Wednesday, August 3, 2016

Android Phone များကို Battery အားအမြန်သွင်းနိုင်မည့် နည်းလမ်းများ



ဖုန်းအသုံးပြုနေသောသူများအတွက် အခြေအနေအမျိုးမျိုးနှင့် ကြုံတွေ့နိုင်ပါတယ်။ အားသွင်းသည့်အခါ အေးအေးဆေးဆေး သွင်းနိုင်သည့် အခါမျိုး ရှိတတ်သလို အချိန်မအားမလပ်သည့်ကြားမှ အားကုန်ခါနီးဖြစ်နေသည့်အတွက် အားပြန်သွင်းရသည့် အခါမျိုးလည်း ရှိတတ်ပါတယ်။ ယခုဖော်ပြမည့် နည်းလမ်းများကတော့ Android Phone များကို Battery အားအမြန်ပြန်လည် ပြည့်စေမည့် နည်းလမ်းများဘဲဖြစ်ပါတယ်။
Original Charging Cables ကို အမြဲသုံးစွဲပါ
Phone အမျိုးအစားတစ်ခုနှင့် တစ်ခုမှာ ထုတ်လုပ်ပုံခြင်းမတူပါဘူး။ ထို့အတူ ဗို့အားလည်းမတူနိုင်ပါဘူး။ ထို့အပြင် အားသွင်းသည့် ဘထ္ထရီ အားသွင်းကြိုးများသည်လည်း တစ်ခုနှင့် တစ်ခု ထုတ်လုပ်သည့် နည်းပညာမတူကြပါဘူး။ အားသွင်းကြိုးများကို မူရင်း ကုမ္ပဏီမှ ထုတ်လုပ်တာရှိသလို အခြားသော ကုမ္ပဏီများမှ ထုတ်လုပ်တာလည်းရှိပါတယ်။ အားသွင်းကြိုးများကို အသုံးပြုသည့်အခါ မူရင်းကုမ္ပဏီမှ ထုတ်လုပ်သော ဖုန်းအမျိုးအစားနှင့် ကိုက်ညီသည့် အားသွင်းကြိုးများကိုသာ အသုံးပြုသင့်ပါတယ်။ အဘယ့်ကြောင့်ဆိုသော် အခြားသော ကုမ္ပဏီများသည် ဖုန်းအားသွင်းကြိုးများကို ထုတ်လုပ်နိုင်သော်လည်း မူရင်းကုမ္ပဏီ၏ နည်းပညာအချက်အလက်များကို အသေးစိတ်မသိရှိသည့်အတွက် ထုတ်လုပ်လိုက်သော အားသွင်းကြိုးသည် အဆင့်မမှီဖြစ်တတ်ပြီး ထို အားသွင်းကြိုးများကို အသုံးပြုပါက ဖုန်းကိုပါ ပျက်စီးစေပါတယ်။ ထို့ကြောင့် အားသွင်းကြိုးများကို အသုံးပြုသည့်အခါ မူရင်း ကုမ္ပဏီမှ ထုတ်လုပ်သော အားသွင်းကြိုးများကိုသာ အသုံးပြုသင့်ပါတယ်။ အားသွင်းသည့် အပေါက်တူတယ်ဆိုပြီး အခြားသော Phone Series များမှ အားသွင်းကြိုးများကိုလည်း အသုံးမပြုသင့်ပါဘူး။ သူ့အမျိုးအစားနှင့်သူသာ အသုံးပြုသင့်ပါတယ်။
Airplane Mode ကို အသုံးပြုပါ
ဖုန်းအားသွင်းနေစဉ် Airplane Mode ကို အသုံးပြုသင့်ပါတယ်။ အဘယ့်အကြောင့်ဆိုသော် Airplane Mode ကို ဖွင့်လိုက်သောအခါ အခြားသော Radio Wireless များသည် ပြတ်တောက်သွားပြီး ဖုန်းအားသွင်းသည့် လုပ်ငန်းစဉ်ကို အနည်းငယ် ပိုမိုမြန်ဆန်စေပါတယ်။
အားသွင်းနေစဉ် ဖုန်းကို အသုံးမပြုပါနှင့်
ဒီနည်းလမ်းကတော့ အားလုံးရှင်းမယ်ထင်ပါတယ်။ အားသွင်းလိုက် သုံးနေလိုက်ဆိုတော့ အားကပြန်ပြည့်ဖို့ အတော်ကြာမှာဖြစ်တဲ့အတွက် အားသွင်းနေစဉ် ဖုန်းအသုံးမပြုသင့်ပါ။
ကွန်ပြူတာဖြင့် အားသွင်းခြင်းမပြုလုပ်ရပါ
ဖုန်းများကို အားသွင်းသည့်အခါ ပုံမှန် လျှပ်စစ်မီးဖြင့်သာ အားသွင်းသင့်ပါတယ်။ ကွန်ပြူတာနှင့် ချိတ်ဆက်ပြီး အားသွင်းတာမျိုး မပြုလုပ်သင့်ပါဘူး။ အဘယ့်ကြောင့်ဆိုသော် ကွန်ပြူတာမှပေးသော ဗို့အားနှင့် လျှပ်စစ်မီးမှ ရသောဗို့အားသည် မတူညီနိုင်သည့်အတွက် ကွန်ပြူတာဖြင့် အားသွင်းခြင်း မပြုလုပ်သင့်ပါဘူး။ ဖုန်းဘထ္ထရီကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ 
Ampere or Battery Doctor များကို အသုံးပြုပါ
Ampere or Battery Doctor ဆိုတာကတော့ ဖုန်းအားသွင်းနေစဉ် အားမည်မျှဝင်နေသည် ဆိုတာကို ဖော်ပြပေးသော Application ဖြစ်သည်။ အားသာချက်မှာ မလိုသည့် Cookies Files များရှင်းလင်းနိုင်ခြင်း အားသွင်းနေစဉ် အားပြည့်သွားပါက အားထပ်မ၀င်စေရင် အလိုအလျှောက် ဖြတ်တောက်ပေးခြင်း စသည်တို့ကို လုပ်ဆောင်ပေးပါတယ်။ ဖုန်းအားသွင်းကြိုးနှင့် ဖုန်းကို အမြဲချိတ်ဆက်ထားခြင်းသည် အလွန်ပင်မှားယွင်းပါတယ်။ ဖုန်းအားသွင်းသည့်အခါ Over Charge အားဝင်နိုင်သည့်ပမာဏထက် ပိုမိုသွားပါက ဘထ္ထရီ ပျက်ဆီးနိုင်ပါတယ်။
 
 
 
 
 
 
 
 
အားသွင်းနေစဉ် GPS Navigation , Wifi and Bluetooth များကို ပိတ်ထားပါ
 
 
ဖုန်း အားသွင်းနေစဉ်အတွင်း GPS Navigation , Wifi and Bluetooth များကို ပိတ်ထားသင့်ပါတယ်။ 
 
အဘယ့်ကြောင့်ဆိုသော် GPS Navigation , Wifi and Bluetooth များကို ဖွင့်ထားပါက ဖုန်းအား 
 
အမြန်ကုန်စေသောကြောင့် ဖြစ်ပါတယ်။
 
ဖုန်းများကို အမြန်အားပြည့်စေရန် ဖော်ပြပါအချက်များကို လိုက်နာကျင့်သုံးသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ။
 
 
စီစဉ်တင်ဆက်သူ : ကိုရီချင် (MEHN Team)
Ref: http://www.mehn-mm.com/
 
 

No comments:

Post a Comment