Thursday, August 11, 2016

♪ အူရီဒူးအချင်းချင်းအခမဲ့ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်နှင့် အကန့်အသတ်မရှိ Facebook အသုံးပြုနိုင်မည် ♫


Ooredoo Facebook

အူရီဒူးအနေဖြင့် မြန်မာနိုင်ငံအတွင်း အကန့်အသတ်မရှိဖေ့စ်ဘုတ်အသုံးပြုခွင့်နှင့် ငွေထပ်မံဖြည့်သွင်း လိုက်တိုင်း အခမဲ့ဖုန်းခေါ်ဆိုခွင်များကို ကမ်းလှမ်းပေးအပ်သည့် အစီအစဉ်သစ်များ ကမ်းလှမ်း

အူရီဒူးမြန်မာအနေဖြင့် သုံးစွဲသူများနှစ်ခြိုက်မည့် မိုဘိုင်ဖုန်းအသုံးစရိတ် အထူးသက်သာသွားနိုင်မည့်  အစီအစဉ်သစ်များအား ထပ်မံကမ်းလှမ်း ပေးအပ်လိုက်ပါသည် ။ ၄င်းသည် သုံးစွဲ သူများ နေ့စဉ်နှင့်အမျှ အများဆုံးအသုံးပြုလေ့ရှိသည့် Facebook, Voice-Calls တို့အတွက် အထူးသက်သာ သည့်နှုန်းထားဖြင့် အစီအစဉ်သစ်များ ကမ်းလှမ်းပေးလိုက်ခြင်းဖြစ်သည်။ အူရီဒူးမြန်မာအနေဖြင့် သုံးစွဲသူများ အတွက် စိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်မည့် (၁) အကန့်အသတ်မရှိ Facebook အသုံးပြုနိုင်မည့်အစီအစဉ် နှင့် (၂) အူရီဒူးအချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုနိုင်မည့်   အစီအစဉ်တို့ကို မိတ်ဆက်ပေးလိုက်ပါသည်။

အကန့်အသတ်မရှိ Facebook အသုံးပြုနိုင်မည့်အစီအစဉ်တွင် “Facebook Daily“ နှင့် “Facebook Weekly“ တို့ ပါဝင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် ထပ်မံမိတ်ဆက်လိုက်သည့်  နေ့စဉ်သုံး Facebook  အစီအစဉ်ဖြင့် တစ်နေ့လျှင် ၁၉၉ ကျပ်ဖြင့် စာရင်းသွင်းကာ Facebook ကို အကန့်အသတ်မရှိ အသုံးပြုနိုင် မည်ဖြစ်သည်။ အပတ်စဉ်သုံး Facebook အစီအစဉ်သစ်အား ကျပ် ၉၉၉ ကျပ်ဖြင့် အပတ်စဉ်ဝယ်ယူကာ တစ်ပတ် ၇ ရက်ဖြင့် Facebook ကို အကန့်အသတ်မရှိ အသုံးပြုနိုင်မည်ဖြစ်သည်။

သုံးစွဲသူများအနေဖြင့် Facebook ကို အကန့်အသတ်မရှိအသုံးပြုပြီး  ဓာတ်ပုံများတင်ခြင်း၊ ဓာတ်ပုံများကြည့်ရှုခြင်း ၊ Messenger မှတစ်ဆင့် ဖုန်းခေါ်ဆိုခြင်း၊ ဗီဒီယို call ခေါ်ဆိုခြင်း၊ Facebook တွင် တိုက်ရိုက်ဗီဒီယိုများ တင်ခြင်းနှင့်ကြည့်ရှုခြင်း တို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် Facebook နှင့် Messenger အား အသုံးပြုနေသ၍ မည်သည့်အခကြေးငွေမှပေးရန်မလိုပါ။ သုံးစွဲသူများအနေဖြင့် *133# အားခေါ်ဆိုကာ အဆိုပါအစီအစဉ်များအား ဝယ်ယူနိုင်မည်ဖြစ်သည်။ အူရီဒူးအသုံးပြုသူများအနေဖြင့် Facebook အသုံးပြုနိုင်မည့်ပမာဏနှင့် အသုံးပြုခွင့်မှာ လုံးဝအကန့်အသတ်မရှိဘဲ စိတ်ကြိုက်အပြည့်အဝ အသုံးပြုနိုင်မည်ဖြစ်သည်။

အူရီဒူး၏ Facebook Plus နှင့်အတူ“ အခမဲ့ဖုန်းပြောနိုင်ပြီ “ အစီအစဉ်အား စာရင်းသွင်းခြင်းဖြင့်သော် လည်းကောင်း၊ ယခင်ရယူထားသည့်  Facebook Plus အစီအစဉ်ဖြင့်သော်လည်းကောင်း အူရီဒူးအချင်းချင်း တစ်ရက်လျှင် မိနစ်၅၀ အခမဲ့ ဖုန်းခေါ်ဆိုခွင့်များအား ရယူနိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် *133# ကို လွယ်ကူရိုးရှင်းစွာခေါ်ဆိုကာ အဆိုပါအစီအစဉ်အား စာရင်းသွင်းနိုင်မည်ဖြစ်သည်။ စာရင်းသွင်းပြီးသည်နှင့် တစ်ပြိုင်နက် သုံးစွဲသူများအနေဖြင့် ၅၀၀ ကျပ်မှ ၂၉၉၉ ကျပ်အထိ ငွေဖြည့်လိုက်တိုင်း ၅ ရက် အခမဲ့ခေါ်ဆိုခွင့်၊ ၃၀၀၀ ကျပ်မှ ၉၉၉၉ ကျပ်အထိ ငွေဖြည့်လိုက်တိုင်း ၁၀ ရက် အခမဲ့ခေါ်ဆိုခွင့်၊ ၁၀၀၀၀ ကျပ်နှင့် အထက်ငွေဖြည့်လိုက်တိုင်း ၃ဝ ရက် အခမဲ့ခေါ်ဆိုခွင့်များအား ရရှိနိုင်မည်ဖြစ်သည်။

