Tuesday, June 14, 2016

♪ Facebook ကို ဟက်မခံရအောင် 95% Security ခံထားနည်း ♫




Facebook ကို ဟက်မခံရအောင် 95% Security ခံထားနည်း

မင်္ဂလာပါ ဒီရက်ပိုင်းတင်မဟုတ်ဘူး
ဘယ်တော့မှ မရိုးအီနိုင်တဲ့
အကြောင်းအရာတစ်ခုက
Cyber Bullying Case ပဲဖြစ်ပါတယ်။အများဆုံးဖြစ်တဲ့
အရာကတော့ Facebook အကောင့် အဟက်
ခံလိုက်ရကနေ
ဟက်သွားတဲ့သူက အဟက်ခံလိုက်ရတဲ့ အကောင့်ပိုင်ရှင်ထံ
ငွေညှစ်ခြင်း၊ အဟက်ခံလိုက်ရတဲ့ အကောင့်အားညစ်ညမ်း
Page အဖြစ်ပြောင်းလဲလိုက်ခြင်း..
စတာတွေက နိစ္စဒူဝ မရိုးအီနိုင်တဲ့
အဖြစ်အပျက်တွေပဲ
ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုတွေဖြစ်ရတာလည်း??
အဓိက အကြောင်းအရင်းကတော့
User တွေရဲ့ ညံ့ဖျင်းမှု၊ ပေါ့လျော့မှုတွေက အဓိကဖြစ်ပါတယ်။
ကျတော်ရိုင်းသွားရင်တော့ခွင့်လွှတ်ပါ။
လူငယ်ပဲဖြစ်ဖြစ်၊
လူလတ်ပဲ ဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ်၊ ပုထုဇဉ်လူသား
တွေပဲ ဗျာ….
တဏှာတော့ မကင်းကြပါဘူး။ ဒီလိုမျိုး စိတ်တွေကြောင့်ချစ်သူ ကောင်လေးတွေကို
စိတ်ပြေအောင် Facebook မှ Sex Chat
တာမျိုးတွေလည်း
မလုပ်သင့်ကြပါဘူး။ ဘယ်လောက်ချစ်ချစ်အပြင်မှာတွေ့ဆုံလို့ရနေတဲ့ခေတ်ပါဗျာ….
အခုတော့ Facebook ထဲက Chat
ထဲမှာ ၀တ်လတ်စတစ်ပုံတွေအပြန်အလှန်ပို့၊
Masturbation အတွက်
Sex Chat
ကြနဲ့… တစ်ကယ်လည်းစိတ်ပျက်ဖို့ကောင်းပါတယ်။
မလုပ်နဲ့လို့မတားမြစ်ပါဘူး
မိမိကိုယ်တိုင် မိမိအကောင့်ကို စိတ်ချရအောင်လုံခြုံမှုရော
လုပ်ထားကြလို့လား….. ဒီလိုမျိုးတွေလုပ်ထားပြီးမှ အကောင့်
လည်းပါသွားရော…
ဟက်သွားတဲ့လူကကြည့်မှာပဲ…. တစ်ကယ်တမ်း
အကောင့်ဟက်တယ်ဆိုတာကလည်း
User တစ်ယောက်ရဲ့ အကောင့်ကိုထိုးဖောက်ဝင်ရောက်ရာကနေ
ထို User ရဲ့ Privacy အားလုံးကိုလည်း
ချိုးဖောက်သွားကြတာပါပဲ…
ဒီလိုအချိန်မှာ ထိုဟက်သွားတဲ့လူက ခြိမ်း
ခြောက်မယ်၊
ငွေညှစ်မယ် ဆိုတဲ့အခါမျိုးကျမှ ဂယောက်ဂယက်တွေဖြစ်ပြီးမရှု နိုင်
မကယ်နိုင်နဲ့ အရပ်ကူပါ ၊ လူဝိုင်းပါတွေဖြစ်ကုန်တော့ ကူညီတောင်း
ခံရတဲ့ လူပါ
အပူတွေကူးကုန်ရော.. ဒီတော့ အစကတည်းက မိမိအကောင့်ကို
မိမိလုံခြုံအောင် ထိမ်းသိမ်းဖို့က မိမိတာဝန်သာဖြစ်ပါတယ်။
ကျတော်လည်း
အရင်က
G-mail, Facebook နဲ့ အချို့ အချို့သော အရာတွေရဲ့ Security
ပိုင်တွေကို
အခါသင့်လျှင် သင့်သလို ဖော်ပြပေးထားခဲ့ဖူးပါတယ်။ ဒီတစ်ခါတော့Facebook
Account ကိုပဲ သီးသန့် ပြန်ရေးပေးပါ့မယ်။ G-mail Account
ကိုအရင်ဆုံး
Security
ခံထားဖို့အတွက်လည်း လေ့လာပြီး လုပ်ဆောင်ထားဖို့လိုအပ်မှာ ဖြစ်ပါတယ်.
အကောင့်တခုမှ မိမိရဲ့ gmail..သည်သာလျှင် ပင်မ အရေးပါတယ်ဆိုတာ
သိထားသင့်ပါတယ်..
ကိုဖတ်ပြီးမှ
လက်ရှိ Facebook Account ကို လုပ်ပါမယ်။ ကဲ စရအောင်
အရင်ဆုံး
မိမိအကောင့်ကို ဖွင့်ထားလိုက်ပါမယ်။ ဒီနောက်တော့အောက်ပါ
ပုံအတိုင်း


