Wednesday, August 3, 2016

MIUI 8 တွင် Google Play Store ထည့်သွင်းနည်း



အားလုံးသိပြီးဖြစ်တဲ့ Xiaomi မှ သိပ်မကြာသေးမှီက ချပေးလာတဲ့
MIUI 8 ROM များတွင် Google Play Store နဲ့ပတ်သက်ပြီး အဆင်
မပြေမှုလေးတွေရှိနေကြပါတယ်၊ အဆင်မပြေမှု ဆိုတဲ့နေရာမှာ
တကယ်လို့သင့်ဖုန်း Xiaomi Device တွင် MIUI 8 ROM ကိုသာ
တင်သုံးလိုက်မယ်ဆိုရင်တော့ Play Store app ကိုမြင်ရမှာမဟုတ်ပါ

တကယ်လို့သင့်ဖုန်းတွင် MIUI 8 ROM ကိုတင်သုံးနေပြီး
Google Play Store အတွက် အဆင်မပြေဖြစ်နေရင်တော့
Google Installer v2 apk ဖြင့် ထည့်သွင်းပြီး ဖြေရှင်းပေးနိုင်ပါတယ်။
အဆိုပါ Google Installer v2 apk ဖြင့် MIUI 8 ROM ကိုအသုံးပြုနေကြတဲ့
Xiaomi Devices ဆိုင်ရာ Mi3, Mi4, Mi4i, Redmi Note, Redmi 2 Prime,
Redmi Note 3 အစရှိတဲ့ ဖုန်းအားလုံးကို Support လုပ်ပေးမှာပဲဖြစ်ပါတယ်။




Google Play Store ထည့်သွင်းနည်း
===================
၁။ ဒေါင်းလော့လင့်မှာ Google Installer apk ကိုဒေါင်းလိုက်ပါ။

၂။ ဖုန်းတွင် Unknown Sources ကိုအမှန်ခြစ်ပေးထားပါ။

၃။ ဒေါင်းလော့ရလာတဲ့ Google Installer apk ကိုတစ်ချက်နှိပ်ပါ။

၎။ အောက်ပါပုံအတိုင်း install နှိပ်ပေးပြီး ထည့်သွင်းပေးလိုက်ပါ။
၅။ ထည့်သွင်းပြီးရင်တော့ Google Installer apk ကိုဖွင့်လိုက်ပါ။

၆။ အောက်ပါပုံအတိုင်း Install ဆိုတဲ့ အပြာရောင်နေရာကိုနှိပ်လိုက်ပါ။
၇။ Process တစ်ခုပြီးအောင်စောင့်ပြီး ဖုန်းကို Reboot ချပေးလိုက်ပါ။

၈။ ပြန်တက်လာခဲ့ရင်တော့ Google Play Store နဲ့ Play Services များ
သင့်ဖုန်း MIUI 8 Rom တွင် အဆင်ပြေသွားပါလိမ့်မယ်။
ဇူးနစ်(နည်းပညာ)
 
 
 

2 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. Mi Max MIUI 8 အတွက်မပါဘူးလား?

    ReplyDelete