Monday, August 1, 2016

♪ iOS 9.3.3 ကို Jailbreak လုပ်သင့်တဲ့ အချက် ၁၅ ချက် ♫


JailBreak Team Pangu ကတော့ iOS 9.2 ကနေ 9.3.3 ထိ JailBreak လုပ်ဖို့ Tool ကို ထုတ်လိုက်ပါပြီ။ iOS 9 မှာ Multitasking for iPad, Low Power Mode, Night Mode စတဲ့ လုပ်ဆောင်ချက်အသစ်တွေ ပါဝင်လာပါတယ်။ သင့် iDevice ကို JailBreak လုပ်သင့်လား မလုပ်သင့်ဘူးလား ဆိုပြီး တွေဝေနေရင်တော့ အောက်ဖော်ပြပါ JailBreak လုပ်ခြင်းရဲ့ အားသာချက် ၁၅ချက်ကို ကြည့်လိုက်ပါ…

#1. Themes
Jailbreak လုပ်ခြင်းရဲ့ အားသာချက်ကတော့ သင့် iOS ကို သင်စိတ်ကြိုက် ပြင်ဆင်ခွင့်ရရှိမှာဖြစ်ပါတယ်။ သင့် iOS အသွင်အပြင်ပြောင်းလဲဖို့ theme ထည့်သွင်းခြင်း၊ ဥပမာ “Winterboard” ဖြင့် သင့် iPhone ကို Android အသွင်အပြင်နဲ့ အသုံးပြုနိုင်သလို သင့် iPad ကို လည်း Mac အသွင်အပြင်နဲ့ အသုံးပြုနိုင်မှာပါ။ Jailbreak Tweak တွေနဲ့ သင့် iPhone ရဲ့ Carrier Logo ပြောင်းခြင်း၊ အောက်ဆုံးက Dock မှာ icon ၅ခုအထိ ထားရှိနိုင်ခြင်း၊ iOS Virtual Keyboard ကို ပြင်ဆင်ခြင်း စတဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တွေကို ရရှိမှာပါ။

ဖုန်းထဲက Application တွေရဲ့ icon တွေကိုလည်း သင်စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။



#2. Extend Control Center
iOS မှာ အသင့်ပါရှိပြီးသား Control Center က System အဖွင့်အပိတ်လုပ်တဲ့ Toggle ၅ခု နဲ့ Quick Launch လုပ်ဖို့ App ၄ခု ကို အရေအတွက် ကန့်သတ်ထားပါတယ်။ Jailbreak Tweak ၁ခုဖြစ်တဲ့ “CCSettings” နဲ့ Toggle နဲ့ Quick Launch App တွေကို သင်စိတ်ကြိုက် ပြင်ဆင်ခွင့်ရမှာဖြစ်ပါတယ်။



#3. File Manager
iOS 9 မှာ အသင့်ပါပြီးသား iCloud Drive ဆိုတဲ့ App နဲ့ File တွေကို browse လုပ်နိုင်ပါတယ်။ သို့ပေမယ့် iCloud Drive App ဟာ ကန့်သတ်မှုတွေများပြီး သုံးလို့ အဆင်မပြေပါဘူး။

“iFile” ဆိုတဲ့ Jailbreak Tweak ကတော့ သင့် iPhone ထဲမှာရှိတဲ့ File တွေအားလုံးကို ကြည့်ဖို့ အကောင်းဆုံး File Manager ပါဘဲ။ System File တွေအထိကို ၀င်ရောက် ပြင်ဆင်နိုင်ပါတယ်။ Text File တွေကိုလည်း ကောင်းမွန်စွာ ပြင်ဆင်နိုင်တဲ့ Feature လည်း ပါဝင်ပါတယ်။




#4. Cool Animation
Home Screen မှာ Screen ကို ဟိုဖက်ဒီဖက် ရွေ့ တဲ့အချိန်မှာ App လေးတွေကို တမူထူးခြားစွာ Animation လေးတွေနဲ့ ပြောင်းလဲချင်တယ်ဆိုရင်တော့ Jailbreak Tweak “Barrel” ကို အသုံးပြုရမှာပါ။