မိမိအကောင့်ရဲ့
Settings ကိုသွားပါမယ်။ ထို့နောက်တော့


အထက်ပါပုံအတိုင်း
Security ကို နှိပ်လိုက်ပါမယ်။ ပြီးသွားရင်တော့
ညာဖက်ခြမ်းမှ
စပြီး တစ်ခုချင်းစီလုပ်ဆောင်ပါ့မယ်။ အရင်ဆုံး    Login
Alerts Services
ကိုဖွင့်ပါမယ်။


Login
Alerts ဆိုတာကတော့ သင့်အကောင့်ကို လက်ရှိသုံးနေကျ
Browser မဟုတ်တဲ့
Any Browser, Any Devices မှ ၀င်ရောက်သုံးစွဲတဲ့အခါမှာ
လှမ်းပြီး အသိပေးဖို့ဖြစ်ပါတယ်။ လက်ရှိကတော့
Don’t
get notifications ဆိုတာဖြစ်နေပါမယ်။ ဒါကိုကျတော်တို့က
Notifications
မှာရော Email address မှာရောကို မျှားအနီရောင်ပြထားတဲ့ Get Notifications နဲ့ Email loginalerts to MAIL ဆိုတာကို
ရွေးချယ်ပေးလိုက်ပြီး
Save Changes လုပ်လိုက်ပါ့မယ်။ဒီအခါမှာ
သင်ပြောင်းလဲလိုက်တဲ့
Setting Configured
အတွက်


အထက်ပါပုံအတိုင်း
Password ပြန်တောင်းပါလိမ့်မယ်။ ကျတော်တို့က
Password
ကိုရိုက်ပြီး Submit လုပ်လိုက်ပါ့မယ်။ ဒါဆိုရင် Changed settings
ဖြစ်သွားပါလိမ့်မယ်။
#Login Approval On ထားခြင်း
Login
Approval On ထားတယ်ဆိုတာကတော့ သင့်အကောင့်ကို
မတူညီတဲ့
Devices, Browser ကနေ၀င်တဲ့အခါမှာ သင်ကိုယ်တိုင်းသင့်အကောင့်ရဲ့
Password ကို သိတာတောင်မှ သင့်အကောင့်ထဲ
ကိုဝင်ဖို့
OTP (One Time Password) ပုံစံမျိုး စက္ကန့် ၃၀ တိုင်းမှာ
ပြောင်းလဲနေတဲ့
Code ကို ထည့်မှ ၀င်နိုင်တာမျိုးဖြစ်ပါတယ်။


ကျတော်တို့က
အထက်ပါပုံအတိုင်းမှ မျှားအနီရောင်ပြထားတဲ့
Require security
code to access my account from unknown   Browsers

ဆိုတာကို အမှန်ခြစ်လေး နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်တော့


အထက်ပါပုံအတိုင်း
သင့်အကောင့်ကို Login Approvals ခံဖို့အတွက်
Box ပေါ်လာရင်
ကျတော်တို့က Get started ဆိုတာကို နှိပ်လိုက်ပါ့မယ်။
ဒီအချိန်မှာတော့


အထက်ပါပုံအတိုင်း
ကျတော်တို့က Security Code ကို သတ်မှတ်ဖို့
အတွက် လက်ရှိ
ဘယ် Devices ကိုသုံးနေတာလည်း ဆိုတာကို
သတ်မှတ်ပေးရမှာဖြစ်ပါတယ်။
ကျတော်ကတော့ Android Devices
ကိုသုံထားတဲ့အတွက်ကြောင်
Android, iPhone or iPod Touch
ဆိုတာကို
Radius Check Box လေးကို နှိပ်လိုက်ပါမယ်။ပြီးရင်တော့
အောက်ပါပုံအတိုင်း


Continue
ကို နှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့ သင့်အကောင့်ကို


