ဓါတ်ပုံရိုက်ချင်တဲ့အခါမှာ ဖုန်းကို Unlock လုပ် Home Screens များမှာ Camera App ကို လိုက်ရှာနေရတာ အလုပ်ရှုပ်ပါတယ်။ အဲဒီအစား ပိုမိုလျှင်မြန်စွာ ဓါတ်ပုံရိုက်နိုင်မယ့် Shortcut ကို အသုံးပြုနိုင်ပါတယ်။ Android မှာ Screenshot ရိုက်တာကနေ Notification များကို Silence လုပ်တာအထိ များစွာသော အသုံးဝင်တဲ့ Shortcuts များပါရှိပါတယ်။ အချို့ အကောင်းဆုံး Android Shortcuts များဟာ ပေါ်ထွက်နေတာ နှစ်အနည်းငယ်တောင်ကြာပါပြီ။ အချို့ကတော့ နောက်ဆုံးထုတ် Android Marshmallow ကို အင်စတောလုပ်ထားတဲ့ Device များမှာသာ အသုံးပြုနိုင်မှာပါ။

၁။ Chrome တွင် Webpage တစ်ခုကို Refresh လုပ်ဖို့ အောက်သို့ဆွဲချပါ။

သင့်ရဲ့ Android မှာ Chrome ကနေ ကြည့်နေတဲ့ ၀က်စာမျက်နှာတစ်ခုကို Reload လုပ်ချင်ရင် နည်းလမ်းများစွာ ရှိပါတယ်။ လိပ်စာဘားရဲ့ ဘယ်ဘက်မှ Refresh Button ကို နှိပ်ပါ။ သို့မဟုတ် အစက်သုံးစက် Menu ကို နှိပ်ပြီး စကရင်ရဲ့ ထိပ်မှ Refresh Icon ကို နှိပ်ပါ။
နောက်ထပ် Shortcut တစ်ခုကတော့ အဲဒီစာမျက်နှာကို အောက်သို့ ဆွဲချပါ။

1

၂။ “ OK Google “ ကို အချိန်မရွေး အသုံးပြုပါ။
Android မှာ Google Now ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို ထည့်သွင်းပေးထားပါတယ်။ အဲဒီ လက်ထောက်ကို ခိုင်းစေဖို့ အရင်ဆုံး Google App ကိုဖွင့်ပြီး “ OK Google “ လို့ အသံနဲ့ ပြော၍ Activate လုပ်ရပါတယ်။ တစ်နည်းအားဖြင့် လက်ထောက်ကို ဆင့်ခေါ်တာပါ။ ဒါပေမယ့် Settings ထဲမှာ ပြင်ဆင်သတ်မှတ်လိုက်ရင်တော့ Google App ကိုဖွင့်စရာမလိုဘဲ အချိန်မရွေး သင့် ကိုယ်ရေးလက်ထောက်ကို ဆင့်ခေါ်နိုင်ပါတယ်။

Google App ကိုဖွင့်ပါ။ ထိပ်မှ Menu ကို နှိပ်ပြီး Settings> Voice> “ OK Google “ Detection ထဲသွားပါ။ “ From any screen” ကို ရွေးချယ်ပေးပါ။ Locked ဖြစ်နေတဲ့ အချိန်မှာပါ လက်ထောက်ကို ဆင့်ခေါ်ချင်ရင် “ Personal Results” မှာပါ Enable လုပ်ပေးပါ။

2

၃။ App Information နဲ့ Settings များအတွက် Shortcut
App Info Screen ကနေ App တစ်ခုနဲ့ ပတ်သက်တဲ့ ဒေတာများကို သိနိုင်ပါတယ်။ အသုံးပြုထားတဲ့ Storage ၊ အသုံးပြုထားတဲ့ ဒေတာပမာဏ၊ Notification ပြသမယ့် အစီအစဉ်နဲ့ ဖန်ရှင်တစ်ခုအတွက် Default App လားဆိုတာတို့ကို သိနိုင်ပါတယ်။

App Info Screen ကိုသွားတဲ့ သမားရိုးကျနည်းလမ်းကတော့ Settings> Apps ထဲ အရင်သွားပါ။ အဲဒီနောက်မှာ App တစ်ခုကို တစ်ချက်နှိပ်ရင် App Info Screen ကို ရောက်ရှိမှာပါ။

Shortcut က ဒီမှာပါ။ App Tray ကိုဖွင့်ပါ။ App Icon တစ်ခုကို ဖိထားပြီး ထိပ်မှာ ပေါ်လာတဲ့ App Info ထံ ပွတ်ဆွဲသွားပါ။

3

၎။ ကင်မရာ App ကိုဖွင့်ဖို့ Power Button ကို နှစ်ချက်နှိပ်ပါ။ ( Marshmallow Only )
Android Phone, Tablet များရဲ့ Lock Screen မှာ ကင်မရာ Shortcut အသေးလေးကို စကရင်ရဲ့ ညာဘက်အောက်ခြေမှာ တွေ့မြင်နိုင်ပါတယ်။ အဲဒီ Shortcut ကို ဖိဆွဲခြင်းဖြင့် ဓါတ်ပုံလျှင်မြန်စွာ ရိုက်နိုင်ပါတယ်။

