Tuesday, July 12, 2016

♪ Android အတွက် အကောင်းဆုံး Music Player ၅ ခု ♫


Android သုံးပစ္စည်းများ တစ်ဆင့်ထက်တစ်ဆင့် ဖွံ့ ဖြိုးလာတာနဲ့ အမျှ music player တွေဟာလည်းပဲ ဖွံ့ ဖြိုးလာကာ developer တွေမှလည်း သူတို့ ရဲ့ Music players တွေမှာ လက်ရှိ features တွေနဲ့  အတူအသစ်တွေကိုပါ ထည့်သွင်းလာကြပါတယ်။ ဈေးကွက်ထဲမှာ သီချင်းဂီတဆိုင်ရာအက်ပလီကေးရှင်းတွေ အများကြီး ရှိကြပါတယ်။ အများစုကတော့ တစ်ခုကောင်းနှစ်ခုကောင်းဆိုတဲ့ features တွေပဲပါကြတာပါ။ ဂီတကို စွဲလမ်းရူးသွပ်သူတစ်ဦးအနေနဲ့ တော့ ပြီးပြည့်စုံသည့် music player အက်ပလီကေးရှင်းတစ်ခုကို ရွေးရတာဟာ အတော်ရှုပ်ထွေးတဲ့အရာတစ်ခု ဖြစ်နိုင်ပါတယ်။
သင့်ရဲ့ ရှုပ်ထွေးတဲ့ နေ့ စဉ်ဇယားနဲ့ အတူ တပါတည်း အတူရှိနေနိုင်မည့် Music Player တစ်ခု လိုပါတယ်။ အဲဒီ Music player ဟာ တေးသီချင်းတွေရဲ့ အရည်အသွေးကို မလျော့ပါးစေဘဲ ကိုယ်နှစ်သက်သလို ပြင်ယူလို့ လည်း ရနိုင်ဖို့ လိုပါတယ်။ အခုဖော်ပြပေးမှာကတော့ သင့်ရဲ့ ဂီတ နားဆင်ခြင်းအတွေ့ အကြုံကို အဆင့်တိုးမြှင့်ပေးနိုင်တဲ့ အကောင်းဆုံး Android Music Player app တစ်ချို့ ပါပဲ။
Poweramp Music Player    
Poweramp Music Player ကတော့ ဈေးကွက်ထဲမှာ တကယ့်ကို စွမ်းရည်မြင့်တဲ့ Music player အက်ပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။ အသုံးဝင်တဲ့ features တွေ အမြောက်အများနဲ့ အတူ ရွေးချယ်စရာ setting ချိန်ညှိချက်တွေလည်း အများအပြား ပါရှိထားပါတယ်။ Play Store ပေါ်မှာ ဒေါင်းလုပ်ဆွဲမှုပေါင်း သန်း ၅၀ ကျော်နဲ့ အတူ ဈေးကွက်ထဲမှာ အကြီးအကျယ် မျက်နှာပန်းလှတဲ့ အက်ပလီကေးရှင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် Poweramp Music Player ကို ၁၅ ရက်ပဲ အခမဲ့ သုံးခွင့်ပေးထားပါတယ်။ အဲဒီကာလလွန်တာနဲ့  ဒီအက်ပလီကေးရှင်းကို ဝယ်ဖို့ လိုပါတယ်။ ဒါပေမယ့် Poweramp ဟာ ပေးရတာနဲ့ တန်ပါတယ်။
Poweramp မှာ အသံညှိပေးတဲ့ equalizer တစ်ခု နဲ့  ဂရပ်နဲ့ ပြတဲ့ 10- band ရှိတဲ့ tone setting တစ်ခု ပါဝင်ပါတယ်။ tone အပြောင်းအလဲကို ထိန်းချုပ်ပေးမှုနဲ့  ဘေ့စ်သံနဲ့ အမြင့်ဆုံးဘယ်သံထွက်စေတဲ့ Treble ကို သီးခြားစီ ခွဲခြားပေးထားပါတယ်။ အီလက်ထရောနစ် ဂီတတွဲလုံး ၁၆ တွဲနဲ့ စတင်ပြီး သုံးစွဲသူကိုယ်တိုင် စိတ်ကြိုက် electronic music တွေဖန်တီလို့ ရအောင် လုပ်ပေးထားပါတယ်။ အဲဒီမှာဆိုရင် ကိုယ်ပိုင် themes တွေရှိပြီး Playstore ပေါ်ကနေပြီးတော့လည်း themes တွေ အများကြီးကို ရယူနိုင်ပါတယ်။ ဒ့ါ့အပြင် MusiXmatch Plugin ဒါမှမဟုတ် auto feature တစ်ခုကို သုံးပြီး activate လုပ်လို့ ရနိုင်တဲ့ သီချင်းစာသား Lyrics plugin လည်း ပါရှိလာပါတယ်။
