Friday, July 15, 2016

♪ မိုဘိုင်းလ်ဂိမ်းသမိုင်းမှာ အကြီးမားဆုံးဂိမ်းအဖြစ် Candy Crush ကိုကျော်ဖြတ်ပြီးစံချိန်တင်ခဲ့တဲ့ Pokemon Go ♫ Friday, July 15, 2016 Pyae Phyo (MMiTD) No comments မကြာသေးမီကမှ ထွက်ရှိလာခဲ့တဲ့ Pokemon Go ဂိမ်းဟာ ထွက်ရှိပြီး မကြာခင်မှာပဲ ခေတ်အစားဆုံး လူကြိုက်အများဆုံး Mobile App တွေထဲက တစ်ခု ဖြစ်လာခဲ့ပါပြီ။ ဘယ်လောက်ထိ ခေတ်စားလာသလဲ ဆိုရင် ဒီဂိမ်းကို ဆော့ကစားတဲ့သူတွေဟာ အမေရိကန်ပြည်ထောင်စုမှာဆိုရင် Twitter ကို နေ့စဉ်အသုံးပြုတဲ့ သူတွေနဲ့တောင်တူညီလာပြီး Facebook သုံးတဲ့အချိန်တွေထက်တောင် Pokemon Go ဂိမ်းကို ဆော့ကစားတဲ့အချိန်တွေက ပိုမိုများပြားလာခဲ့တာဖြစ်တယ်လို့ သတင်းတွေကဆိုကြပါတယ်။ ပြီးခဲ့တဲ့ ၇ရက်နေ့ကမှ ထုတ်လုပ်ခဲ့တာ ဖြစ်ပေမယ့် ဒီဂိမ်းကို ဒေါင်းလုဒ်လုပ်တဲ့သူတွေဟာ ၇ရက်အတွင်းမှာ အကြိမ်ရေ ၁၅သန်းကျော်ရှိလာခဲ့တာပါ။ အဲ့ဒီအပြင်ဂိမ်းကိုဆော့ကစားတဲ့သူတွေဟာ Twitter ကိုနေ့စဉ်သုံးစွဲ သူတွေနီးပါးလောက် ရှိလာခဲ့ပါတယ်။ ဒီလိုဆော့ကစားတဲ့သူတွေဟာ အမေရိကန်ပြည်ထောင်စုက Android ဖုန်းသုံးစွဲသူတွေရဲ့ ၅.၉၂ ရာခိုင်နှုန်းက နေ့စဉ်ဆော့ကစားကြတာလည်း ဖြစ်တယ်လို့ SimilarWeb မှာဖော်ပြထားချက်အရ သိရပါတယ်။ unnamed (12) အဲ့ဒီလိုမျိုး Pokemon Go ဂိမ်းဟာ လူမှုကွန်ယက်မီဒီယာတွေရဲ့ သုံးစွဲသူတွေအပေါ် ရိုက်ခတ်ရုံသာမကပဲ မိုဘိုင်းလ်ဂိမ်းတွေအားလုံးကိုလည်း အလဲထိုးအနိုင်ယူခဲ့ပြန်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေတုန်းက အကြီးမားဆုံးဂိမ်းအဖြစ် စံချိန်တွေချိုးခဲ့တဲ့ Candy Crush, Clash Royale, Minecraft နဲ့ Slither တို့လိုဂိမ်းတွေကို Pokemon Go ဟာကျော်တက်ခဲ့ပြီး “အမေရိကန်သမိုင်းမှာအကြီးမားဆုံးမိုဘိုင်လ်ဂိမ်း” ဖြစ်လာပြီ ဖြစ်တယ်လို့ SurveyMonkey ရဲ့ ဖော်ပြချက်အရသိရပါတယ်။ pokemon1_col ဒါဟာဆိုရင် Pokemon Go ရဲ့ နေ့စဉ်ဆော့ကစားသူတွေပေါ် မူတည်တွက်ချက်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့တနင်္လာနေ့တုန်းက အမေရိကန်ပြည်ထောင်စုမှာ ဆော့ကစားသူဦးရေ ၂၁သန်းရှိလာခဲ့ပါတယ်။ ဒါဟာ ၂၀၁၃ခုနှစ်တုန်းက စံချိန်တင်ထားတဲ့ Candy Crush ရဲ့စံချိန်ကို ကျော်တက်ခဲ့တာပါ။ Credit to ==> Digital Times


