Windows မှာ Shared Folder စွမ်းဆောင်ချက်ပါရှိပြီး ကွန်ပြူတာမှ ဖိုင်များ၊ဖိုဒါများကို Android , iPad နဲ့ iPhone များမှာ အသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းက ကွန်ပြူတာမှ ဗီဒီယိုများနဲ့ ဖိုင်များကို အခြား Device များမှ ကြိုးမဲ့ ဆက်သွယ်မှုဖြင့် ကြည့်ရှု အသုံးပြုနိုင်တဲ့အတွက် အလွန်အဆင်ပြေတဲ့ နည်းဖြစ်ပါတယ်။
Windows တွင် ဖိုဒါကို Share ပြုလုပ်နည်း
၁။ Control Panel ကို ဖွင့်ပြီး Network and Internet အောက်မှ Choose Homegroup and sharing option ကို နှိပ်ပါ။ Change advanced sharing settings ကို နှိပ်ပါ။ File and printer sharing အောက်မှ Turn on file and printer sharing ဆိုတဲ့ Option ကို ရွေးချယ်ပြီး Save changes ကို နှိပ်ပါ။
1
၂။ Advanced sharing settings အောက်မှာပဲ Local Network ထဲမှာ ရှိတဲ့ Device တွေကို ယုံကြည်ရင် Password မလိုဘဲ ဖိုင်များ Share လုပ်နိုင်ဖို့ သတ်မှတ်နိုင်ပါတယ်။
File and printer sharing ကို Enable လုပ်ပြီးရင် File Explorer or Windows Explorer ကိုဖွင့်ပြီး Share လုပ်ချင်တဲ့ ဖိုဒါပေါ်မှာ Right Click နှိပ်ပါ။ Properties ကိုနှိပ်ပြီး Sharing Tab အောက်မှ Share ကို နှိပ်ပါ။ ဒါဆိုရင် အဲဒီဖိုဒါကို Network ထဲမှ Device များမှာ အသုံးပြုနိုင်ပါပြီ။
2
အဲဒီဖိုင်များကို မိုဘိုင်းဖုန်းများမှာ ရယူအသုံးပြုနိုင်ဖို့ ဖုန်းများဟာ တူညီတဲ့ ၀ိုင်ဖိုင် Network တစ်ခုထဲမှာ ရှိရပါမယ်။ မိုဘိုင်းဖုန်းများရဲ့ Mobile Data ကို အသုံးပြုလို့မရပါဘူး။
ဝင်းဒိုးကွန်ပြူတာမှ Shared Folder ကို Android မှာ အသုံးပြုနည်း
၁။ Android မှာ Windows Shared Folder ကို အသုံးပြုနိုင်တဲ့ File Manager App မပါရှိပါဘူး။ ဒီလိုပြုလုပ်ပေးနိုင်တဲ့ File Manager App များစွာရှိပေမယ့် ES File Explorer ကို အသုံးပြုပါမယ်။
ES File Explorer ကို Android Device မှာ အင်စတော လုပ်ပြီးရင် Menu ခလုတ်ကို နှိပ်ပါ။ Network ကို တစ်ချက်နှိပ်ပြီး LAN ကို နှိပ်ပါ။
3
၂။ Scan ခလုတ်ကို နှိပ်ရင် ၀င်းဒိုးကွန်ပြူတာမှ Share လုပ်ထားတဲ့ ဖိုင်များကို Scan လုပ်ပါလိမ့်မယ်။ ပြီးရင် သင့်ကွန်ပြူတာရဲ့ IP Address ကို ပြပေးပါလိမ့်မယ်။ သင့်ကွန်ပြူတာရဲ့ IP Address ကို တစ်ချက်နှိပ်ပါ။ ၀င်းဒိုးကွန်ပြူတာမှာ Setup လုပ်တဲ့အခါမှာ Username နဲ့ Password သတ်မှတ်ထားရင် အဲဒါတွေကို ပြန်ထည့်ပေးပါ။

4
၃။ ပြီးရင် ၀င်းဒိုးကွန်ပြူတာမှ Share လုပ်ထားတဲ့ ဖိုင်များ၊ ဖိုဒါများကို တွေ့မြင်အသုံးပြုနိုင်ပါပြီ။ ဖိုင်များကို Android သို့ ကော်ပီကူးနိုင်သလို ဗီဒီယိုများကိုလည်း Android မှာ ကြည့်ရှုနိုင်ပါပြီ။

5

ဝင်းဒိုးကွန်ပြူတာမှ Shared Folder ကို iOS မှာ အသုံးပြုနည်း
၁။ iOS မှာတော့ FileExplorer Free ကို အသုံးပြုပါမယ်။ App ကို ဖွင့်ပြီး + Button ကိုနှိပ်ပါ။ Windows ကို နှိပ်ပါ။
6
၂။ FileExplorer က Local Network မှာရှိတဲ့ ကွန်ပြူတာနာမည်များကို ပြသပေးမှာဖြစ်ပြီး သင့်ကွန်ပြူတာကို တစ်ချက်နှိပ်ပါ။ Username, Password သတ်မှတ်ထားရင် ဖြည့်ပေးပါ။
7
၃။ iOS ဟာ ဖိုင်စီမံခန့်ခွဲတဲ့ အပိုင်းမှာ Android လောက် မစွမ်းဆောင်နိုင်ပါဘူး။ ဒါပေမယ့်လည်း ၀င်းဒိုးမှ Share လုပ်ထားတဲ့ ဗီဒီယိုများကို တိုက်ရိုက်ကြည့်ရှုနိုင်ပြီး နှစ်သက်ရာ App နဲ့ ဖွင့်ကြည့်ဖို့ Open In စွမ်းဆောင်ချက်ပါရှိပါတယ်။

8
ဝင်းဒိုးကွန်ပြူတာမှာ ဖိုင်များကို Network ထဲမှာ မျှဝေနိုင်တဲ့ စွမ်းဆောင်ချက်ပါရှိပါတယ်။ အဲဒီအတွက် Third-Party Windows Program များကို အသုံးပြုစရာမလိုဘဲ ၀င်းဒိုးမှ ဖိုင်များကို Android , iPhone နဲ့ iPad များမှာ ကြိုးမဲ့ ဆက်သွယ်မှုဖြင့် ရယူအသုံးပြုနိုင်ပါတယ်။