Poweramp မှာဆိုရင် Lockscreen ရွေးတာတို့ ၊ အယ်လ်ဘမ်တို့ ၊ ဖွင့်တာနဲ့ ပေါ်လာမယ့် မျက်နှာပြင်ကို ရွေးခြယ်ပေးခြင်းတို့ (Startup Screen Selection ) ၊ Themes တို့  Music folder ရွေးချယ်ချက်တို့ ၊ Headset နဲ့  သီချင်းတစ်ပုဒ်ကို နားထောင်တာနဲ့ အဲဒီသီချင်းကို ဝက်ဘ်ဆိုဒ်မှာ ပို့ ပေးပြီး  ကိုယ့်ရဲ့ music profile မှာ သွားထည့်ထားပေးနိုင်တာမျိုး စသည်ဖြင့်  စိတ်ကြိုက်ရွေးချယ်နိုင်စရာတွေ အများကြီးပါလာပါတယ်။ ဒါ့အပြင် အသံပိုင်းဆိုင်ရာ Buffer size ဖြည့်ပေးတာမျိုး ၊ အသံပိုင်း focus ပေးတာမျိုး နဲ့  မျက်နှာပြင် အတိမ်းအစောင်းပြုပေးနိုင်တဲ့ Feel tweaks လို မျိုး ၊ Status Bar ရွေးလို့ ရတာမျိုး စသည်ဖြင့် Advanced tweaks တွေလည်း ထပ်ထည့်အားဖြည့်ထားပါတယ်။ တေးဂီတကို အရူးအမူးဖြစ်သူ တစ်ယောက်အတွက်တော့ Poweramp Music player က ဝယ်ရတာ တန်ပါတယ်။
Power AMP Music Player ကိုတော့အောက်က link မှာရယူနိုင်ပါတယ်။
Musixmatch – Lyrics & Music
Musixmatch music & Lyrics ကတော့ ဂီတကို အကြီးမားဆုံး တေးသွားကတ်တလောက်ကြီးနဲ့  ပေါင်းစပ်ပေးထားတာပါ။ဒါက သင့်ရဲ့ တေးသီချင်းfolder ထဲက သီချင်းဖိုင်တွေအားလုံးကို ချိန်ညှိပေးပြီး database ထဲမှ တေးသွားတွေနဲ့ လည်း လိုက်ပြီး ချိန်ညှိပေးပါတယ်။ သီချင်းစာသားကို ဖော်ပြရာမှာ ကဲ့သို့ ပင် ။ တေးသီချင်းများကို ဖွင့်ရာမှာလည်း လှပတဲ့ ဒီဇိုင်းတစ်ခု ပါ ပါရှိလာပါတယ်။Musixmatch ဟာ သင့်အနေနဲ့ Offline ဖြစ်နေစဉ်မှာတောင် သီချင်းနဲ့ စာသားတွေကို အမျိုးမျိုး ပြောင်းလဲစေခြင်းဖြင့် နှစ်သက်မှုပေးနိုင်ပါတယ်။ ဒီအက်ပလီကေးရှင်းဟာ Offline သုံးဖို့ အတွက် စာသားတွေကို ဒေါင်းလုပ်ဆွဲပေးပြီး သီချင်းဖွင့်တဲ့အခါ ဖော်ပြပေးတာပါ။
Musixmatch ဟာ အသုံးတည့်ပြီးကောင်းမွန်သည့် features တွေနဲ့ ကိုယ်ပိုင် Music player တစ်ခုလည်း ပါရှိပါတယ်။ သင့်အနေနဲ့ Poweramp, Spotify ၊ Play Musix နှင့် တစ်ခြား music Player များကိုသုံးပြီး သီချင်းနားထောင်နေစဉ်မှာပဲ Lyric features တွေကနေ စာသားတွေကို ဆွဲယူလို့ ရပါတယ်။
Musixmatch music & Lyrics Player ကိုအောက်က link မှာရယူနိုင်ပါတယ်။
         Google Play Music
         Google Music player ကတော့ Google ကနေ ဆွဲယူလို့  ရတဲ့ ရိုးရှင်းတဲ့ ဂီတအက်ပလီကေးရှင်းလေးတစ်ခု ဖြစ်ပါတယ်။ ဒီ player လေးက သင့်ရဲ့ Android ပစ္စည်းပေါ်မှာ ဖြစ်စေ အွန်လိုင်း ဂီတ ကတ်တလောက်ပေါ်ကနေပဲ ဖြစ်စေ သိမ်းထားတဲ့ တေးသီချင်းတွေကို နားထောင်လို့ ရပါတယ်။ ဒီအက်ပလီကေးရှင်းလေးဟာ သင့်ဘဝထဲမှာ ဂီတဟာ အမြဲတမ်း ပါရှိနေစေဖို့  သင်နားဆင်နေတတ်တဲ့ အလေ့အကျင့် ၊ စိတ်အခြေအနေ ၊ ရှာနေကျ ပုံစံ စသည့်အချက်လေးတွေကနေ တေးသီချင်းပိုင်းဆိုင်ရာ အကြံပြုချက်လေးတွေကို ပေးသွားမှာ ဖြစ်ပါတယ်။
