Wednesday, February 25, 2015

All Updates Reader ( AUR ) ဗားရှင်းသစ် မကြာမီထွက်မည်.


All Updates Reader ( AUR ) လို့နာမည်ပေးထားတဲ့ Offline RSS Reader Application ဗားရှင်းသစ်ကို မကြာခင် Update လုပ်သွားမှာဖြစ်ပါတယ်.. စာဖတ်သူများအနေနဲ့ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း အကြံပြုလွှာများ ရေးသားပေးပို့နိုင်ပါတယ်.. အသစ်ထပ်ထည့်သင့်တဲ့ကဏ္ဍ၊ ဖြုတ်ပစ်စေချင်တဲ့ကဏ္ဍ၊ အသစ်ထည့်ချင်တဲ့ Website သို့မဟုတ် Blog သို့မဟုတ် Facebook Page တွေကိုလည်း ပေးပို့နိုင်ပါတယ်.. အသစ်ထွက်မည့်ဗားရှင်းမှာ ပုံစံ (၂) မျိုးနဲ့လာမှာဖြစ်ပြီး တစ်မျိုးက RSS URL တွေကို ကိုယ်တိုင် ဖြုတ်နိုင် ထည့်နိုင်တဲ့ အမျိုးအစား၊ နောက်တစ်မျိုးကတော့ အရင်သုံးစွဲနေကျ ကဏ္ဍလေးတွေသီးခြားပါဝင်တဲ့အမျိုးအစား တို့ပဲဖြစ်ပါတယ်.. အမျိုးအစားအလိုက် အားသာချက်၊ အားနည်းချက်တွေတော့ ရှိပါတယ်.. ကြော်ငြာကဏ္ဍထည့်သွင်းချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်များလည်း ဆက်သွယ်နိုင်ပါတယ်..

အကြံပြုလွှာပေးပို့ရမည့်လိပ်စာကတော့ maungpauk@gmail.com, admin@maungpauk.org တို့ဖြစ်ပြီး
ကြော်ငြာကဏ္ဍအတွက်တော့ အထက်ပါ အီးမေးလိပ်စာများအပြင် ဖုန်းနံပတ် 09440225635 ကိုဆက်သွယ်နိုင်ပါတယ်....

ကြော်ငြာကဏ္ဍမဟုတ်ဘဲ အခြား မေးမြန်းစရာကိစ္စများအတွက် ဖုန်းမဆက်ဘဲ အီးမေးသာ ပေးပို့ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်..

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

No comments:

Post a Comment