Wednesday, February 25, 2015

ကမ္ဘာတစ်ဝန်းရှိ ကျောင်းသားများ Office 365 အခမဲ့ အသုံးပြုနိုင်ရန် Microsoft စီစဉ်ပေး


ပြီးခဲ့သည့်နှစ် စက်တင်ဘာလက Microsoft သည် အမေရိကန်နိုင်ငံရှိ ကျောင်းများမှ ကျောင်းသားများကို ၎င်း၏ Office 365 software အခမဲ့ အသုံးပြုခွင့်ရမည့် အစီအစဉ်တစ်ရပ်ကို ထုတ်ပြန်ပေးခဲ့သည်။ 
ယခုအခါတွင် Microsoft အနေဖြင့် အမေရိကန်နိုင်ငံပြင်ပရှိ ကျောင်းသားနှင့် ဆရာ၊ ဆရာမ သန်းပေါင်းများစွာအတွက် Office 365 အခမဲ့ အသုံးပြုခွင့် အစီအစဉ်ကို ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။
ကမ္ဘာတစ်ဝန်းရှိ ကျောင်းသားများသည် Office software ကို အခမဲ့ အသုံးပြုနိုင်ပြီဖြစ်ကြောင်း Microsoft မှ ထုတ်ဖော် ပြောကြားသွားခဲ့သည်။ ထိုသို့ Office 365 ကို အခမဲ့ အသုံးပြုခွင့်ရရှိသည့် ကျောင်းသားများ အနေဖြင့် ၎င်းတို့တက်ရောက်နေသော ကျောင်း၏ အီးမေးလ်လိပ်စာဖြင့် sign up ပြုလုပ်ကာ အသုံးပြုနိုင်မည် ဖြစ်သည်။
ထိုအစီအစဉ်ကို စိတ်ဝင်စားသည့် ကျောင်းသားများသည် Microsoft ၏ Office 365 စာမျက်နှာတွင် ဖော်ပြထားသည့် software အခမဲ့ အသုံးပြုခွင့် ရရှိခြင်း ရှိ၊ မရှိကို ဝင်ရောက်စစ်ဆေးနိုင်မည် ဖြစ်သည်။ ထို့အပြင် Microsoft သည် ဆရာ၊ ဆရာမများအတွက်လည်း ဝင်ရောက်စစ်ဆေးကြည့်ရှုနိုင်ရန် ဝက်ဘ်ဆိုက် စာမျက်နှာတစ်ခု ပြုလုပ်ပေးထားသည်။
ထို့နောက် ကျောင်းသားများ Office 365 software ကို အသုံးပြုနိုင်ရန်အတွက် ၎င်းတို့ တက်ရောက်နေသည့် ကျောင်း၏ ထောက်ခံချက်ကိုလည်း အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းရမည် ဖြစ်သည်။ ၎င်းလုပ်ငန်းစဉ်များကို အားလုံးကို ဖြတ်ကျော်ပြီးပါက ကျောင်းသားများအနေဖြင့် Word, Excel, PowerPoint, OneNote, Outlook, Access နှင့် Publisher အပြင် သိုလှောင်မှုပမာဏ 1 TB ရရှိမည့် OneDrive နှင့် Office Online ကိုလည်း အသုံးပြုခွင့်ရရှိမည် ဖြစ်သည်။
Ref: TheNextWeb
http://internetjournal.media/new/1763

No comments:

Post a Comment