုပ်တယ်ဆိုတာဘာလဲ အပိုင်း(၁)
မင်္ဂလာပါ
ဒီနေတော့ Android ကို Root လုပ်တယ်ဆိုတာဘာလဲ ဆိုတဲ့
အမေးကြောင့် ကျနော် ဒီပိုစ့်လေးကို မိမိသိသေလာက်ကို
ပြန်လည်မျှဝေပေးလိုက်ခြစ်ဖြစ်ပါတယ်ခင်ဗျား၊
လော့လာခါစ ညီအကိုတွေ အထောက်အကူပြုစေချင်လို့ပါ။


ဖုန်းတစ်လုံးမှာ Root Device နဲ့ Not Root Device ဆိုပြီးနှစ်မျိုးရှိပါတယ်။ 
ထိုနှစ်ခုတွင် ဘယ်လိုအမျိုးအစားက အသုံးပြု ရတာပိုအဆင်ပြေသလဲဆိုတာကို 
စဉ်စားစရာ တစ်ခုဖြစ်လာပါတယ်။နေ့စဉ်နဲ့အမျှ အသစ်တက်လာတဲ့
 ဖုန်းဆော့ဝဲတွေက တကယ်အံ့မခန်းအောင်ပါပဲ၊ 
Communication စတဲ့ Apk လေးတွေကိုတော့ Official & Unofficial တို့က 
တိုက်ရိုက်ဖြစ်စေ၊ တစ်ခြားသူတွေဆီကဖြစ်စေ
အင်စတောလုပ်ရတာ ဘာပြသနာမှ မရှိပေမယ့်၊ ကမ္ဘာကျော်ဇာတ်ကားတွေကို 
ထပ်တူရေးဆွဲထားတဲ့ စပါယ်ရှယ် ဂိမ်းတွေ တစ်ခြား အားကစားဆိုင်ရာ
 ဘောလုံးဂိမ်းတွေ စတဲ့ OBB နဲ့ Data ဖိုင်တွေပါတဲ့ ဂိမ်းတွေကို 
ဖုန်းမှာ အဆင်ပြေပြေကစားနိုင်ဖို့ရန်က မိမိဖုန်းမှာ
 Root Access ရှိထားတာက ပိုအဆင်ပြေပါတယ်။ 
ပြီးတော့ ဖုန်းမှာ မိမိပြု လုပ်သမျှကို ဗွီဒီယို Record လုပ်ထား ချင်တယ်ဆိုပါတော့ အခု Official ကထွက်လာတဲ့ Apk အများစုဟာ Record လုပ်ဖို့ရန်အတွက် Root Device ဖုန်းတွေအတွက်ပဲ အဆင်ပြေတာပါ။
အပေါ်မှာ ကျနော် အနည်းငယ်ရှင်းပြလိုက်တာနဲ့ ဘာကြောင့် Root Device က ပိုအဆင်ပြနေသလဲဆိုတာကို ဆက်ကြရအောင်ပါဖုန်းတစ်လုံးကို Root လုပ်တယ်ဆိုတာဘာလဲ မေးစရာဖြစ်လာပါတယ် ဘာကြောင့် Root လုပ်ရတာလဲ၊ Root လုပ်ဖို့ရန် ဘာတွေလိုအပ်သလဲ၊ Root လုပ်ပြီးရရင် ဘာတွေကောင်းကျိုးရလာနိုင်သလဲ၊ ဘယ်ဆော့ဝဲတွေနဲ့ အလွယ်တကူ Root လုပ်ယူနိုင်တာလဲ၊ စသည်ဖြင့် မေးခွန်းပေါင်းများစွာတွေထဲက ကျနော်သိသလောက်ကို ပြန်လည်မျှဝေချင်ပါတယ်။
အထက်ပါ မေးခွန်းပေါင်းများစွာတွေထဲက Root လုပ်တယ်ဆိုတာဘဲမပြောခင် Root လုပ်တာကခက်ခဲသလားဆိုတာပါကို အရင်ပြောကြည့်ပါမယ်။
Root လုပ်တယ်ဆိုတာ အရမ်းကြီးတော့ မခက်ခဲပါ၊ နားလည်သဘောပေါက်သွားရင်
အထူးသဖြင့် လက်တွေ့လုပ်ဆောင်ထားမျိုး များလာရင်တော့ ဖုန်းမော်ဒယ်အသစ်အတွက်
ရှာဖွေစမ်းသပ်ရတာက လွဲရင် နေ့စဉ်လိုလို Root လုပ်နေကြဖုန်းတွေကိုဆို လုပ်လို့လုပ်မှန်းတောင်
သတိမထားမိလောက်အောင်ပါ။ လွယ်ကူနေသလိုဖြစ်နေပါ့မယ်။
ဒါပေမယ့် ဒီ Root လုပ်တယ်ဆိုတာက လွယ်ကူတဲ့အရာလားဆိုတော့ လွယ်ကူတဲ့အရာတော့
မဟုတ်ပါဘူး၊ မတော်တဆ မှားသွားရင် ပျက်စီးနိုင်မယ်ဆိုတဲ့ စိန်ခေါ်မှုကြားကနေ စွန့်စားခန်းဖွင့်ရတာပါ။
ပျက်စီးနိုင်တယ်ဆိုတာကတော့ Firmware ကျသွားတာမျိုး၊ Device ရဲ့ Opreatin System
 ပျက်စီးသွားတာမျိုးပေါ့။
အဲဒီလိုပျက်စီးရင်ဘယ်လိုလုပ်မလဲဆိုတော့ ဒီ Device နဲ့ကိုက်ညီမယ့် Firmware ကိုရှာပြီး
ပြန်တင်ပေးရပါမယ်။ ဒီတော့ Root လုပ်ချင်တယ်ဆိုရင်တော့ Root လုပ်တဲ့အခါ ဒီလိုမျိုးဖြစ်တတ်သေးတယ်ဆိုတာကို သဘောပေါက်ထားရပါမယ်။ 
ဒီလိုစိန်ခေါ်မှုတွေကို လက်သင့်ခံနိုင်တယ်ဆိုရင်တော့ Root လုပ်ခြင်း
ကိစ္စကို အရမ်းကြီးကြောက်စရာမလိုတော့ပါဘူး၊ Root လုပ်လို့ပျက်စီးသွားတယ်ဆိုတာလည်း
Device နဲ့ Root Tool တို့မကိုက်ညီလို့ ဖြစ်တတ်သလို၊ Root Access ရရှိပြီးလို့ မြန်မာစာအတွက်
ကီးဘုတ်နဲ့ ဖောင့်ထည့်တဲ့အခါ အဆင်မပြေတဲ့အတွက်လည်း ဖြစ်တတ်ပါတယ်။
လေ့လာခါစညီအကိုတွေနဲ့အနေနဲ့တော့ အဲဒီလိုအကြောင်းအရာတွေကို မဖြစ်ရအောင်
Root လုပ်ခြင်းကိစ္စမစတင်ခင် ကြိုတင်ပြင်ဆင်ထားမှာပေါ့၊ ဆိုင်တွေမှာတော့ ဒီလိုမျိုးပြသနာကို သွားအပ်လိုက်တာနဲ့ အနည်းဆုံး ၅၀၀၀ အထက်လောက်ကနေ စယူတော့မှာဖြစ်ပါတယ်။
 ဒါကလည်း အပြစ်ပြောလို့မရပါဘူး၊ များသားအားဖြင့်တော့ သူတို့ဆိုင်တွေက
ဝယ်တာမျိုးဆိုရင် အခမဲ့ပြုလုပ်ပေးတာများပါတယ်။
တစ်ခါတစ်လေ ၀ယ်လာတဲ့ဆိုင်က သူတို့လုပ်မရတော့ဘူးဆိုတာနဲ့ 
Samsung ကုမဏီကြီးကို ပို့ပေးပြီးလုပ်ပေးပါတယ်။ လာယူရမယ့်နေ့ကို ပြောလိုက်ပါတယ်၊
ထိုင်းမှာတော့ Warranty နဲ့ ၀ယ်လာတဲ့ဖုန်းဖြစ်ဖြစ် တစ်ခြားပစ္စည်းတွေလည်း အဲဒီလိုပါပဲ