ဒါဟာ ကောင်းမွန်တဲ့ စွမ်းဆောင်ချက်တစ်ခုပါ။ Marshmallow ကိုထည့်သွင်းထားသူများအတွက် ဖုန်းဟာ Unlock ဖြစ်နေစဉ်မှာ ဓါတ်ပုံလျှင်မြန်စွာ ရိုက်ကူးနိုင်တဲ့ Shortcut အသစ်တစ်ခုကို အသုံးပြုနိုင်ပါတယ်။ Power Button ကို နှစ်ချက်နှိပ်လိုက်တာနဲ့ ဓါတ်ပုံရိုက်နိုင်ပါပြီ။

4

၅။ Do Not Disturb Mode ကို ဖွင့်ဖို့ Volume Down Button ကို ဖိထားပါ။ ( Marshmallow Only)
နောက်ဆုံးထုတ် Android Marshmallow မှာ သင်သတ်မှတ်ထားတဲ့ တစ်နေ့တာရဲ့ အချိန်အပိုင်းအခြားအတွင်းမှာ Incoming Calls, Chats, Notifications နဲ့ အခြား Alerts များကို Silence လုပ်ပေးတဲ့ စွမ်းဆောင်ချက်အသစ်တစ်ခုပါလာပါတယ်။ “ Do Not Disturb” Mode ကို On ထားရင် အရေးကြီးတဲ့ အရာတွေကလွဲပြီး ကျန်တာတွေကို Silence လုပ်ပေးမှာပါ။

“ Do Not Disturb” Mode ကို On ဖို့အတွက် Settings Menu သို့မဟုတ် Quick Settings ကိုသွားစရာမလိုတော့ပါဘူး။ Shortcut က Volume Down Button ကို ဖိထားလိုက်ရုံပါပဲ။ ဒါဆိုရင် Alarms ကလွဲပြီး အခြားအရာများကို Silence လုပ်ပေးမှာပါ။ “ Do Note Disturb” ကို Off ချင်ရင် Volume Up Button ကို ဖိထားပါ။

5

၆။ “ Now on Tap” အကြံပြုချက်များအတွက် Home Key ကိုဖိထားပါ။ ( Marshmallow Only )
သင့်ထံ အလုပ်ကိစ္စနဲ့ ပတ်သက်တဲ့ အီးမေးများစွာ ၀င်လာရင်တော့ အစည်းအဝေးများ၊ ချိန်းဆိုမှုများအတွက် စီစဉ်ဖို့ အလုပ်များ ပေါ်လာမှာပါ။ အဲဒီ အလုပ်များအတွက် “ Now on Tap” ကို အသုံးပြုနိုင်ပါတယ်။

Home Key ကိုဖိထားရင် “ Now on Tap” ကို ပြသပေးမှာပါ။ တစ်နည်းအားဖြင့် Google Now ပုံစံ ကဒ်များဖြစ်ပြီး သတင်းအချက်အလက်များ၊ အကြံပြုချက်များနဲ့ Shortcuts များကို ပြသပေးမှာပါ။

ဥပမာအားဖြင့် Gmail မှာ နေအိမ် အရောင်းအ၀ယ်နဲ့ ပတ်သက်တဲ့ အကြောင်းများ ပါရှိနေရင် “ Now on Tap” က အဲဒီအိမ်ကို Google Maps မှာ ကြည့်ဖို့ ပြသပေးမှာပါ။ ကလင်ဒါမှာ ချိန်းဆိုမှုအတွက် မှတ်သားဖို့ကိုလည်း အကြံပေးမှာပါ။ ပွဲစားရဲ့ ၀က်ဆိုက်လင့်ကိုလည်း ပြသပေးမှာပါ။ Google Play မှာ သီချင်းနားထောင်နေရင်တော့ Home Key ကိုဖိထားရင် YouTube မှာ အဲဒီသီချင်းကို ကြည့်ရှုဖို့ Shortcut ကို ပြသပေးမှာပါ။ အဆိုတော်ရဲ့ Instagram အကောင့်နဲ့ Google News မှ သူ့ရဲ့ သတင်းများကိုပါ မြင်နိုင်ပါတယ်။

6

၇။ Screenshot ရိုက်ဖို့ နည်းလမ်းအသစ်
Android မှာ Screenshot ရိုက်ရတာလွယ်ကူပါတယ်။ များသောအားဖြင့် Volume Down Button နဲ့ Power Button ကို တွဲပြီး နှိပ်ရပါတယ်။

Marshmallow မှာ နည်းလမ်းအသစ်တစ်ခုပါလာပါတယ်။ “ Now on Tap” ကိုဖွင့်ဖို့ Home Button ကို ဖိထားပါ။ Google Button ရဲ့ ဘယ်ဘက်မှ Share Button ကို နှိပ်ပါ။ ဒါဆိုရင် Screenshot ရိုက်ပေးမှာဖြစ်ပြီး Share or Save လုပ်ဖို့ ရွေးချယ်နိုင်ပါတယ်။

7