Thursday, July 14, 2016

Samsung Galaxy J5 နဲ Galaxy E5 တို့အား Root လုပ်နည်း



Samsung Galaxy J5 နဲ Galaxy E5 တို့အား Rootလုပ်နည်း

Samsung Galaxy J5 စမတ်ဖုန်းနဲ Galaxy E5 စမတ်ဖုန်းတို့အား Rootလုပ်နည်းကိုတင်ဆက်ပေးလိုက်ပါတယ်။
Galaxy J5 နဲ E5 ကိုယခုနည်းလမ်းဖြင့်အောင်မြင်စွာ Root လုပ်နိုင်ပါလိမ်မယ်။ ကွန်ပျူတာဖြင့် Root လုပ်ရမှာဖြစ်တဲ့အတွက် လိုအပ်တဲ့ဖိုင် (၂) ခုအား ဒေါင်းလုပ်ရယူထားဖို့ လိုပါလိမ့်မယ်။

Download Files 


ပြီးပါက ဖုန်း၏ Setting> Developer options ထဲက USB debugging အား On လုပ်ထားဖို့ လိုပါလိမ့်မယ်။

ပြီးပါက ဖုန်းရဲ့ (Power Key+ Home Key+ Volume Down) ခလုတ်သုံးခုလုံးကို ဖိနှိပ်ထားပြီး Download Mode ဖော်ထားလိုက်ပါ။

ဒေါင်းထားတဲ့ဖိုင်တွေထဲက နံပါတ်(၁) က Odin Zip File အား Zip ဖြေပြီး Odin3 အား ကွန်ပျူတာတွင် install လုပ်ကာ ၀င်လိုပါ။

Odin3 ဆော့ဝဲလ်ထဲက AP နေရာအားနှိပ်ပြီး နံပါတ်(၂) က ဒေါင်းယူထားတဲ့ CF Auto Root File အားထည့်ပေးလိုက်ပါ။

ပြီးပါက ဖုန်းနဲ ကွန်ပျူတာ အားUSB ကြိုးဖြင့်ချိတ်ဆက်ပေးလိုက်ပါ။
ဖုန်းနဲ ကွန်ပျူတာ ချိတ်ဆက်မူရသွားရင်တော့ Odin3 ဆော့ဝဲလ်ထဲကအောက်နားလေးမှာရှိတဲ့ Start အားနှိပ်လိုက်ရင် Odin3 ဆော့ဝဲလ်၏အပေါ်နားတွင် အစိမ်းရောင်အကွက်လေးနဲ PASS! လိုပြသွားပြီဆိုရင်တော့ ဖုန်းဟာ Restart ကျပြီး ပြန်ပွင့်လာရင်တော့ Root လုပ်တာအောင်မြင်သွားပါပြီ။
ဖုန်းမှာ SuperSU App လေးကိုတွေ့ ရမှာဖြစ်ပါတယ်။

Root လုပ်တာအောင်မအောင်စစ်ဆေးလိုလျှင် http://goo.gl/bNrmYw တွင် Root Checker Basic အားဒေါင်းလုပ်ရယူပြီးစစ်နိုင်မှာဖြစ်ပါတယ်။

No comments:

Post a Comment