#5. Pokemon GO Hacks သူများတွေ Pokemon GO နဲ့ ဟိုပြေးဒီပြေးနေချိန်မှာ သင်ဟာ Cydia ထဲက Jailbreak Tweak အချို့ရဲ့ အားသာချက်ယူပြီးတော့ သင့် သူငယ်ချင်းတွေထက် ဆရာကြီးဖြစ်အောင် ဆော့လို့ရပါတယ်။ “PokemonGoAnywhere” ဆိုတဲ့ Jailbreak Tweak ကတော့ ဘယ်မှသွားစရာမလိုဘဲ သင်သွားချင်တဲ့နေရာ နှိပ်ပြီး ရွေ့လို့ရပါတယ်။ “Pokemon Lock” ဆိုတဲ့ Tweak ကတော့ ဖုန်းရဲ့ Lock Screen မှာတင် Pokemon GO ကို ဆော့လို့ရပါတယ်။



#6. Picture-in-Picture Mode on Any Device
iOS 9 မှာ iPad အတွက် Video ကြည့်ရင်း အခြားလုပ်ဆောင်ချက်တွေကို ဆောင်ရွက်နိုင်ရန် Picture-in-Picture Mode ဆိုတဲ့ Feature ထည့်သွင်းပေးထားပါတယ်။ Jailbreak လုပ်မထားရင် ဒီ Feature ကို iPad ပေါ်မှာသာရရှိနိုင်မှပါ။ အကယ်၍ မည်သည့် iDevice ကို Jailbreak လုပ်ထားခဲ့မယ်ဆိုရင် “VideoPane”  ဆိုတဲ့ Tweak နဲ့ Picture-in-Picture Feature အတိုင်း Video ကြည့်ရင်း အခြားလုပ်ဆောင်ချက်တွေကို ဆောင်ရွက်နိုင်ပါတယ်။\



#7. Get 3D Touch Functionality on Older Devies
iPhone 6S နဲ့ iPhone 6S Plus များမှာသာ တရားဝင် သုံးလို့ရတဲ့ 3D Touch ကို သုံးဖို့ “RevealMenu” ဆိုတဲ့ Tweak လေးနဲ့ Jailbreak လုပ်ထားတဲ့ မည်သည့် iDevice မဆို အသုံးပြုနိုင်ပါတယ်။

#8. Lock Folder or an App with Touch ID
ကိုကို မမတွေ စိတ်ကြိုက်ဖြစ်မယ့် မိမိစိတ်ကြိုက် App တွေကို Password / Fingerprint နဲ့ Lock ချ ထားချင်ရင်တော့ “Asphelia”, “BioLockDown”, “BioProtect”, “AppLocker” စတဲ့ Jailbreak Tweak တစ်ခုခုနဲ့ဆို အလုပ်ဖြစ်ပါတယ်။

#9. Change System Font
Zawgyi Font User တွေအတွက်တော့ ဒီ Tweak လေးက အရေးအကြီးဆုံးပါဘဲ။ iDevice ရဲ့ System Font ကို ပြောင်းဖို့အတွက် “BytaFont 2” ဆိုတဲ့ Tweak နဲ့ လုပ်ဆောင်နိုင်ပါတယ်။

#10. Always-On Hey Siri to Older Devices
ဖုန်းကို ဖွင့်စရာမလိုဘဲ “Hey Siri” လို့ ပြောလိုက်ရုံနဲ့ Siri ကို အလိုလျှောက် လုပ်ဆောင်နိုင်ဖို့ Always-On “Hey Siri” ဆိုတဲ့ Functoin ကို iPhone 6S နဲ့ iPhone 6S Plus မှာသာ Jailbreak မလုပ်ဘဲ အသုံးလို့ရပါတယ်။ Jailbreak လုပ်ထားတဲ့ အခြား iDevice တွေမှာ Always-On “Hey Siri” function ကို အသုံးပြုဖို့ “UntetheredHeySiri” ဆိုတဲ့ Tweak နဲ့ဆို အဆင်ပြေပါတယ်။