မကြာသေးမီကမှ ထွက်ရှိလာခဲ့တဲ့ Pokemon Go ဂိမ်းဟာ ထွက်ရှိပြီး မကြာခင်မှာပဲ ခေတ်အစားဆုံး လူကြိုက်အများဆုံး Mobile App တွေထဲက တစ်ခု ဖြစ်လာခဲ့ပါပြီ။ ဘယ်လောက်ထိ ခေတ်စားလာသလဲ ဆိုရင် ဒီဂိမ်းကို ဆော့ကစားတဲ့သူတွေဟာ အမေရိကန်ပြည်ထောင်စုမှာဆိုရင် Twitter ကို နေ့စဉ်အသုံးပြုတဲ့ သူတွေနဲ့တောင်တူညီလာပြီး Facebook သုံးတဲ့အချိန်တွေထက်တောင် Pokemon Go ဂိမ်းကို ဆော့ကစားတဲ့အချိန်တွေက ပိုမိုများပြားလာခဲ့တာဖြစ်တယ်လို့ သတင်းတွေကဆိုကြပါတယ်။

ပြီးခဲ့တဲ့ ၇ရက်နေ့ကမှ ထုတ်လုပ်ခဲ့တာ ဖြစ်ပေမယ့် ဒီဂိမ်းကို ဒေါင်းလုဒ်လုပ်တဲ့သူတွေဟာ ၇ရက်အတွင်းမှာ အကြိမ်ရေ ၁၅သန်းကျော်ရှိလာခဲ့တာပါ။ အဲ့ဒီအပြင်ဂိမ်းကိုဆော့ကစားတဲ့သူတွေဟာ Twitter ကိုနေ့စဉ်သုံးစွဲ သူတွေနီးပါးလောက် ရှိလာခဲ့ပါတယ်။ ဒီလိုဆော့ကစားတဲ့သူတွေဟာ အမေရိကန်ပြည်ထောင်စုက Android ဖုန်းသုံးစွဲသူတွေရဲ့ ၅.၉၂ ရာခိုင်နှုန်းက နေ့စဉ်ဆော့ကစားကြတာလည်း ဖြစ်တယ်လို့ SimilarWeb မှာဖော်ပြထားချက်အရ သိရပါတယ်။
unnamed (12)

အဲ့ဒီလိုမျိုး Pokemon Go ဂိမ်းဟာ လူမှုကွန်ယက်မီဒီယာတွေရဲ့ သုံးစွဲသူတွေအပေါ် ရိုက်ခတ်ရုံသာမကပဲ မိုဘိုင်းလ်ဂိမ်းတွေအားလုံးကိုလည်း အလဲထိုးအနိုင်ယူခဲ့ပြန်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေတုန်းက အကြီးမားဆုံးဂိမ်းအဖြစ် စံချိန်တွေချိုးခဲ့တဲ့ Candy Crush, Clash Royale, Minecraft နဲ့ Slither တို့လိုဂိမ်းတွေကို Pokemon Go ဟာကျော်တက်ခဲ့ပြီး “အမေရိကန်သမိုင်းမှာအကြီးမားဆုံးမိုဘိုင်လ်ဂိမ်း” ဖြစ်လာပြီ ဖြစ်တယ်လို့ SurveyMonkey ရဲ့ ဖော်ပြချက်အရသိရပါတယ်။

pokemon1_col

ဒါဟာဆိုရင် Pokemon Go ရဲ့ နေ့စဉ်ဆော့ကစားသူတွေပေါ် မူတည်တွက်ချက်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့တနင်္လာနေ့တုန်းက အမေရိကန်ပြည်ထောင်စုမှာ ဆော့ကစားသူဦးရေ ၂၁သန်းရှိလာခဲ့ပါတယ်။ ဒါဟာ ၂၀၁၃ခုနှစ်တုန်းက စံချိန်တင်ထားတဲ့ Candy Crush ရဲ့စံချိန်ကို ကျော်တက်ခဲ့တာပါ။
Credit to ==>  Digital Times


No comments:

Post a Comment