Sunday, June 5, 2016

Mobile service သမားများအတွက် အသုံးဝင် Application များ



Mobile service သမားများ ဖုန်းထဲမှာဆောင်ထားသင့်တဲ့ အသုံးချဆော့ဝဲလ်လေးတွေ မျှဝေပေးလိုက်ပါတယ်ခင်ဗျာ… ကျနော့်လို beginner များအတွက်ပါဗျ… apk ဖိုင်ဆိုဒ်သေးသလို အရမ်းလည်း အသုံးဝင်ပါတယ်။ ရှိပြီးသားတွေလဲဖြစ်ချင်ဖြစ်မှာပါ။

၁။ Magnifier
ဒီဆော့ဝဲလေးက circuit ထဲက component လေးတွေကို အနီးကပ် ပုံကြီးချဲ့ရိုက်ယူနိုင်တဲ့ဆော့ဝဲလေးပါ။ IC တွေ မဖြုတ်ခင် မှတ်တမ်းတင်ထားဖို့ဖြစ်စေ၊ မေးစရာရှိရင်ဖြစ်စေ၊ ပြန်လည်မျှဝေပေးဖို့ဖြစ်စေ အသုံးကျပါတယ်။ microscope ကြီးတွေဝယ်သုံးစရာ မလိုတော့ဘူးပေါ့နော်။
Magnifier apk download>>
၂။ iFixit
ကျနော်တို့ ဖုန်းတစ်လုံးကိုဖြုတ်တော့မယ်ဆို စနစ်တကျဘယ်လိုဖြုတ်ရမလဲဆိုတာ အရင်က Youtube မှာရှာရသလို၊ www.ifixit.com မှာ သွားရှာကြရပါတယ်။ ခုတော့ အင်တာနက်လေးဖွင့်ပြီး ဒီ apk လေးထဲကနေ လိုချင်တဲ့ model ကိုရိုက်ရှာလိုက်ယုံပါပဲ။ ဖြုတ်ပုံဖြုတ်နည်း တွေကို တစ်ပုံချင်းစီပြသပေးပါလိမ့်မယ်…။
iFixit apk download >>
၃။ RepliGo Reader
ဖုန်းထဲမှာ Schemetic diagram တွေ၊ ebook တွေဖတ်နိုင်ဖို့ ဆော့ဝဲလေးပါ။ Adobe reader က တစ်ချို့ဖုန်းတွေမှာ အလုပ်ကောင်း²မလုပ်တတ်လို့ ဒီ apk လေးကို သုံးကြည့်လိုက်ပါ။ အင်္ဂလိပ်စာအုပ် တွေဆို အသံထွက်ဖတ်ပြပေးတဲ့ Readout loud စနစ်ပါ ပါဝင်ပါတယ်။
RepliGo Reader download >>
၎။ PicSay Pro
ဒါလေးကတော့ ဓာတ်ပုံပေါ်မှာ စာရေး၊ အညွှန်းတပ်၊ ပုံပြင် ကြိုက်ရာလုပ်လို့ရတဲ့
ဆော့ဝဲလေးပါ။ Hardware error လေးတွေ မေးဖို့ ၊ ပြောပြဖို့အတွက် Magnifier လေးနဲ့ရိုက်ပြီး ဒီဆော့ဝဲနဲ့ စာရေး အညွှန်းတပ်လိုက်ရင် အိုကေပေါ့ဗျာ…
Picsaypro apk download >>
၅။ ElectroDroid
ဒီဆော့ဝဲလေးက ဖုန်းနဲ့ ကွန်ပျူတာထဲမှာပါတဲ့ electronic components ပစ္စည်းလေးတွေ အသေးစိတ်အလုပ်လုပ်ပုံ သိရှိဖို့၊ တန်ဖိုးတွေတွက်ထုတ်ခိုင်းဖို့၊ စတဲ့ လေ့လာစရာတွေ စုစည်းထားတဲ့ အကောင်းဆုံး ဆော့ဝဲလေးတစ်ခုပါ…
ElectroDroid download >>
၆။ Hardwares
Samsung ဖုန်းတွေရဲ့ Image layout ပုံတွေနဲ့အတူ hardware ဆိုင်ရာ ပြစ်ချက်ပြုပြင်ခြင်းတွေကို လေ့လာနိုင်စေမယ့် ဆော့ဝဲလေးပါ။ ဆရာဦးမောင်နိုင် ရေးသားခဲ့တဲ့ tutorial တွေအများဆုံး ပါဝင်ပါတယ်။
Hardwares
၇။ GNotes
Colour note ဆော့ဝဲထက်ပိုကောင်းတဲ့ ဒီ apk လေးက စာတွေမှတ်ရုံတင်မဟုတ်ဘဲ ဓာတ်ပုံတွေပါ တွဲပြီးမှတ်လို့ရပါတယ်၊ email နဲ့ချိတ်ထားရင် ဖုန်းနောက်တလုံးပြောင်းလဲ ဒီဆော့ဝဲပြန်သွင်းပြီး email ထည့်လိုက်တာနဲ့ မှတ်ထားသမျှတွေပြန် ပေါ်ပါတယ်။ Facebook ကဆရာတွေတင်သမျှ copy, paste လုပ်ပြီး သိမ်းဆည်းထားနိုင်တာပေါ့နော်…
GNotes download >>
၈။ ZArchiver
သင်ဒေါင်းလုတ်ဆွဲခဲ့တဲ့ ဖိုင်တွေက zip ဖိုင်တွေဖြစ်နေခဲ့ရင် တစ်ချို့ဖုန်းတွေထဲမှာ ဖွင့်ကြည့်လို့မရနိုင်ပါဘူး။ ဒီဆော့ဝဲလေးက အဲ့ဒီ zip ဖိုင်တွေကို ဖုန်းထဲမှာတင် ဖြည်နိုင်၊ ဖွင့်သုံးနိုင်စေပါတယ် ခင်ဗျာ…

 ZArchiver download >>
Credit >>> မူရင်းရေးသားမျှဝေသူ

No comments:

Post a Comment