Login
Approval ဖွင့်ထားလိုက်ပြီဖြစ်ပါတယ်။ Login Approval
ဆိုတာကတော့
OTP နဲ့ အလားသဏ္ဍာန်တူတဲ့အတွက်ကြောင့်
ထို Code
ကိုရယူနိုင်ဖို့က Account Setting ထဲက Code Generatorထဲကနေသွားယူရတာဖြစ်ပါတယ်။
ဒါက ဘယ်အနေအထားမှာသုံးတာ
လည်းဆိုတော့
သင့်အကောင့်ကို သင့်ဖုန်းထဲမှာဝင်ထားတယ်….သင့်
အကောင့်ကိုပဲ
တစ်ခြားကွန်ပျူတာကနေ ၀င်ချင်တဲ့အခါ User Nameနဲ့
Password ကိုရိုက်ပြီးသွားတာတောင်မှ OTP Code ကို ထည့်ရမှာ
ဖြစ်ပါတယ်။
ဒါကြောင့် Account Setting ထဲက Code Generator ကနေ
သွားယူရမှာဖြစ်ပါတယ်။ထို့နောက်
အောက်ပါပုံအတိုင်းပေါ်လာလျှင်

ကျတော်တို့က
မိမိအကောင့်ရဲ့ Settings ကို Tab တစ်ခုအနေနဲ့ခေါ်ပြီး
အောက်ပါပုံအတုင်း


Set up ဆိုတာကို
နှိပ်လိုက်ပါ့မယ်။ ဒါဆိုရင်တော့ သင့်အကောင့်အတွက်
Password
ကိုအောက်ပါပုံအတိုင်း


တောင်းလျှင်ရိုက်ထည့်ပြီး
Submit ကိုနှိပ်လိုက်တဲ့အခါမှာတော့


အထက်ပါပုံအတိုင်း
သင့်အကောင့်ကို Code Generator ဖွင့်ဖို့အတွက်
ပေါ်လာမှာဖြစ်ပါတယ်။
ဒီနေရာမှာ သင်က သင့်ဖုန်းထဲမှာ Thirt-party
  Utility ဖြစ်တဲ့
Google Authenticator ကို


မှာ သွားဒေါင်းပီး
ဖုန်းထဲကို ထည့်ထားပါ့မယ်။ ထို့နောက်တော့ ကျတော်တို့က
ဖုန်းထဲမှာ
သွင်းထားပီးရင် ယခု Facebook Account ကို OTP သတ်မှတ်မှာ
ဖြစ်တဲ့အတွက်ကြောင့်
သင့် ဖုန်းထဲသွင်းထားတဲ့ GA ကိုဖွင့်လိုက်ပါမယ်။


ထို့နောက်
Set Up Account ကို နှိပ်လိုက်ပြီး


Enter
Provide Key ဆိုတဲ့နေရာမှာ အပေါ်က QR Code ဖတ်တဲ့နေရာက
Secret
Key ကိုရိုက်ထည့်ပေးလိုက်ပါမယ်


Name နေရာမှာကတော့
မိမိစိတ်ကြိုက်နာမည်ကိုထည့်ပီး လုပ်ပါမယ်။
ပြီးသွားရင်တော့
Add လုပ်ပေးလိုက်ပါ့မယ်။ထို့နောက်ပီးသွားရင်တော့


ထို Code
Generator မှ ပြထားတဲ့ ကုဒ်ကို အပေါ်ကပုံအတိုင်းထည့်ပြီး
Confirm လုပ်လိုက်ပါ့မယ်။
ဒါဆိုရင် သင့်အကောင့်ကို Code Generator
ခံလိုက်ပီး
ဖြစ်ပါတယ်။ 
#App Password ခံထားခြင်း
App
Password ခံထားတယ်ဆိုတာကလည်း သင့်အကောင့်အတွက် မရှိမဖြစ်
လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ဆိုလိုတာက Account အတွက် Devices Password
လိုမျိုးဖြစ်ပါတယ်။


အထက်ပါပုံအတိုင်းမှ
မျှားအနီရောင်လေးပြထားတဲ့ Generate app
Passwords
ကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်


အထက်ပါပုံအတိုင်း
ပေါ်လာရင်ကျတော်တို့ Generate App Passwords
ဆိုတာကို
နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်တော့


အထက်ပါပုံအတိုင်းပေါ်လာတဲ့အခါမှာ
ကျတော်တို့က ဘယ် Devices
နဲ့ သုံးနေတာလည်း
ဆိုတာကိုရေးပေးရတာဖြစ်ပါတယ်။ ဒီနေရာမှ
Devices တင်မဟုတ်ပဲ
မိမိနာမည်နဲ့လည်း ရပါတယ်။ ဒါကြောင့် ကျတော်အောက်ပါပုံအတိုင်း


UZARNI လို့ရိုက်လိုက်ပါတယ်။
ထို့နောက် Generate Password ကို
နှိပ်လိုက်တဲ့အခါမှာတော့


