Google ရဲ့ ၂၀၁၅ ခုနှစ်ထုတ် အကောင်းဆုံး Android App များထဲမှာ ရွေးချယ်ခြင်းခံရတဲ့ တစ်ခုက Musixmatch ဖြစ်ပါတယ်။ Musixmatch ဟာ သင့်ဖုန်းမှာ ဖွင့်ထားတဲ့ သီချင်းရဲ့ စာသားကို Sync လုပ်ပြီး အချိန်ကိုက် ဖော်ပြပေးနိုင်ရုံသာမကဘဲ YouTube, Spotify , Google Play Music စတာတွေကနေ သီချင်းနားထောင်ရင်လည်း စာသားကို Floating Lyrics အနေနဲ့ ပြသပေးနိုင်တာက ထူးခြားပါတယ်။

နောက်ထပ် ထူးခြားတာက သင့်ဖုန်းမှ မဟုတ်ဘဲ အနားမှာ ဖွင့်ထားတဲ့ သီချင်းများကိုလည်း App က ခွဲခြမ်းစိတ်ဖြာနိုင်ပြီး သီချင်းစာသားကို ဖုန်းမှာ ပြသပေးနိုင်ပါတယ်။ Music Player များမှာ ပါတဲ့ Sleep Timer , Equalizer လည်းပါရှိပါတယ်။

Musixmatch ကို အင်စတောလုပ်ပြီးရင် သူ့ရဲ့ စွမ်းရည်များကို ပြသပေးမှာပါ။ Next ကို နှိပ်ပြီးဖတ်ပါ။ ပြီးရင်တော့ Facebook , Google Plus နဲ့ Signup လုပ်နိုင်သလို အီးမေးဖြင့်လည်း Signup လုပ်နိုင်ပါတယ်။ Musixmatch ရဲ့ Home Screen မှ My Music မှာ သင့်ဖုန်းမှ သီချင်းများကို ပြသပေးထားပါတယ်။ နိုင်ငံခြား သီချင်းတစ်ပုဒ်ကို နှိပ်ပါ။ ( မြန်မာသီချင်းစာသားများကို မဖော်ပြပေးနိုင်ပါ။ )

1

ဒါဆိုရင် သီချင်းစာသားများကို အသံနဲ့ လိုက်ဖက်အောင် ပြသပေးမှာပါ။
2 


စာသားအပေါ်ကို နှစ်ချက်နှိပ်ရင်တော့ သီချင်းတစ်ပုဒ်လုံးရဲ့ စာသားကို ပြသပေးပါတယ်။ မူလ Mode ကို ပြန်ပြောင်းဖို့ စာသားတစ်ခုကို နှစ်ချက်နှိပ်ပါ။

3

စာသားပြသပေးတဲ့ စကရင်ရဲ့ ညာဘက်အောက်မှ အစက်သုံးစက်ကို နှိပ်ပါ။ Edit Lyrics ကနေ စာသားများကို ပြင်နိုင်သလို စာသားပြတာဟာ အသံနဲ့ မကိုက်ရင် Sync Lyrics ကို နှိပ်ပါ။ အသစ်ပါလာတဲ့ Create LyricsCard ကို နှိပ်ပါ။

4

Quote ကို နှိပ်ပြီး အဲဒီသီချင်းမှ နှစ်သက်ရာ စာသား အချို့ကို ရွေးချယ်ပါ။ Images ကို နှိပ်ရင် ဓါတ်ပုံများကို ပြသပေးမှာဖြစ်ပြီး နှစ်သက်ရာကိုထည့်သွင်းနိုင်ပါတယ်။ ဖောင့်အမျိုးအစားကိုလည်း ရွေးချယ်နိုင် ပါတယ်။ Lyric Card လုပ်ပြီးရင် ညာဘက်အပေါ်ထိပ်မှ Share Icon ကိုနှိပ်ပြီး လူမှုကွန်ရက်များနဲ့ Messenger များကနေ မျှဝေနိုင်ပါတယ်။

5

သီချင်းစာသားများ ပြသပေးနေတဲ့ စကရင်ရဲ့ ညာဘက်ထိပ်မှ အိုင်ကွန်ကို နှိပ်ရင် Now Playing Screen ကိုရောက်ရှိမှာပါ။ အဲဒီမှာ လက်ရှိဖွင့်ထားတဲ့ သီချင်းကို တွေ့နိုင်ပါတယ်။ အခြားသီချင်းများကိုလည်း ပြောင်းလဲနားဆင်နိုင်ပါတယ်။

6
Main Screen ရဲ့ Tap to identify music အထက်မှ ခလုတ်ကို နှိပ်ရင် အနားမှာ ဖွင့်ထားတဲ့ သီချင်းကို ထောက်လှမ်းမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အဲဒီသီချင်းရဲ့ စာသားများကို ဖုန်းမှာ အချိန်ကိုက်ပြသပေးမှာဖြစ်ပါတယ်။
7

သူ့ရဲ့ နောက်ထပ်ကောင်းမွန်တဲ့ စွမ်းဆောင်ချက်က YouTube, Spotify , Google Play Music တို့လို အခြား App များကနေ သီချင်းနားထောင်နေရင်လည်း Floating Lyric ဖြင့် စာသားများကို ပြသပေးနိုင်တာဖြစ်ပါတယ်။ Musixmatch ဟာ ယခုနှစ်ရဲ့ အကောင်းဆုံး Android App စာရင်းထဲမှာ ပါဝင်နေတာ မအံ့သြမိပါဘူး။ သီချင်းချစ်သူတိုင်း ဆောင်ထားသင့်ပြီး အောက်ပါလင့်မှာ ရယူနိုင်ပါတယ်။

https://goo.gl/zfXL11