Wednesday, July 13, 2016

Telenor နှင့် Ooredoo/MPT ငွေဖြည့်ကတ်များ အွန်လိုင်းမှ စတင်ဝယ်ယူနိုင်



Telenor နှင့် Ooredoo ငွေဖြည့်ကတ်များ အွန်လိုင်းမှ စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
စတင်ဝယ်ယူငွေပေးချေပြီးနောက် ဝယ်ယူသူ၏ Email လိပ်စာအတွင်းသို့ ငွေဖြည့်ကတ်အား အလိုအလျောက် ချက်ချင်းပေးပို့ပေးမည့် ဝန်ဆောင်မှု ဖြစ်ကြောင်းသိရသည်။ အွန်လိုင်းမှ ဝယ်ယူရမည့် ဝက်ဘ်ဆိုက်လိပ်စာမှာ www.prepaidcard.com.mm ဖြစ်ပြီး ငွေပေးချေမှုစနစ်အတွက် MyanPay Online Payment Gateway အား အသုံးပြုထားကြောင်း သိရသည်။
အဆိုပါဝက်ဘ်ဆိုက်တွင် MPT GSM, CDMA 800/450 MHz, MEC စသည့် ငွေဖြည့်ကတ်များကိုလည်း ရောင်းချခဲ့ပြီး ယခုအခါ Ooredoo, Telenor ငွေဖြည့်ကတ်များကို ထပ်မံရောင်းချပေးခြင်း ဖြစ်ကြောင်း သိရသည်။
အခြားသတင်းများကိုလည်း ===> www.internetjournal.media ၌ ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment