Monday, July 11, 2016

Facebook Account နှင့် G-mail Account အသစ်ကို ဖုန်းဖြင့် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံးဖွင့်နည်း



Facebook Account အသစ်ကို သင်ကိုယ်တိုင် ဖုန်းဖြင့် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံးဖွင့်နည်းလေးပါ။ Confirm Code ရိုက်ဖြည့်စရာမလိုသလို Connection ကောင်းလျင် အချိန် (၁၀) မိနစ်ခန့်သာ ကြာနိုင်ပါသည်။

ရှေးဦးစွာ G-mail အကောင့်လိုအပ်ပါတယ်။

G-Mail Account  ဖွင့်နည်း
၁။ G-mail အကောင့်ဖွင့်ရန် ဖုန်းမှာ G-mail apk ရှိရပါမယ်။ G-mail apk ဖွင့်ဝင်ပြီးလျင် ထို apk မှ setting ကိုဝင်ပါ။ add account ကိုနှိပ်ပါ။ ထို့နောက် ထပ်ပေါ်လာသော existing နှင့် new မှ new ကို နှိပ်ပါ။ မိမိဖုန်းရဲ့ Apk ပေါ်မှာမူတည်ပြီး စာအနည်းငယ်တော့ ကွဲပြားနိုင်ပါသည်။ (ဥပမာ new = create)






၂။ Add a Google Account အတွက် first name, last name ကို ဖြည့်ပါ။ username တွင် သင်အသုံးပြုလိုသည့် နာမည်ထည့်ပါ။ ထိုနာမည်သည် သင်၏ email address ဖြစ်လာပါမည်။ သေချာစွာ မှတ်သားထားပါ။ နာမည်တူရှိလျင် သင်ရွေးချယ်ရန် အခြားနာမည် ပေးလာပါမည်။ ထို့နောက် next ကိုနှိပ်ပါ။





၃။ Type a password အတွက် သင့်ရဲ့ password အနည်းဆုံး ၈ လုံး ရိုက်ထည့်ပေးပါ။ ထိုအရာသည် သင်၏ gmail password ဖြစ်ပါသည်။ သေချာစွာ မှတ်သားထားပါ။ confirm password တွင် ထို password ကို ပြန်ရိုက်ထည့်ပါ။ ထို့နောက် next ကို နှိပ်ပါ။


၎။ Security question ကို သင်ကြိုက်ရာရွေးပါ။ Answer တွင် ဖြေပါ။ Secondary email တွင် သင့်မှာရှိလျင် ထည့်ပါ။ မရှိလျင်လည်း ထားခဲ့ပါ။ Create ကို နှိပ်ပါ။ Google Term Service တွင် English ကိုရွေးပါ။ I agree, Next ကိုနှိပ်ပါ။  
မိမိဖုန်းရဲ့ Apk ပေါ်မှာမူတည်ပြီး စာအနည်းငယ်တော့ ကွဲပြားနိုင်ပါသည်။



၅။ ဖော်ပြထားသော စာလုံးများကို ရိုက်ထည့်ပါ။ Next ကိုနှိပ်ပါ။ ထို့နောက် Finish ကို နှိပ်ပါ။ Add a Google Account ပေါ်လာသည်တွင် Finish setup ကို နှိပ်ပါ။




သင် Gmail account တစ်ခုရသွားပါပြီ။ 
ယခု G-Mail account ကို ကျွန်တော် စဖွင့်ချိန်ဟာ 4:55 AM ကပါ။ ပြီးချိန်မှာ 4:57 AM ပါ။ Screen Capture ရိုက်နေချိန်ရောမှ စုစုပေါင်း (2) မိနစ်ပဲ ကြာတာပါ။ 


Refresh ဖြစ်စေရန် Menu> Setting> Account and sync ၀င်ပြီး sync လုပ်လိုက်လျင် သင့် Mail box ထဲသို့ Gmail Team မှ အသိအမှတ်ပြုသော Mail ၃ စောင် ရောက်လာပါမည်။




No comments:

Post a Comment