Thursday, June 9, 2016

♪ iPhone ကို Android စနစ်နဲ့ အလုပ်လုပ်စေနိုင်မယ့် iPhone ကာဗာ ♫


ကျွန်တော်တို့သိထားတာက iPhone မှာသုံးတဲ့ iOS စနစ်နဲ့ Google ရဲ့ Android OS စနစ်တို့ဟာ မဟာပြိုင်ဘက်တွေပါ။ iOS စနစ်သုံး iPhone ဖုန်းမှာ Android စနစ်အလုပ်လုပ်ဖို့၊ Android ဖုန်းတွေမှာ iOS စနစ်အလုပ်လုပ်ဖို့မပြောနဲ့ တူညီတဲ့ Software/Application ကိုတောင် OS စနစ်မတူလို့ ထည့်သွင်းလို့မရပါဘူး။

ဒါပေမယ့် အခုတော့ Developer တစ်ဦးဖြစ်သူ Nick Lee ဟာ ဒီအိပ်မက်တွေကို လုပ်ဆောင်ပြီး ဖြစ်နိုင်တယ်ဆိုတာကို သက်သေပြလိုက်ပါပြီ။ အရင်တုန်းက Window 95 ကို Apple Watch မှာ အလုပ်လုပ်ပြခဲ့ဖူးသူ တစ်ယောက်ဖြစ်တဲ့ Nick Lee ဟာ ယအခုအခါမှာတော့ ပရောဂျက်အသစ်တစ်ခုကို လုပ်ဆောင်ပြခဲ့ပြီး အဲ့ဒါကတော့ iPhone ကို 3D Print နည်းပညာနဲ့ တည်ဆောက်ပြုလုပ်ထားတဲ့ ကာဗာထဲထည့်ပြီး Android စနစ်နဲ့ အလုပ်လုပ်ပြခဲ့တာဖြစ်ပါတယ်။

iphone-android-cover1

ဒီလိုလုပ်ပြခဲ့တဲ့ ဗီဒီယိုကို သူ့ဘလော့မှာဖော်ပြခဲ့ပြီး အားပေးမှုတွေရရှိခဲ့ပါတယ်။ အရင်ဆုံး Lee ဟာ iPhone ထဲက App တစ်ခုထဲကို ဝင်ရောက်လိုက်ပြီးနောက်မှာ ဖုန်းကာဗာထဲထည့်လိုက်ပြီး ဖုန်းကာဗာကကြိုးနဲ့ Lightning Port မှာ ချိတ်ဆက်လိုက်ပါတယ်။ အဲ့ဒီအခါ iPhone ရဲ့ interface ဟာ  android ဖုန်းတွေအတိုင်း ပြောင်းလဲသွားတာကို တွေ့ရပါတယ်။

အထဲက App တွေအကုန်လုံးလည်း Android ဖုန်းတွေမှာ တွေ့ရတဲ့  App တွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ App တွေကိုလည်းအသုံးချပြခဲ့ပြီး Google Play Store, Calculator, စတဲ့ App တွေအကုန်လုံးက အလုပ်လုပ်တဲ့အပြင် ကီးဘုတ်ကအစ Google ရဲ့ Default ကီးဘုတ်အဖြစ်ပြောင်းသွားတာကို တွေရမှာပါ။ ချောချောမွေ့မွေ့သိပ်မရှိပေမယ့် iPhone ပေါ်မှာ ဒီလောက်အလုပ်လုပ်တာကိုပဲ အဆင်ပြေတယ်ဆိုရမှာပါ။

iphone-android-cover2

ဒီလိုချိတ်ဆက်အသုံးပြုတဲ့ ဖုန်းကာဗာကို 3D Print နည်းပညာနဲ့ ထုတ်လုပ်ထားတာဖြစ်တယ်လို့ Lee ရဲ့ ဘလော့ဂ်မှာ ရေးသားထားပါတယ်။ ကာဗာအနေနဲ့ ထည့်သွင်းထားတဲ့ ပစ္စည်းတွေကြောင့် သာမန်ထက် ပိုမိုကြီးမားနေခဲ့ပါတယ်။ Lee အနေနဲ့ ကတော့ သူ့ပုံစံအတိုင်း ဒါကိုတမင်လုပ်ပြနိုင်ဖို့အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့ဟန်တူပါတယ်။ သူလုပ်ခဲ့တဲ့ လုပ်ဆောင်ချက်ကို အောက်ကဗီဒီယို မှာကြည့်ရှုနိုင်ပါတယ်။
Credit to ==> Digital Times

No comments:

Post a Comment