Saturday, August 13, 2016

♪ App Store မှာ အချိန်အကန့်အသတ်အတွင်း အခမဲ့ရရှိနိုင်မယ့် အကောင်းဆုံး iOS app ၅ ခု ♫

 

 

App Store မှာ တချို့ developer တွေဟာ အခကြေးငွေနဲ့ရောင်းချထားတဲ့ သူတို့ရဲ့ app တွေကို အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ အခမဲ့ လုပ်ပေးလေ့ရှိပါတယ်။ ဒီ Paid app တွေကို ဘယ်အချိန်ထိ အခမဲ့ရရှိမလဲဆိုတာ developer တွေကလွဲလို့ ဘယ်သူမသိကြပါဘူး။ တစ်ရက်ပဲ အခမဲ့ပေးတာဖြစ်နိုင်သလို၊ တစ်ပတ်ဖြစ်ချင်ဖြစ်မယ်၊ တစ်နာရီထဲဖြစ်ချင်ဖြစ်မယ်။

ဒါပေမယ့် ကျနော်တို့ အာမခံနိုင်တာတစ်ခုကတော့ အခုဒီပို့စ်ရေးသားနေချိန်မှာတော့ ဒီ app တွေဟာ လုံးဝအခမဲ့ဖြစ်ပါတယ်။ ကဲ. အချိန်အကန့်အသတ်အတွင်းမှာပဲ အခမဲ့ပေးထားတာဖြစ်တာကြောင့်၊ ကိုယ်နှစ်သက်ရာ app ကို အမြန်ဆုံးသွားရောက်ဒေါင်းလုဒ်ယူလိုက်ရအောင်။

၁။ Video Downloader for Vine ( ပုံမှန်အားဖြင့် ၂.၉၉ ဒေါ်လာ)

ဗီဒီယိုမျှဝေရေးဆိုက် Vine ပေါ်က အမိုက်စားဗီဒီယိုတွေကို အင်တာနက်မရှိတဲ့အခါ ပြန်ကြည့်နိုင်ဖို့အတွက် ဒေါင်းလုဒ်ဆွဲနိုင်မယ့် app ဖြစ်ပါတယ်။ Vine ပေါ်က ဗီဒီယိုတွေကို ကိုယ့် iPhone ‘Camera Roll’ ထဲ သိမ်းပြီး၊ တခြားဆိုရှယ်ကွန်ရက်တွေပေါ်လည်း ပြန်တင်နိုင်ပါတယ်။ မိမိအီးမေးလ်နဲ့ Video Downloader for Vine ကို log in ဝင်ရောက်ရမှာဖြစ်ကာ၊ ဗီဒီယိုတွေအကန့်အသတ်မရှိ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။


video-downloader-for-vine

Download Video Downloader for Vine

 

၂။ Dual Browser ( ပုံမှန်ဈေး ၃.၉၉ ဒေါ်လာ)

browsing နှစ်ခု တပြိုင်တည်းလုပ်နိုင်မယ့် app ဖြစ်ပါတယ်။ Previous/Next page ခလုတ်၊ URL Save တို့ ပါဝင်ပြီး၊ UI ဒီဇိုင်းကို မမ်မိုရီအစားသက်သာအောင် ပြုလုပ်ထားတာကြောင့် browsing လုပ်ရတာလည်း မြန်ဆန်နေမှာဖြစ်ပါတယ်။ iPhone နဲ့ iPad တွေအတွက်ဖြစ်ပြီး၊ iPad နဲ့ သုံးရတာက ပိုမိုအဆင်ပြေမှုရှိပါတယ်။

dual-browser

Download Dual Browser from Here!

 

၃။ Device System Services ( ပုံမှန်ဈေး ၀.၉၉ ဒေါ်လာ)

ဖုန်းရဲ့ ဟာ့ဒ်ဝဲလုပ်ဆောင်ချက်တွေကို စစ်ဆေးသိရှိနိုင်မယ့် app ဖြစ်ပါတယ်။ System Uptime ၊ Screen resoultion နဲ့ ဆန်ဆာတွေကအစ အလုပ်လုပ်နေတဲ့ပရိုဆက်ဆာအရေအတွက်နဲ့ ဖုန်းစနစ်တစ်ခုလုံးကို သိရှိနိုင်မှာဖြစ်ပါတယ်။


Download Device System Services

 

၎။ TD Battle of the Orc Lord ( ပုံမှန်ဈေး ၅ ဒေါ်လာ)

အရင်တုန်းက ပရီမီယမ်ဗားရှင်းပြောင်းမယ်ဆိုရင် ငါးဒေါ်လာပေးခဲ့ရပေမယ့်၊ ယခုလောလောဆည်အခမဲ့ဖြစ်ပါတယ်။ Orc နဲ့ Human ကြားမှာ ဗျူဟာကျကျတိုက်ပွဲဆင်ရမယ့် Tower Defense ဂိမ်းမျိုးဖြစ်ပါတယ်။ Gem နဲ့ Coin စတဲ့ App တွင်းဝယ်ယူမှုတွေကတော့ ဒေါ်လာနဲ့ပဲ ဝယ်ယူရမှာဖြစ်ပါတယ်။

td-battle-of-the-orc-lord

Download TD Battle of the Orc Lord

၅။ Camera 7 ( ပုံမှန်ဈေး ၀.၉၉ ဒေါ်လာ)

iPhone 7 မှာ ပါဝင်လာမယ်လို့ သတင်းပြေးနေတဲ့ ကျောကင်မရာနှစ်လုံးပုံစံအတိုင်း ရိုက်ပေးနိုင်မယ့် ကင်မရာ app တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ကင်မရာမှာ Object တစ်ခုကို သာမန်မြင်ကွင်းနဲ့ focus ဆွဲထားတဲ့ မြင်ကွင်းနှစ်မျိုးမြင်ရမှာဖြစ်ပြီး၊ focal length နှစ်ခုကို တစ်ပုံချင်းစီ သီးသန့်ချိန်နိုင်မှာဖြစ်ပါတယ်။ ဗီဒီယိုလည်း ရိုက်ကူးလို့ရပြီး၊ Review ဗီဒီယိုတွေ ရိုက်ကူးတဲ့အခါ အပေါ်ကပစ္စည်းမြင်ကွင်းကို ပြနေရင်း၊ အောက်မြင်ကွင်းမှာ အသေးစိတ်မြင်ကွင်းတစ်ခု ထပ်ပြနိုင်မှာဖြစ်ပါတယ်။

camera7



Download Camera 7


Credit to ==> Digital Times








No comments:

Post a Comment