ဖေဖော်ဝါရီလ
၉ ရက်မှစတင်၍ ရန်ကုန်ဘူတာကြီးနှင့် ဗိုလ်ချုပ်ဈေးတို့၌ အင်တာနက်ကို အခမဲ့
စတင်အသုံးပြုနိုင်ပြီဟု Red Link ကုမ္ပဏီက ကြေညာခဲ့သည်။
Wifi Free Zone အဖြစ် Red Link
ကုမ္ပဏီက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့၌ တည်နေရာ စုစုပေါင်း ၆
ခုတွင် အခမဲ့အင်တာနက်စနစ်ကို အသုံးပြုနိုင်ပြီဟု သိရသည်။
ရွှေတိဂုံစေတီ၊
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်၊ ကန်တော်ကြီး
အစရှိသည့် နေရာများ၌ အခမဲ့အင်တာနက်စနစ်ကို ပေးအပ်ခဲ့ပြီးဖြစ်ပြီး ယခုအခါ
ရန်ကုန် ဘူတာကြီးနှင့် ဗိုလ်ချုပ်ဈေးတို့၌ ထပ်မံပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် မန္တလေးမြို့၌ မဟာမြတ်မုနိ၊
ဆေးတက္ကသိုလ် ၁ စသည့်နေရာများတွင် အခမဲ့အင်တာနက်စနစ်ကို အသုံးပြုနိုင်ပြီး
ပုဂံမြို့၌ အာနန္ဒာဘုရား၊ သဗ္ဗေ္ဗညုဘုရား၊ ရွှေစည်းခုံဘုရားနှင့်
ပုဂံလေဆိပ်တို့တွင်လည်း အသုံးပြုနိုင်သည်ဟု သိရသည်။
Red Link ကုမ္ပဏီသည် ၂၀၀၈
ခုနှစ်မှစတင်၍ အင်တာနက် ဝန်ဆောင်မှုများကို ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ၌
ရန်ကုန်၊ မန္တလေးနှင့် ပုဂံမြို့များ၌ Wimax အင်တာနက် လိုင်းများကို
ရောင်းချပေးနေသည်ဟု သိရသည်။
http://internetjournal.media/new/1575
No comments:
Post a Comment