လက်ရှိတွင် အူရီဒူး အနေဖြင့် သုံးစွဲသူများအား အူရီဒူးအချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုခွင့်များ ကိုလည်း ပေးအပ်ထားပါသည်။ မိနစ် ၅၀ အခမဲ့ ဖုန်းခေါ်ဆိုပြီးနောက် သုံးစွဲသူများအနေဖြင့် မူလအစီအစဉ်ဖြစ်သည့် သုံးသလောက်ရှင်းမယ်” အစီ အစဉ်အရ ည ၇ နာရီမှ နံနက် ၇ နာရီအထိ တစ်မိနစ်လျှင် ၂၀ ကျပ်၊ မနက် ၇ နာရီမှည ၇ နာရီအထိ တစ်မိနစ်လျှင် ၂၅ ကျပ်ဖြင့် ပြန်လည်ကောက်ခံသွားမည်ဖြစ်ပါသည်။ အခြားအော်ပရေတာများသို့ ဖုန်းခေါ်ဆိုခ မှာလည်း တူညီသည့်နှုန်းအတိုင်း ကောက်ခံသွားမည်ဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Chief Marketing Officer ဖြစ်သူ Charity Safford က “ ကျွန်မအနေနဲ့ သုံးစွဲသူတွေအတွက် အဆိုပါ အစီအစဉ်သစ်တွေ စတင်ကမ်းလှမ်းပေးနိုင်တော့မှာမို့လို့ တကယ်ကို စိတ် လှုပ်ရှားပျော်ရွှင်မိပါတယ် ။ ကျွန်မတို့ရဲ့ ကတိစကားအတိုင်း မြန်မာနိုင်ငံနဲ့ မြန်မာပြည်ရှိ မိဘပြည်သူများ အတွက် တောက်ပကောင်းမွန်တဲ့ အနာဂတ်နဲ့ ချိတ်ဆက်ပေးနိုင်ဖို့ အကောင်းဆုံးကမ်းလှမ်း မှုတွေ ပြုလုပ်ပေးချင်ပါတယ်။ သူတို့အနေနဲ့ ချစ်ခင်နှစ်သက်သူတွေကို မည်သည့်အချိန်တွင်မဆို၊ မည် သည့်နေရာတွင်မဆို ဆက်သွယ်နိုင်မှာပဲဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ သုံးစွဲသူတွေအတွက် အကောင်းဆုံး ကမ်းလှမ်းမှုတွေနဲ့ နေ့စဉ်မိုဘိုင်းဖုန်းဆက်သွယ်ရေးအတွက် အမှန်တကယ် အသုံးဝင်နိုင်မယ့် အစီ အစဉ်တွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ကျွန်မတို့က ကမ္ဘာ့အဆင့်မီအကောင်းဆုံးနည်းပညာအပြင်၊ သုံးစွဲ သူတွေအနေနဲ့ အသုံးဝင်ပြီး အကြိုက်တွေ့စေမယ့် Facebook အကန့်အသတ်မရှိ အသုံးပြုနိုင်မယ့် အစီအစဉ်နဲ့ အခမဲ့ဖုန်းခေါ်ဆိုနိုင်မယ့် အစီအစဉ်တွေကို ကမ်းလှမ်းပေးအပ်တဲ့ တစ်ဦးတည်းသော အော်ပရေတာဖြစ် ပါတယ်။ ကျွန်မတို့အူရီဒူးမြန်မာ၏ ၀န်ဆောင်မှုကို အသုံးပြုသူတွေဟာ ဖေ့ဘုတ်အသုံးပြုမှုကို ရပ်နားစရာမလိုဘဲ ကြိုက် သလောက်အသုံးပြုခွင့်မှာဖြစ်ပါတယ်။

ကျွန်မတို့အနေနဲ့ အူရီဒူးသုံးစွဲသူတွေ ဒီကမ်းလှမ်းချက်အသစ်တွေကို အထူးအကြိုက်တွေ့မယ်လို့ ယုံကြည်ပါတယ် “ ဟုပြောကြားခဲ့သည်။

သုံးစွဲသူများအနေဖြင့် အဆိုပါ နေ့စဉ်နှင့် အပတ်စဉ် Facebook အကန့်အသတ်မရှိ အသုံးပြုနိုင်မည့် အစီအစဉ်များနှင့် အူရီဒူးအချင်းချင်း အခမဲ့ ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်များကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်တွင် စတင်ရယူ အသုံးပြုနိုင်မည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက အူရီဒူး၏တရားဝင် website ဖြစ်သည့် www.ooredoo.com.mm (သို့) အူရီဒူးမြန်မာ၏ တရားဝင် Facebook တွင် ဝင်ရောက်ကြည့်ရှုနိုင် မည် ဖြစ်သည်။
Credit to ==> Myanmar Digital Life Journal
Credit to ==> Myanmar Digital Life Journal

No comments:

Post a Comment