Friday, June 17, 2016

Messenger ထဲမှာ ၀ှက်ထည့်ထားတဲ့ ဘောလုံးဂိမ်းကို ကစားနိုင်မယ့်နည်းလမ်း


လက်ရှိကျင်းပလျက်ရှိတဲ့ UEFA ဥရောပချန်ပီယံရှစ် (ယူရို) ပွဲကိုဂုဏ်ပြုတဲ့အနေနဲ့၊ Facebook ဟာ Messenger ထဲမှာ ဘောလုံးဂိမ်းလေးတစ်ခုကို ထည့်သွင်းပေးထားပါတယ်။
သိပ်မကြာခင်ကလည်း Facebook ဟာ Messenger မှာ ဘတ်စကတ်ဘောပစ်တဲ့ဂိမ်းတစ်ခုကို hidden ထည့်သွင်းပေးခဲ့ဖူးပြီး၊ သုံးစွဲသူတော်တော်များများ အကြိုက်တွေ့ခဲ့ကြတဲ့ဂိမ်းလေးဖြစ်ပါတယ်။
အခု ပါလာတဲ့ ဘောလုံးဂိမ်းကို ကစားချင်တယ်ဆိုရင်တော့၊ မိမိဖုန်းထဲမှာ Messenger အက်ပလီကေးရှင်း နောက်ဆုံး update ရှိရမှာဖြစ်ပါတယ်။Messenger ကို update လုပ်ပြီးပြီဆိုရင်၊ ဖုန်း Settings ထဲကနေ Applications ထဲဝင်ပြီး၊ Messenger ကို ရွေးပေးကာ၊ Clear Cache လုပ်ပေးလိုက်ပါ။
  • Clear လုပ်ပြီးသွားပြီဆိုရင်၊ Messenger app ထဲ ပြန်ဝင်လိုက်ပါ။
  • ထို့နောက်၊ Friend တစ်ယောက်ယောက်ဆီကို ဘောလုံးပုံ emoji လေး ပို့လိုက်ပါ။
3552047F00000578-0-image-m-22_1466020354921
  • ကိုယ်ပို့ထားတဲ့ဘောလုံးပုံလေးကို နှိပ်လိုက်ရင်၊ ဂိမ်းစခရင်တစ်ခုပေါ်လာမှာဖြစ်ပြီး၊ ဘောလုံးကို အောက်မကျအောင် တော့ကစားပေးရမှာဖြစ်ပါတယ်။
3552048500000578-3643574-In_the_latest_update_on_mobile_devices_the_social_media_network_-a-38_1466021464579
  • ကိုယ် ဘောလုံးပုံ emoji ပို့လိုက်တဲ့ သူငယ်ချင်းနဲ့လည်း၊ နှစ်ယောက်ပြိုင် ကစားနိုင်ပြီး၊ ဘောလုံး အောက်ကျသွားတဲ့လူက ရှုံးမှာပါ။
  • Android ကော iOS မှာပါ ဆော့ကစားနိုင်ပြီး၊ ကွန်ပြူတာ browser ကနေတော့ ဆော့လို့မရပါဘူး။
Facebook ဟာ ယခုဘောလုံးဂိမ်းနဲ့ ဘတ်စကတ်ဘောဂိမ်းအပြင်၊ ချက်စ်ဂိမ်းတစ်ခုကိုလည်း Messenger မှာ ထည့်ထားပေးပါတယ်။ ဒါပေမယ့် ချက်စ်ဂိမ်းကတော့ စာရိုက်ဆော့ရတာဖြစ်တာကြောင့်၊ နည်းနည်းတော့ အခက်အခဲရှိပြီး၊ ဒီနိုင်ငံမှာ ဆော့တာသိပ်မတွေ့ရပါဘူး။
ဘတ်စကတ်ဘောဂိမ်းကတော့ ဆော့ရတာလွယ်ကူပြီး၊ စွဲလည်းစွဲတာကြောင့် လွန်ခဲ့တဲ့သုံးလအတွင်းမှာ ဆော့ကစားမှုအကြိမ်ပေါင်း တစ်ဘီလီယံတောင်ကျော်ခဲ့တယ်လို့ သိရပါတယ်။ ဘတ်စကတ်ဘောဂိမ်းကစား ချင်တယ်ဆိုရင်လည်း အဆိုပါအတိုင်း ဘတ်စကတ်ဘောပုံ emoji ကို တစ်ယောက်ယောက်ဆီ ပို့လိုက်ရင် ရပါတယ်။ Chess ထိုးချင်တယ်ဆိုရင်တော့ သူငယ်ချင်းတစ်ယောက်နဲ့ ပြောထားတာထဲမှာ ‘@fbchess’ ဆိုတာကို ရိုက်ထည့်လိုက်ပြီး ကစားနိုင်ပါတယ်။
Ref: DailyMail

No comments:

Post a Comment