Saturday, August 6, 2016

♪ ဝက်ဘ်ဆိုဒ်ထဲမဝင်ဝင်အောင် မြှူဆွယ်ရေးသားထားသည့် ‘clickbait’ သတင်းခေါင်းစဉ်များကို Facebook တိုက်ခိုက်ပြီ ♫


Facebook ဟာ News Feed မှာ သင်နဲ့သက်ဆိုင်တဲ့ပို့စ်တွေကိုပဲ ဖော်ပြနိုင်ဖို့အတွက် သူ့ရဲ့ အယ်လ်ဂရစ်သမ်ကို ခဏခဏပြောင်းလဲခဲ့တာကို အသုံးပြုသူတွေ သတိထားမိမှာပါ။

ဒါပေမယ့် ယနေ့ ပြောင်းလဲလိုက်တဲ့ News Feed အယ်လ်ဂရစ်သမ် (algorithm) အသစ်မှာတော့ အင်တာနက်အသုံးပြုသူတွေ စိတ်အနှောင့်အယှက်အဖြစ်ရဆုံး ‘clickbait’ လို့ခေါ်တဲ့ ‘ကလစ်မြှူဆွယ်မှု’ တွေကို အဓိကထားတိုက်ခိုက်သွားမှာဖြစ်ပါတယ်။ Clickbait ဆိုတာ ဝက်ဘ်ဆိုဒ်ထဲကို လူမဝင်ဝင်အောင် မြှူဆွယ်ရေးသားထားတဲ့ သတင်းခေါင်းစဉ်တွေဖြစ်ပါတယ်။

ဥပမာပြောရရင် “ ဆိုဖာကူရှင်အောက်ကို သူမကြည့်မိလိုက်တဲ့အခါမှာတော့ ဒါကို တွေ့ပြီး မှင်တက်မိသွားတယ်” ဆိုတဲ့ ကလစ်မြှူဆွယ်ထားတဲ့ မရိုးမသားသတင်းခေါင်းစဉ်မျိုးဖြစ်ပါတယ်။
UT3GtJ5l

ယခုပြောင်းလဲလိုက်တဲ့ News Feed ဖော်ပြမှုအယ်လ်ဂရစ်သမ်မှာတော့ ဒီလိုခေါင်းစဉ်မျိုးပေးထားတဲ့သတင်းတွေကို လူတွေအတွေ့နည်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ သတင်းမီဒီယာတွေအနေနဲ့ လူတွေစိတ်ဝင်စားဖတ်ရှုမယ့်သတင်းတွေကိုပဲ တင်စေချင်သလို၊ လူတွေအနေနဲ့လည်း ရိုးရိုးရှင်းရှင်း ရေးသားထားတဲ့သတင်းခေါင်းစဉ်တွေကိုပဲ ပိုစိတ်ဝင်စားကြတယ်လို့ ကျနော်တို့ထင်ပါတယ်” လို့ Facebook ရဲ့ News Feed အတွက် ထုတ်ကုန်စီမံခန့်ခွဲမှုဌာန ဒုတိယဥက္ကဌ Adam Mosseri က ရှင်းပြခဲ့ပါတယ်။

Facebook အနေနဲ့ သတင်းခေါင်းစဉ်ပေါင်း ထောင်ပေါင်းများစွာကို လူသားတွေနဲ့ အချိန်ပေးကာ အမှန်တကယ်ဆန်းစစ်လေ့လာခဲ့ပြီး၊ Clickbait ဖြစ်မဖြစ်ကို အဓိကအချက်နှစ်ချက်နဲ့ ဆုံးဖြတ်ထားကြောင်း ၎င်းရဲ့ ဘလော့ဂ်ပို့စ်မှာ ရေးသားဖော်ပြထားပါတယ်။ ပထမတစ်ချက်ကတော့ သတင်းဆောင်းပါးတစ်ခုရဲ့ အကြောင်းအရာကို နားလည်သိရှိဖို့အတွက် လိုအပ်တဲ့သတင်းအချက်အလက်ကို မြှပ်ထားတဲ့ သတင်းခေါင်းစဉ်မျိုးဖြစ်ကာ၊ ဒုတိယတစ်ချက်ကတော့ သတင်းဆောင်းပါးကို အကျယ်ချဲ့လွန်းပြီး၊ တလွဲထင်မြင်မှုတွေဖြစ်ပေါ်စေတဲ့ သတင်းခေါင်းစဉ်မျိုးဖြစ်ပါတယ်။

ဒီအချက်တွေနဲ့ ညီနေတဲ့သတင်းခေါင်းစဉ်မျိုးတွေဟာ လူတွေအတွေ့နည်းသွားမှာကြောင့် သတင်းရေးသားသူတွေအနေနဲ့လည်း မြှူဆွယ်ရေးသားတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။
Facebook အယ်လ်ဂရစ်သမ်အသစ်ဟာ ဒီလို ကလစ်မြူဆွယ်မှုသတင်းတွေနဲ့ လူဝင်နှုန်းဆွဲနေရတဲ့ ဝက်ဘ်ဆိုဒ်တွေအတွက်တော့ စိတ်ပျက်စရာဖြစ်နေမှာပါ။
Credit to ==> Digital Times

No comments:

Post a Comment