အထက်ပါအတိုင်း
သင့် နာမည်အတွက် Code 10 လုံးပါဝင်တဲ့
Password
ကိုချပေးပါလိမ့်မယ်။ ဒါလေးကိုမှတ်ထားရပါမယ်။
တစ်ချိန်ချိန်မှာ
အသုံးဝင်လာပါလိမ့်မယ်။ ပြီးသွားရင်တော့ ကျတော်တို့က Finish ဆိုတာကို
နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်အောက်ပါပုံအတိုင်း


သင့်အတွက်
Password ကို သိမ်းပြီးပါပြီဆိုတာကို ဖော်ပြပါလိမ့်မယ်။
ကျတော်တို့က
OK လုပ်လိုက်ပါ့မယ်။
#Mobile
ဒီနောက်ကျတော်တို့က
အကောင့်ကို လုံခြုံမှုအတွက် ဖုန်းနဲ့ တစ်ဆင့်
ထပ်ခံထားပါ့မယ်။
ဒါကြောင့် အောက်ပါပုံအတိုင်း


Mobile ဆိုတာကို
သွားပါမယ်။ ပြီးသွားရင်တော့ Add a phone ဆိုတာကို
နှိပ်လိုက်ပါ့မယ်။
ထိုနောက်တော့ကျတော်တို့က ဖုန်းနံပါတ်ထည့်ဖို့အတွက်


Add your
phone number here ဆိုတာကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်


အထက်ပါပုံအတိုင်း
ဖုန်းနံပါတ်တစ်ခု Confirm လုပ်ဖို့ပေးပါလိမ့်မယ်။
ကျတော်တို့
မိမိအမြဲတမ်း ကိုင်နေတဲ့ ဖုန်းနံပါတ်တစ်ခုကို ရိုက်ထည့်လိုက်ပါမယ်။


ထို့နောက်တော့
Continue ကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင် သင့်ရဲ့ဖုန်းထဲသို့


ဝင်လာတဲ့
Code ၆ လုံးကို အထက်ပါအတိုင်း ဖြည့်ပြီး Confirm လုပ်
လိုက်ပါမယ်။ပြီးသွားရင်တော့


အောက်ပါအတိုင်း
သင့်ဖုန်းနံပါတ်ကို Confirmed လုပ်ပြီးကြောင်းကို
Message ပြပါလိမ့်မယ်။
OK ကို နှိပ်လိုက်ပါမယ်။
 


#Trusted Contacts
Trusted
Contact ကလည်း သင့်အကောင့်အတွက် အရမ်းအရေးကြီးပါတယ်။
ဘာကြောင့်
အရေးကြီးလည်းဆိုတော့ သင့်အကောင့်ပါသွားရင်တောင်သို့မဟုတ်
သင့်အကောင်ကို
Hack ဖို့ကြိုးစားတယ်ဆိုရင် ဒီ သုံးယောက်ကို ဖြတ်သွားနိုင်မှ
ရမှာမို့လို့ပါ
။ ဒါကြောင့် ကျတော်တို့က Trusted Contact ကို ထည့်ထားရပါတယ်။
Trusted
Contact ကို ၅ ယောက်ထိထည့်လို့ရတယ်ဆိုပေမယ့် တစ်ကယ်အလုပ်လုပ်
တာကတော့ သုံးယောက်ဆီက
Code သုံးခုပါပဲ။


ဒါကြောင့်
ကျတော်တို့က မိမိရဲ့ အရမ်းရင်းနှီးတဲ့ သူငယ်ချင်း သို့မဟုတ်
မိမိရဲ့ တစ်ခြားအကောင့်
(ဘယ်သူမှ မသိတဲ့အကောင့်) ကို ထည့်ထားသင့်ပါတယ်။ကဲ…
ဒီလောက်ဆို သင့်အကောင့်ကို ဟက်မခံရအောင် ၉၅%
လုံခြုံရေး
သတ်မှတ်လိုက်တာဖြစ်ပါတယ်။ ဘာကြောင့် ၁၀၀ % အာမမခံ
တာလည်းဆိုတော့
တစ်ကယ်ကျွမ်းကျင်တဲ့ ဟက်ကာဆိုလား ဘာလား
သူတို့ကတော့
အဲ့ဒီ ကျန်တဲ့ ၅ % ကနေ ဟက်ယူကြတာဖြစ်ပါတယ်။အဲ့တာကလည်း
လက်ချိုးရည်လို့ရပါတယ်။…. ကဲ အားလုံးအဆင်ပြေ
မယ်ထင်ပါတယ်။လေးစားစွာဖြင့်
Cristiano
Zarni@ဦးဇာနည်

1 comment:

  1. ph ပျောက်သွားတာ ဘိုပြန်ဖြေရမလည်း ကူညီပါအုံး

    ReplyDelete