Saturday, June 18, 2016

♪ ကြော်ငြာဗီဒီယိုတစ်ခုကို ကုန်ကျစရိတ်နည်းနည်းနဲ့ ကိုယ်တိုင်ရိုက်ချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် Youtube Director app ♫


ကြော်ငြာဗီဒီယိုရိုက်ဖို့အတွက် ငွေကုန်ကြေးကျသိပ်မသုံးချင်တဲ့ စီးပွားရေးလုပ်ငန်းငယ်တွေအတွက် ကိုယ်တိုင်ကြော်ငြာဗီဒီယိုတွေ ရိုက်နိုင်မယ့် app တစ်ခုကို ယနေ့ပဲ Youtube က ထုတ်ပေးလိုက်ပါတယ်။

Youtube Director လို့အမည်ပေးထားတဲ့ အဆိုပါ iOS app ကို အခမဲ့ဒေါင်းလုဒ်ရယူနိုင်ပြီး၊ Android အတွက် လည်း မကြာခင်ထွက်ရှိမှာပါ။

Youtube Director app ထဲမှာ ကြော်ငြာဗီဒီယိုရိုက်ဖို့အတွက် template တွေ၊ ရိုက်ကူးပုံလမ်းညွှန်ချက်အဆင့်ဆင့်၊ ဗီဒီယိုမှာ စာသား/animation ထည့် edit လုပ်ဖို့ tools တွေ နဲ့ သံစဉ်တွေပါဝင်ပြီး၊ အကုန်အခမဲ့သုံးစွဲနိုင်မှာဖြစ်ပါတယ်။

ကြော်ငြာဗီဒီယိုအတွက် ပိုက်ဆံအများကြီးမသုံးချင်တဲ့ စီးပွားရေးလုပ်ငန်းလေးတွေအနေနဲ့ စမတ်ဖုန်းနဲ့တင် အမိုက်စားကြော်ငြာဗီဒီယိုတစ်ခု ကိုယ်တိုင်ရိုက်ကူးနိုင်မယ့် အကောင်းဆုံး Director app တစ်ခုဖြစ်ပါတယ်။

ကြော်ငြာဗီဒီယိုကောင်းတစ်ခုဖြစ်ဖို့ ဘာတွေရိုက်ရမယ်၊ ဘာတွေပြောရမယ်၊ ဘာတွေပါရမယ် ဆိုတာကိုပါ app ကနေ လမ်းညွှန်ချက်ပေးသွားမှာဖြစ်တာကြောင့် မရိုက်တတ်မှာလည်း စိုးရိမ်စရာမရှိပါဘူး။

ဖုန်းနဲ့ ဗီဒီယိုမရိုက်ချင်တဲ့ စီးပွားရေးလုပ်ငန်းတွေအတွက်လည်း Youtube Director ဆိုက်ကနေ ပရိုဖက်ရှင်နယ်ကင်မရာသမား တစ်ယောက် ခေါ်ရိုက်နိုင်ပါသေးတယ်။ ဒါပေမယ့် ဒီလိုကင်မရာမန်းခေါ်နိုင်ဖို့ အတွက်တော့ သင်ဟာ Youtube ads တွေမှာ ဒေါ်လာ ၁၅၀ ဖိုးအနည်းဆုံး သုံးပေးရမှာဖြစ်ပါတယ်။ ဒေါ်လာ ၁၅၀ ဖိုးသုံးပြီးသူတိုင်း အခမဲ့ကင်မရာမန်းခေါ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ လောလောဆည်တော့ အမေရိကရဲ့ မြို့ကြီးတွေမှာပဲ ရနိုင်သေးတာကြောင့် ဒီဝန်ဆောင်မှုကတော့ မြန်မာနိုင်ငံအနေနဲ့ သိပ်မဆိုင်သေးပါဘူး။

အကယ်၍ ကိုယ်ရိုက်ချင်တဲ့ကြော်ငြာက မိုဘိုင်းအက်ပလီကေးရှင်းကြော်ငြာလိုမျိုး ကွန်ပြူတာဂရပ်ဖစ်များများ သုံးရတာတွေဆိုရင်လည်း၊ ကိုယ့် app ကို Playstore မှာ တင်တုန်းက သုံးထားတဲ့ screeshot တွေ၊ လိုဂိုနဲ့ ဗီဒီယိုတွေကို Youtube Director ၀က်ဘ်ဆိုဒ်မှာ တင်လိုက်ရုံနဲ့ အလိုအလျောက်ကြော်ငြာဗီဒီယိုတစ်ခုအဖြစ် ပြောင်းပေးသွားမှာဖြစ်ပါတယ်။

အောက်ပါကြော်ငြာဗီဒီယိုကတော့ Youtube Diretor မိုဘိုင်းအက်ပလီကေးရှင်းကို အသုံးပြုပြီး ရိုက်ကူး၊ဖန်တီးထားတဲ့ ဆံသဆိုင်ကြော်ငြာဖြစ်ပါတယ်။




Credit to ==> Digital Times

No comments:

Post a Comment