ဆိုင်က ၀ယ်ယူသူစိတ်ကျေနပ်အောင်လုပ်ပေးကြပါတယ်။
စောနားက Root လုပ်တယ်ဆိုတာနဲ့ပတ်သက်လို့ ပြန်ဆက်ပါမယ် ညီအကိုတွေက
အဲလောက် အန္တရာယ်လည်းရှိနိုင်တဲ့ အလုပ်ကို ဘာကြောင့် အချိန်ကုန်ခံပြီး Root လုပ်နေရတာလည်း
လို့မေးလာနိုင်ပါတယ်။ ဟုတ်ပါတယ် ဒါပေမယ့် မိမိ Android Phone & Tablet စတာတွေမှာ မြန်မာလို
Contact တွေထည့်သွင်းချင်တယ်၊ File နာမည်ပေးချင်တယ်၊ မြန်မာလို Massage ပို့ချင်တယ်၊
Facebook ကြည့်တဲ့အခါ မြန်မာလို အဆင်ပြေပြေမြင်ချင်တယ်၊ တစ်ခြားသတင်းဆိုက်များ၊ နည်းပညာဆိုက်များ မှာ ၀ိုင်စက်နေတဲ့ စာတွေကို မြန်မာလိုမြင်ချင်တယ်ပဲမလား။
မိမိဖုန်းတစ်ခုလုံးကို ဒီလို Feature တွေအပြည့်အစုံသုံးလိုတယ်ဆိုရင်တော့ ဖုန်းကို
မဖြစ်မနေ Root ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါက မိမိအတွက် လိုအပ်ချက်ဖြစ်လို့ ပြုလုပ်ရတာပါ။
ဆိုင်တွေမှာ မြန်မာစာအတွက်ဆိုရင်တော့ အနည်းဆုံး ၅၀၀၀ ထက်မနည်းယူမှာဖြစ်ပါတယ်။
တကယ်တော့ အဲဒီ မြန်မာစာအတွက် ချည်းပဲယူတာမဟုတ်ပါဘူး၊ Rootလုပ်ပေးရတဲ့အတွက်ယူတာဖြစ်မှာပါ ဒါဆိုရင် Root လုပ်တယ်ဆိုတာကို ရင်းနှီးလောက်ကြပြီထင်ပါတယ်။
တကယ်တော့ Android Phone တွေနဲ့ Tablet တွေမှာထည့်သွင်းထားတဲ့ Android OS က Google ကအခမဲ့ထုတ်ဝေပေးတယ်ဆိုပေမယ့် Phone ထုတ်လုပ်သူတွေက သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းဖြစ်တဲ့ Hardware ပိုင်းနဲ့ ပိုမိုကိုက်ညီမှုရှိအောင်၊ သူတို့ထည့်သွင်းချင်တဲ့ Feature တွေကိုလည်း ထည့်သွင်းလို့ရအောင်ဆိုတာမျိုး ပုံစံအမျိုးမျိုးတီတွင်ရေးသားပြီးတော့ Phone တွေထဲ ထည့်သွင်းပေးလိုက်ကြတာပါ။
 
ကုမဏီတစ်ခုနဲပတစ်ခုက တီထွင်မှုပိုင်းဆိုင်ရာမှာ မတူကြပါဘူး၊ Version ကအစ ကွဲပြားကြပါတယ်။
ဒါ့အပြင် သူ့တို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေလည်း ကောင်းမွန်တည်ငြိမ်မှုရှိအောင် ကိုယ်ပြုလုပ်ထားတဲ့ အစီအစဉ်တွေ ၊ System File တွေကို ဖျက်စီးပြုပြင်မှာကိုလည်း ဘယ် ကုမဏီ ကမှ အလိုရှိမှာမဟုတ်ပါဘူး။
