Wednesday, June 8, 2016

♪ Emoji App တစ်ခုထုတ်လုပ်လိုက်တဲ့ Justin Bieber ♫


နှုတ်ခမ်းနီမလေးတွေရဲ့ အဆိုတော် Justin Bieber ကတော့ သူ့ရဲ့ပရိတ်သတ်တွေအတွက် ချက်ဘောက်စ်မှာတောင် သူ့ကို သတိရနေစေမယ့်အရာတစ်ခုကို လုပ်ဆောင်လိုက်ပါပြီ။ အဲ့ဒါကတော့ “Justmoji” လို့နာမည်ပေးထားတဲ့ Emoji App တစ်ခုကို ထုတ်လုပ်လိုက်တာပဲဖြစ်ပါတယ်။

ကမ္ဘာကျော် ကနေဒီယန်အဆိုတော် Justin Bieber ဟာ သူရဲ့ Emoji App တစ်ခုကိုပြီးခဲ့တဲ့ သောကြာနေ့က ထုတ်လုပ်လိုက်ပါတယ်။ ထုတ်ထုတ်ပြန်ချင်းမှာပဲ ဒီ App ဟာ App Store မှာ ထိပ်ဆုံးနေရာကို ရောက်ရှိသိမ်းပိုက်သွားခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၂နှစ်အရွယ်ရှိ အဆိုတော်ရဲ့ App ဟာ သူရဲ့မျက်နှာပုံစံနဲ့တဲ့ ကာတွန်းအရုပ်တွေကို Emoji အနေနဲ့ ပြန်လည်ဖန်တီးထားတာဖြစ်ပြီး ဒီ App ကို “Justmoji” လို့နာမည်ပေးထားတယ်လို့ သိရပါတယ်။

justmoji2

Emoji တွေကလည်း သူ့ပုံစံတွေနဲ့ အတော်လေးကဏ္ဍစုံလင်အောင် ပြုလုပ်ထားတာဖြစ်ပြီး သာမန် အရုပ်ကလေးတွေနဲ့ စိတ်ခံစားချက်ကို ဖော်ပြတဲ့ ပုံစံတွေအပြင် သူအောင်မြင်ခဲ့တဲ့ သီချင်းထဲက စာသားတွေပါ ပါဝင်တဲ့ Emoji တွေလည်း ပါရှိပါတယ်။

justmoji4

သူ့သီချင်းစာသားတွေချည်းကိုပဲ သီးသန့် စတေကာလိုမျိုးပေးပို့နိုင်တဲ့ လုပ်ဆောင်ချက်လည်း ပါဝင်ပြီး ဥပမာဆိုရင်- Baby, Purpose, Never Say Never, What Do You Mean?, Sorry တို့လို အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းထဲက စာသားတွေနဲ့ ပေးပို့လိုရနိုင်မှာဖြစ်ပါတယ်။ တစ်ခုရှိတာက ဒီ App ကို Android ဖုန်းတွေမှာ ရနိုင်ဦးမှာမဟုတ်ပဲ Apple Device တွေအတွက် iTunes App Store မှာ ၂.၉၉ဒေါ်လာနဲ့ ရနိုင်မှာဖြစ်ပါတယ်။

justmoji3

ဒီလိုမျိုး ကျော်ကြားသူတစ်ယောက်အနေနဲ့ Emoji App ကိုထုတ်လုပ်တာဟာ သူကပထမဆုံးတော့မဟုတ်ပါဘူး။ သူ့ရှေ့မှာ keeping up with the kardashians စီးရီးရဲ့ စတား Kim Kardashian ကလည်း “Kimoji” လို့အမည်ရတဲ့ Emoji App တစ်ခုကိုထုတ်လုပ်ခဲ့ပါသေးတယ်။

Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

No comments:

Post a Comment