Thursday, July 14, 2016

♪ ကမ္ဘာ့ storage အများဆုံး SATA SSD မော်ဒယ်အသစ်ကို Samsung မိတ်ဆက် ♫


သင့်ကွန်ပြူတာအတွက် ဒေတာသိမ်းဆည်းနိုင်မှုအများဆုံးနဲ့၊ မြန်နှုန်းမြင့် hard drive တစ်လုံး ရှာဖွေနေတယ်ဆိုရင်တော့ Samsung ရဲ့ 850 Evo SATA SSD အသစ် ထွက်ရှိလာပြီဖြစ်ပါတယ်။

လက်ရှိ SATA SSD (solid-state drive) တွေထဲမှာ storage ပမာဏအများဆုံးဖြစ်ပြီး၊ ဈေးကလည်း အတန်ငယ်များပါတယ်။

Samsung ရဲ့ ပြောကြားချက်အရ၊ ယခု 4TB 850 Evo SSD အသစ်ဟာ sequential write speed တစ်စက္ကန့်ကို 520MB အထိရှိပြီး၊ read speed က တစ်စက္ကန့်ကို 540 MB အထိရှိတယ်လို့ သိရပါတယ်။ အရင်ကထွက်ရှိထားတဲ့ storage ကွဲ 850 Evo SSD တွေနဲ့ မြန်နှုန်းအတူတူပဲဖြစ်ပြီး၊ SATA စနစ်ရဲ့ အမြင့်ဆုံးမြန်နှုန်းဖြစ်ပါတယ်။

4TB Evo SSD ဟာ သက်တမ်းအားဖြင့် 300TB အထိ write လုပ်နိုင်ပြီး၊ အရင်လကထွက်ရှိထားတဲ့ 2TB Evo SSD ထက် သက်တမ်းနှစ်ဆလောက် ပိုခံပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၅၀၀ လောက်ရှိပြီး၊ အာမခံသက်တမ်းငါးနှစ်ပေးထားတယ်လို့ သိရပါတယ်။

Samsung ဟာ hard drive တွေထဲမှာ လက်ရှိအချိန်အထိ storage အများဆုံးဖြစ်တဲ့ 16TB SAS SSD ကိုလည်း အရင်လက မိတ်ဆက်ခဲ့ပြီး၊ အခုအခါ တင်ပို့ရောင်းချနေပြီဖြစ်ပါတယ်။
Credit to ==>Digital Times

No comments:

Post a Comment