ဒါ့ကြောင့်သူတို့ထုတ်လုပ်လိုက်တဲ့ ဖုန်းတွေကို အသုံးပြုသူတွေအနေနဲ့ 
System ပိုင်းတွေကို ပြင်ဆင်ဖို့၊ ဖျက်လို့မရအောင်ဆိုပြီး Security ကောင်းကောင်းပြုလုပ်ဖန်တီးကြတာဖြစ်ပါတယ်။
Computer ပိုင်းမှာလည်း အတူတူပါပဲ၊ User Account Level မှာဆိုရင် 
Admin Level အကောက် User Level အကောက်ရယ်လို့ ရှိတဲ့အနက်
 တကယ်တန်းပေးမယ်ဆိုရင်တော့ User Level အနေနဲ့ပဲ ပေးလိုက်တာမျိုးပေါ့။
ကိုယ်က တကယ်လို့ အဲဒီံလိုအကြောင်းအရာတွေကို ကြည့်ချင်တယ်၊ ပြင်ချင်တဲ့အခါ Admin Level ဖြစ်အောင် ဖန်တီးယူရတော့မှာပေါ့၊ ဒီသဘောမျိုးပါပဲ စောနားက ကျနော်ပြောခဲ့သလို Android တွေအတွက် မြန်မာစာဆိုရင်တော့ မြန်မာစာအမှန်မပါသေးတဲ့ဖုန်းတွေကို 
Root လုပ်မှသုံးလို့ရတဲ့ System Application တွေသုံးချင်တာမျိုး၊ Bootloader တွေ၊ Custom ROM စတာတွေထည့်သွင်းပြုပြင်ချင်တာမျိုးဆိုရင်တော့ ဖုန်းကို Root လုပ်ဖို့ဆိုတာ လိုကိုလိုအပ်တာပဲပေါ့။
ပြီးတော့ တရုတ်ကလာတဲ့ဖုန်းတွေမှာဆိုရင် ကိုယ်မသိတဲ့ ဆော့ဝဲတွေကများနေတာမျိုး၊ အသုံးလည်းမတည့်ဖူး ဆော့ဝဲတွေသာများနေပြီး မျက်စိနောက်နေတာမျိုးတွေဆိုရင် 

အလွယ်တကူ ဖျက်ထုတ်ပစ်နိုင်အောင် ထုတ်ပစ်ရမှာပေါ့၊
 ထုတ်ပစ်လိုက်ဖို့အတွက်ကတော့ ဖုန်းမှာ Root Access ရှိမှ အဆင်ပြေမှာဖြစ်ပါတယ်။
အပေါ်ကရှင်းပြခဲ့တာတွေအားလုံးကတော့ Root လုပ်လို့ 
ရရှိလာနိုင်တဲ့ ကောင်းကျိုးတွေချည်းဖြစ်ပါတယ်။
ဟုတ်ပါပြီ အခုလို Root လုပ်လို့ဒီလိုကောင်းကျိုးတွေရမယ်ဆိုရင် ဆိုးကျိုးတွေကတော့ ဘာရှိလာနိုင်သလဲဆိုတော့ Root လုပ်တဲ့အခါ အခန့်မသင့်ရင်တော့ System တွေ ပျက်စီးနိုင်မယ်။
နောက်တစ်ခုက Wrrranty လို့ခေါ်တဲ့ Phone ကုမဏီတွေက ပေးတဲ့ အာမခံချက်တွေ ပျက်စီးသွားနိုင်တာတွေပေါ့။
ဒီနေရာမှာ ဘာကြောင့်အာမခံ Wrranty တွေပျက်နိုင်တာလည်းဆိုတော့ ရှင်းပါတယ်၊ သူတို့လုပ်ထားတဲ့အတိုင်း မသုံးပဲ ကိုယ့်ဘာသာ လက်ကလစ်လို့ ဖြစ်တာဆိုတော့ ကိုယ်ဖြစ်ကိုယ်ခံပေါ့။
ဥပမာ-အနုပညာရပ်ဆိုင် ကိုယ်ဝယ်လာတဲ့ ပန်းချီကားက ကိုယ့်အပိုင်ပေါ့၊ ကိုယ်လုပ်ချင်သလိုလုပ်လို့ရတယ်။
ပန်းချီကားကို ဘောဖြုတ်ပြီး ဟိုးနားဒီနားဆေးထပ်တတို့လို့ ရုပ်ဆိုးကြီးဖြစ်သွားရင်တော့ ပန်းချီဆရာအပိုင်း တော့ ဘယ်ဟုတ်ဦးမလဲပေါ့။ အဲဒီလိုပါပဲ ဖုန်းကို Root လုပ်လိုက်ရင် Wrranty ကလုံးဝပျက်သွားသလား ဖုန်းတိုင်းလိုလိုပဲလားဆိုတော့လဲမဟုတ်ပါဘူးခင်ဗျား…
Root လုပ်ထားပေမယ့် တစ်ချို့ Wrranty ပေးတဲ့ ကုမဏီတွေလည်း ရှိကြတာပေါ့၊
Root လုပ်ထားလို့ ပျက်သွားလည်း ပြန်ပြင်ပေးတဲ့ ကုမဏီတွေလည်း ရှိပါတယ်၊
အခုလောက်ဆိုရင် Root လုပ်တဲ့အခါ ကောင်းကျိုးရှိသလို၊ ဆိုးကျိုးလည်းရှိမယ်ဆိုတာ
သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်။ 
ကဲဗျာ သင်ဟာ ဖုန်းကို ကလစ်ချင်သူလည်း ဖြစ်နေတယ်၊ Root လုပ်လို့ ဖြစ်လာမယ့် ဆိုးကျိုးနဲ့ ကောင်းကျိုးကိုလည်း လက်ခံတယ်ဆိုရင်တော့ ကျနော်ထပ်ပြောချင်တာလေးကတော့
 Root လုပ်တဲ့အခါ ဗားရှင်းအလိုက် တစ်လုံးနဲ့တစ်လုံး မတူညီကြတဲ့အတွက်ကြောင့် Root လုပ်မယ့် 

Software တွေကလည်း အများကြီးဖြစ်နိုင်တယ်ဆိုတာပါပဲ။ Phone Brand တွေလည်း 
အများကြီးဆိုတော့ သူတိုရဲ့ထုတ်ကုန် Model တွေက အမျိုးမျိုးထွက်နေတာပါ။
ဖုန်းရဲ့ Brand တူပြီး Model တူတဲ့ ဖုန်းနှစ်လုံးမှာတောင် 
ထုတ်တဲ့ စက်ရုံ ထုတ်တဲ့အချိန်တွေပေါ်မှာ မူတည်ပြီး Firmware တွေက ကွာခြားပါသေးတယ်။ 

ဒါကြောင့်မို့ Root လုပ်တဲ့အခါ အမှားအယွင်း၊ ချို့ယွင်းချက်တွေဖြစ်လာခဲ့ရင်တော့
 Root လုပ်တဲ့ ဆော့ဝဲနဲ့ ဖုန်းတွေကိုလည်း အပြစ်မတင်ပါနဲ့၊ ကိုယ့်ကိုယ်ကိုလည်း 
အပြစ်မတင်ပါနဲ့ အော် ဒီနေ့ ငါကံမကောင်းပါလားဆိုပြီး ဖြေသိမ့်လိုက်ပါ။
နောက်နေ့မှာ အပိုင်း (၂) ကိုဆက်ပါမည်။
အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင်ပါတယ်။
အားလုံးကို ခင်မင်လေစားလျှက်


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

No comments:

Post a Comment