Wednesday, August 10, 2016

♪ MPT ၏ တစ်ကြော့ပြန် “နာရီတိုင်းမှာ ၅ မိနစ်စာ” အစီအစဉ် ♫


mpt 5 min in 1 hr

ဆွေသဟာအစီအစဉ်ရယူထားသူများ အပါအ၀င် MPT သုံးစွဲသူများအားလုံး MPT ဖုန်းအချင်းချင်း ခေါ်ဆိုမှုများအတွက်၁ နာရီကြာ ဖုန်းခေါ်ဆိုတိုင်း ပထမ ၅ မိနစ်စာ အတွက်သာ ခေါ်ဆိုခပေးရမည်ဖြစ်ပြီး ကျန် ၅၅ မိနစ်ကို အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် “နာရီတိုင်းမှာ ၅ မိနစ်စာ” အစီအစဉ်ကို အသုံးပြုသူများ၏ နှစ်ခြိုက်မှုနှင့်တောင်းဆိုမှုကြောင့်  ပြန်လည်ပေးအပ် လိုက်ပြီဖြစ်ကာ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ အသုံးပြုနိုင်မည်ဖြစ်သည်။
MPT ၏ GSM/WCDMA သုံးစွဲသူများအားလုံးအတွက် အလိုအလျောက်အကျုံးဝင်မည်ဖြစ်ပြီး MPT နံပါတ်အချင်းချင်းသာ ခေါ်ဆိုနိုင်မည်ဖြစ်သည်။ သတ်မှတ်ထားသောကာလအတွင်း MPT ဖုန်းအချင်းချင်း  ခေါ်ဆိုမှုများ ပြုလုပ်ပါက ပထမဖုန်းခေါ်ဆိုချိန် ၅ မိနစ်စာ အတွက်သာ ပုံမှန်ဖုန်းခေါ်ဆိုခနှုန်းထားအတိုင်း ကျသင့်မည်ဖြစ်ပြီး ကျန်သည့်ခေါ်ဆိုချိန်များ အတွက်မူ ၅၅ မိနစ်အထိ အခမဲ့ ပြောဆိုနိုင်မည်ဖြစ်သည်။ မိနစ် ၆၀ ထက်ပိုမိုသောခေါ်ဆိုမှုများ အတွက်မူ ပုံမှန်နှုန်းထားအတိုင်း ကျသင့်ငွေကို ပေးချေရမည်ဖြစ်သည်။
ဤအစီအစဉ်ကို စက်တင်ဘာလ ၃၀ ရက်နေ့အထိရရှိနိုင်မည် ဖြစ်သော်လည်း ညနေ ၆ နာရီမှ ၁၀နာရီ အတွင်း ခေါ်ဆိုမှုများအတွက် အကျုံးဝင်မည်မဟုတ်ပါ။ ယင်းအချိန်အတွင်းခေါ်ဆိုမှုများအတွက် ဆွေသဟာရယူထားခြင်းမရှိသည့် သုံးစွဲသူများအနေဖြင့် ပုံမှန်ဖုန်းခေါ်ဆိုမှု နှုန်းထားဖြစ်သည့် တစ်မိနစ်လျှင် ၅၀ ကျပ်နှင့် ဆွေသဟာအစီအစဉ် ရယူထားသူများအတွက် တစ်မိနစ်လျှင် ၂၃ ကျပ်အသီးသီးကျသင့်မည်ဖြစ်သည်။
“နာရီတိုင်းမှာ ၅ မိနစ်စာ” အစီအစဉ်၏ သက်သာသော နှုန်းထားနှင့် အခမဲ့ဖုန်းစကားပြောဆိုချိန်များ အတွက် တစ်ရက်လျှင် ဖုန်းခေါ်ဆိုမှုကို အကြိမ်အရေအတွက်ကန့်သတ်ထားခြင်းမရှိဘဲ သုံးစွဲသူ စိတ်ကြိုက် ဖုန်းခေါ်ဆိုမှုများစွာ ပြုလုပ်နိုင်မည်ဖြစ်သည်။
နာရီတိုင်းမှာ ၅ မိနစ်စာ ဖုန်းခေါ်ဆိုမှု နမူနာပြဇယား
သုံးစွဲသူများ
MPT အချင်းချင်းဖုန်းခေါ်ဆိုမှု နှုန်းထားများ
ဆွေသဟာ သုံးစွဲသူများ
မိနစ် ၆၀ = ၂၃ ကျပ် x ၅ မိနစ် = ၁၁၅ ကျပ်
ရိုးရိုးသုံးစွဲသူများ (ည ၁၁ နာရီ မှ နံနက် ၇ နာရီမ )
မိနစ် ၆၀ = ၂၅ ကျပ် x ၅ မိနစ် = ၁၂၅ ကျပ်
ရိုးရိုးသုံးစွဲသူများ (နံနက် ၇ နာရီ မှ ညနေ ၆ နာရီ နှင့် ည ၁၀ နာရီ မှ ည ၁၁ နာရီ)
မိနစ် ၆၀ = ၅၀ ကျပ် x ၅ မိနစ် = ၂၅၀ ကျပ်
  • ညနေ ၆ နာရီမှ  ၁၀ နာရီအတွင်းမှလွဲ၍ MPT အချင်းချင်းခေါ်ဆိုမှု အတွက်အထက်ပါအတိုင်း ကျသင့်မည်ဖြစ်သည်။
  • အထက်ဖော်ပြပါဈေးနှုန်းများတွင် ကုန်သွယ်လုပ်ငန်းခွန် ၅% ထပ်ဆောင်းကောက်ခံသွားမည်ဖြစ်သည်
MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “အရင် ပထမတစ်ခါလုပ်ခဲ့တဲ့ နာရီတိုင်းမှာငါးမိနစ်စာ အထူးပရိုမိုးရှင်းအစီအစဉ်က အရမ်းကိုအောင်မြင်ခဲ့ပါတယ်၊ ဒီအစီအစဉ်ကို လူကြိုက်များလွန်းတာကြောင့် ကျွန်တော်တို့က သုံးစွဲသူတွေဈေးသက်သက်သာသာနဲ့ ကိုယ်ချစ်ခင် သူတွေနဲ့ ဖုန်းအကြာကြီးပြောလို့ရနိုင်အောင်ရယ် ကိုယ်ကြိုက်တဲ့အချိန်မှာ ပြောနိုင်အောင်ရယ် ဒီအစီအစဉ် ကိုပြန်လည်ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ဒီအစီအစဉ်ကာလအတွင်းမှာ ကိုယ်ချစ်ခင်သူတွေနဲ့ မိသားစုဝင်တွေကို အကြာကြီးပိုမိုပြောနိုင်မှာ ဖြစ်ပြီး ၅ မိနစ်စာပဲကျသင့်တော့မှာပဲဖြစ်ပါတယ်။” ဟုပြောကြားသည်။

No comments:

Post a Comment