Thursday, June 16, 2016

♪ MPT ဖုန်းများတွင် သောကြာနေ့တိုင်း ကြိုတင်ငွေဖြည့်၍ အင်တာနက်အခမဲ့ သုံးနိုင်ပြီ ♫


1280px-Logo_of_MPT.svg

MPT ၏ ဒေတာလက်ကျန်ငွေ အပိုဆောင်းပေးအပ်ခြင်းအစီအစဉ်ဖြင့် သုံးစွဲသူများ ပိတ်ရက်တွင် အင်တာနက်အခမဲ့ အသုံးပြုနိုင်တော့မည်ဖြစ်သည်။

သုံးစွဲသူ သန်း၂၀ကျော်ရှိနေပြီး မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ပိတ်ရက်များတွင် အင်တာနက်အခမဲ့သုံးနိုင်မည့် အထူးအစီအစဉ်တစ်ခုကို ယနေ့အသိပေးလိုက်သည်။MPTသည်သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် သောကြာနေ့တွင် ငွေဖြည့်သူများမှာ သောကြာ၊စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် အင်တာနက် အခမဲ့ အသုံးပြုနိုင်မည် ဖြစ်သည်။ ထိုအစီအစဉ်ကို ဇွန်လ ၁၇ရက် သောကြာနေ့တွင် စတင်အသုံးပြုနိုင်မည်ဖြစ်သည်။

အဆိုပါအထူးအစီအစဉ်သည် ဇွန်လ ၁၇ရက်နေ့မှ စတင်ကာ နှစ်ပတ်ပိတ်ရက်များအတွက်ဖြစ်သည်။ MPT ဝန်ဆောင်မှုအသုံးပြုသူများသည် သောကြာနေ့တွင် ကြိုတင်ငွေဖြည့်ကာ ထိုသောကြာနေ့မှ စတင်ပြီး စနေနေ့ နှင့် တနင်္ဂနွေနေ့ ဆက်တိုက် ပိတ်ရက်များတွင် အင်တာနက် အခမဲ့ အသုံးပြုနိုင်မည်ဖြစ်ပြီး ငွေဖြည့် ပမာဏပေါ် မူတည်၍ အင်တာနက်ကို အခမဲ့  အသုံးပြုနိုင်မည်ဖြစ်သည်။ ယခုအခမဲ့ အင်တာနက် ၀န်ဆောင်မှုသည် သောကြာနေ့ ငွေဖြည့်သူ များ အတွက်သာ အသုံးပြုနိုင်မည်ဖြစ်သည်။  MPT ၏ ဂျီအက်အမ် နှင့် ဒဗလျူစီဒီအမ်အေ အသုံးပြုပြီး ဆွေသဟာ ဝန်ဆောင်မှု ရယူထားသူ အားလုံးသည် ယခု အင်တာနက် အခမဲ့ အသုံးပြုမှု အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။

ငွေဖြည့်သည့် ပမာဏအလိုက် အောက်ပါအခမဲ့ ဒေတာအသုံးပြုမှုများ ရရှိမည်ဖြစ်သည်။

Friday Top-Up Denomination (Ks) Free MBs
1000 20
3000 80
5000 150
10,000 and above 400

“ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရ သုံးစွဲသူတွေဟာ ပိတ်ရက်တွေမှာ မိသားစု၊ မိတ်ဆွေတွေနဲ့ ဆက်သွယ်ဖို့တွေ၊ ပိတ်ရက်ဓါတ်ပုံတွေနဲ့ သူတို့ရဲ့ အတွေ့အကြုံတွေကို လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝေမျှတာတွေအတွက် ပိုမိုသုံးစွဲတယ်လို့ သိထားပါတယ်။ ကျွန်တော်တို့ အနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို နားထောင်ပြီး အကောင်းဆုံး ဝန်ဆောင်မှုတွေ ပြန်ပေးသွားဖို့ အမြဲတမ်း ကြိုးစားနေပါတယ်။ အခုအစီအစဉ်နဲ့ ပိတ်ရက် သောကြာ၊ စနေ၊ တနင်္ဂနွေတွေမှာ ဘယ်နေရာမှာပဲရောက်နေ ရောက်နေ တစ်ဦးနဲ့ တစ်ဦး အဆက်အသွယ်ရနေနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဒါကြောင့် ကျေးဇူးပြုပြီး သောကြာနေ့မှာ လက်ကျန် ငွေဖြည့်ပြီး ပိတ်ရက်တွေမှာ အပိုဆောင်း လက်ဆောင် အင်တာနက်ဝန်ဆောင်မှုကို အသုံးပြုလိုက်ပါ” ဟု MPT-KSGM (KDDI Summit Global Myanmar Co. Ltd.) မှ စီးပွားရေးဌာနကြီး ၏ အရာရှိကြီး ဖြစ်သူ မစ္စတာ Koichi Kawase ကပြောသည်။

No comments:

Post a Comment