Google play musicဟာ သုံးရတာလွယ်ကူပြီး သီချင်းအပုဒ်ရေ သန်း ၃၀ ကျော်ကို ကြန့် ကြာမှုမရှိပဲ ရယူသုံးစွဲလို့ ရနိုင်အောင် လုပ်ထားပါတယ်။ သူ့ မှာ သင့်ဖုန်းထဲကို သီချင်းတွေကို ဒေါင်းလုပ်ဆွဲဖို့  အသုံးတည့်သည့် feature တစ်ခု ပါလာပြီး သင့်အနေနဲ့  လိုင်းချိတ်မထားရင်တောင် နားထောင်လို့ ရနိုင်ပါတယ်။ဒါ့အပြင် သင့်ရဲ့ music library ထဲကို တေးဂီတပေါင်း ၅၀၀၀၀ ကျော်ကို လည်း ထည့်ပေးထားပြီး သင့်ဖုန်းနဲ့  ချိန်ညှိပေးထားပါတယ်။ Google Play Music ကိုတော့အောက်က link မှာရယူနိုင်ပါတယ်။
         Shuttle Music Player
         Shuttle Player ကတော့ သင့်ရဲ့ Android ဖုန်းအတွက် ပေါ့ပေါ့ပါးပါး နဲ့ ရိုးရှင်းတဲ့ feature တွေပါဝင်တဲ့ Music player တစ်ခုဖြစ်ပါတယ်။ User Interface အနေနဲ့ လည်း ကောင်းမွန်ပြီး Android Version အကုန်လုံး နဲ့  အဆင်ပြေပြေ run လို့ ရနိုင်ပါတယ်။ အခမဲ့ ရယူနိုင်တဲ့ Version မှာ အသုံးဝင်တဲ့ features တွေ အများကြီး ပါဝင်လာပြီး တစ်ခြား features တွေကို တော့ ဝယ်ယူမှသာ သုံးစွဲလို့ ရနိုင်မှာ ဖြစ်ပါတယ်။
Shuttle Music Player ကတော့ နာမည်ကြီး material design နဲ့ လာတာဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့  ကာလာအနုအရင့် အပါအဝင် ရွေးလို့ ရတဲ့ Themes တွေအများကြီးလည်း ပါဝင်လာပါတယ်။သင့်ရဲ့ မျက်နှာပြင် ပေါ်က ဆန်းပြားတဲ့ အသွင်ရှိတဲ့ ပုံရိပ်တွေကို လိုသလို ပြောင်းလို့ ပြုလို့ ရပါတယ်။သူကတော့  bass သံကို ဟိန်းအောင် မြှင့်ပေးချက်တွေ ၊ အလစ်အဟာမရှိ ဖွင့်လို့ ရနိုင်အောင်လုပ်ထားတာတွေ ၊ စာသားထည့်သွင်းပေးနိုင်ခြင်း နဲ့  အလိုအလျောက် အယ်လ်ဘမ်တစ်ခုကို ဒေါင်းလုပ်ပေးခြင်းမျိုးတွေ နဲ့ အတူ 6- Band equalizer တစ်ခု အသေပါဝင်လာပါတယ်။ Shuttle Music Player ကိုတော့ အောက်က link မှာရယူနိုင်ပါတယ်။
DoubleTwist Music Player, Sync
DoubleTwist Music Player ကတော့ iTunes မှာ လူကြိုက်များတဲ့ music player တစ်ခုပါပဲ။ သူ့ ကိုတော့ iTunes နဲ့ podcast ၊ AirPlay တွေနဲ့ ဆင်တဲ့ features ပါတဲ့Android တွေနဲ့ လည်း ချိန်ညှိထားပါတယ်။
ဒီ Player မှာ လှပပြီး သုံးလို့ လွယ်တဲ့ interface တစ်ခုလည်းပါပြီး ကျား/မ အလိုက် ၊ အဆိုတော်အလိုက် ၊ အယ်လ်ဘမ်နဲ့  သီချင်းအလိုက် တေးဂီတတွေကို တင်ထားနိုင်ပါတယ်။ အခမဲ့ ဗားရှင်းမှာ ကောင်းမွန်တဲ့ features တွေပါရှိပြီး AirSync တို့ AirPlay နဲ့  DLNA support တို့ လို သီးသန့်  features တွေကို ရယူဖို့ ဆိုရင် သင့်အနေနဲ့  ဒီအက်ပလီကေးရှင်းထဲကနေ ဒါတွေကို ဝယ်ယူဖို့ လိုပါတယ်။ ဒါ့ကြောင့် ဒါလေးဟာ Music player လည်းဖြစ်သလို သုံးစွဲသူကို အလိုအလျောက်ဖိုင်တွေကို ဒေါင်းပေးတဲ့ full feature ပါ podcast manager တစ်ခုလည်းဖြစ်ပါတယ်။ Double Twist Music Player ကိုတော့အောက်က link မှာရယူနိုင်ပါတယ်။
နောက်ထပ် အလန်းစား Music Player လေးတွေကိုလည်းထပ်မံဖော်ပြပေးသွားပါဦးမယ်။

Wai Linn Aung (Myanmar Mobile App)

No comments:

Post a Comment