#11. Set Default App
iOS ဟာ Third-Party App တွေကို Default App အနေနဲ့ လုပ်ဆောင်ဖို့ ခွင့်မပြုပါဘူး။ ဥပမာ Apple Map အစား Google Map ကို Default App လုပ်လို့ မရပါဘူး။
“MapsOpener” Tweak ကတော့ Google Map ကို Apple Map အစား Default App အဖြစ် လုပ်ပေးနိုင်ပါတယ်။
“BrowserChooser” Tweak ကတော့ အခြား Chrome/ Firefox ကို Safari အစား Default App အဖြစ် လုပ်ပေးနိုင်ပါတယ်။

#12. For the Power User
Power User တွေဟာ iPhone 6S မှာပါ အသင့်ပါတဲ့ 3D Touch ရဲ့ email နဲ့ message လွယ်လွယ်ကူကူပို့ခြင်း iPhone keyboard ကို track pad အနေနဲ့ အသုံးပြုခြင်း တို့ကိုလုပ်ဆောင်နိုင်ပါတယ်။
ဒါပေမယ့် “Activator” Tweak ရဲ့ Feature တွေကို လိုက်မမှီပါဘူး။ “Activator” Tweak ဟာ Jailbreak လုပ်သူတိုင်း မဖြစ်မနေထည့်ကြတဲ့ Tweak တစ်ဖြစ်ပါတယ်။ Status bar, Home button နဲ့ အခြား button တွေကို Shortcut အနေနဲ့ အသုံးပြုနိုင်ပါတယ်။ Shortcut ပေါင်း မရေမတွက်နိုင်အောင် လုပ်ဆောင်ပေးနိုင်တဲ့ Tweak ကောင်းလေး တစ်ခုပါ။

#13. Remove Unnecessary Features and Apps
iOS 9 မှာ အသင့် ပါပြီးသား App တွေကို ထဲမှာ သင်လုံးဝ မသုံးဖြစ်တဲ့ App နဲ့ Feature တွေရှိပါတယ်။ ဥပမာ “Stocks” “Tips” စတဲ့ App တွေကို သင် သုံးဖြစ်မှာမဟုတ်ပါဘူး။ အဲ့သလို iOS မှာ အသင့်ပါပြီးသား App နဲ့ Feature တွေကို ဖျက်လို့ရတဲ့ Tweak တွေအများကြီး ရှိပါတယ်။

#14. Messages on Steroids
iOS 9 မှာ Message App ကနေ audio message, self-destructing attachment နဲ့ interactive noticiation စတဲ့ ထူးရှယ် function တွေကို ထည့်ပေးထားပါတယ်။

“MessageCustomizer” ဆိုတဲ့ Tweak ကတော့ Message app တစ်ခုလုံးရဲ့ အသွင်အပြင်ကို မိမိစိတ်ကြိုက် ပြောင်းလဲနိုင်ပါတယ်။
“Columba” ဆိုတဲ့ Tweak ကတော့ Quick Compose, Message Forwarding & Scheuling နဲ့ Message Template တွေနဲ့ အတော့်ကို စုံလင်လှပါတယ်။

#15. Emulators
ငယ်ငယ်တုန်းက ဆော့ခဲ့တဲ့ Classic Sega နဲ့ Gameboy တွေကို ပြန်လည်ဆော့ချင်ရင်တော့ “GBA4iOS” နဲ့ “RetroArch” ဆိုတဲ့ Tweak လေးတွေနဲ့ Gameboy နဲ့ Classic Sega ဂိမ်းလေးတွေဆော့ရင်း သင့် ငယ်ဘ၀ကို ပြန်လည် အမှတ်ရစေမှာ အသေအချာပါဘဲ။




Nay Lin Aung (Myanmar Mobile App)

No comments:

Post a Comment