Sunday, June 12, 2016

♪ Facebook Comment မှာ ဗီဒီယိုနဲ့ ပေးလို့ရပြီ ♫


အမေရိကန် လူမှုကွန်ယက်ကုမ္ပဏီကြီး Facebook ဟာ သူတို့ရဲ့ လုပ်ဆောင်ချက်အသစ်တစ်မျိုးဖြစ်တဲ့ Video Comment အစီအစဉ်ကို ဒီနေ့မှာပဲ ကြေငြာခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်ကြောင့် နောက်ပိုင်းမှာ အွန်လိုင်းဗီဒီယို စနစ်တွေ ဆက်လက်ကြီးထွား လာလိမ့်ဦးမယ်လို့ မီဒီယာတွေက ခန့်မှန်းခဲ့ကြပါတယ်။

လာမယ့် ၂၀၂၀ခုနှစ်ကျရင် အင်တာနက်ဗီဒီယို Traffic တွေဟာ အင်တာနက်အသုံးပြုသူတွေရဲ့ ၈၂ရာခိုင်နှုန်းကို ကိုယ်စားပြုလာမှာဖြစ်တယ်လို့ Cisco Visual Networking Index ရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။

Video Comment လုပ်ဆောင်ချက်အသစ်ကို Facebook ရဲ့ 50th Hackathon အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ကုမ္ပဏီက ဘလော့ဂ်မှာရေးသားထားခဲ့ပါတယ်။ ဒီအဖွဲ့ဟာ ယခင်တုန်းကလည်း Facebook အသုံးပြုသူတွေကို Comment တွေမှာ ဓာတ်ပုံနဲ့ Sticker တွေမန့်လို့ရအောင် ပြုလုပ်ပေးခဲ့ဖူးတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

တကယ်လို့ ဒီသတင်းအတိုင်းသာ အတည်ဖြစ်ခဲ့မယ်ဆိုရင်တော့ နောက်ဆိုရင် Comment တွေမှာ Video Meme တွေ၊ ရုပ်ပြောင်ဗီဒီယိုတွေကို တွေ့ရဖို့ ရှိနေခဲ့ပါပြီ။ Facebook ရဲ့ Video Comment လုပ်ဆောင်ချက်ကို ဒီနေ့ကစပြီး စတင်ရရှိနိုင်နေပြီ ဖြစ်ပါတယ်။
Credit to ==> Digital Times

No comments:

Post a Comment