Monday, June 13, 2016

♪ “မြန်နှုန်းမြင့်အင်တာနက်ဘာကြောင့် နှေးသလဲ” ♫


မိုဘိုင်းအင်တာနက်ကို4G အမြန်နှုန်းနဲ့ ရပါပြီလို့အော်ပရေတာတစ်ယောက် ကကြေငြာလိုက်ချိန်မှာ မြန်မာ့ အင်တာနက် လောကရဲ့အချိုးအကွေ့တစ်ခုစပါတယ်။ တကယ်သုံးလို့ရတဲ့ မြန်နှုန်းမြင့်အင်တာနက်ဟာ 4G ဖြစ်မှာလား။ လူတွေ သို့လောသို့လောတွေးကြပါတယ်။ မြန်မာပြည်မှာ မြန်နှုန်းမြင့် အင်တာနက် လို့ခေါ်တဲ့ broadband အင်တာနက်ကိုထူထောင်ခဲ့ဖူးပါတယ်။ လက်တွေ့အတွေ့အကြုံအရပြောရမယ် ဆိုရင်ဘယ်တုန်းကမှ Mbps အမြန်နှုန်းနဲ့ရတာမတွေ့ဖူးပါဘူး။
တစ်မိနစ်သုံးခလေးကျပ်နဲ့ပေးတဲ့မိုဘိုင်း အင်တာနက်အမြန်နှုန်း 30 Kbps ထက်လေးငါးဆယ်ဆလောက် ပိုမြန်တာ ပဲရှိပါတယ်။ တကယ့်broadband အစစ်ကိုမမြင်ဘူးတဲ့လူတွေကတော့ broadband အင်တာနက်ပေါ့ဗျာ။ အဲဒီ broadband တွေရဲ့အမြန်နှုန်းဟာ အခုလည်းထူးပြီးပိုကောင်းမလာသေးပါဘူး။ ကနဦးတပ်ဆင်ခဈေးကြီးတဲ့ အပြင် 1Mb အတွက်ကုန်ကျစရိတ်ကလည်းကြိုက်သလောက်သုံးကျ သလောက်ရှင်းမိုဘိုင်းအင်တာနက်နဲ့အပြိုင်ဈေးကြီးပါတယ်။
ဒါဖြင့်မိုဘိုင်း4G အင်တာနက်ကရော မြန်နှုန်းမြင့်အင်တာနက်ဖြစ်တဲ့ broadband အင်တာနက် ဖြစ်လာ မှာလား။ 4G မြန်နှုန်းမြင့်အင်တာနက်ရဲ့အခြေခံအမြန်နှုန်းဟာ download 27 Mbps ၀န်းကျင်နဲ့upload 14 Mbps အမြန်နှုန်းနီးပါး ဖြစ်ပါ တယ်။အခုလက်ရှိထုတ်လွှတ်နေတဲ့4G အင်တာနက်ဟာMbpsအမြန်နှုန်း ကိုတစ်သမတ်မရသေးပါဘူး။တာဝါတိုင်ဝေးတဲ့နေရာတွေမှာ3Gအမြန်နှုန်း သာသာပဲရပါတယ်။
မိုဘိုင်းအင်တာနက်နဲ့ broadband အင်တာနက်ကိုစိန်ခေါ်မယ့် Wi-Fi အင်တာနက်ကလည်း ရန်ကုန်မြို့မှာ တဖြည်းဖြည်းတစစချဲ့ထွင်လာနေပါတယ်။ဈေးနှုန်းသင့်ပါတယ်။ Wi-Fi အင်တာနက် ရတဲ့ နေရာတစ်ဝိုက်မှာ သုံးစွဲသူအတော်အတန်ရှိလို့သူလည်း Mbps အမြန်နှုန်းတစ်သမတ်တည်း မရသေးပါဘူး။ဒါပေမယ့် spectrum တွေခွဲဝေပေးတဲ့လုပ်ငန်းစဉ်ပြီးသွားရင် Operator တွေကိုသူတို့ နှစ်သက်ရာရင်းမြစ်ကနေ အင်တာနက်ရယူ ခွင့်ပေးပြီးသီးခြား Gateway တွေဖွင့်ပေး လာမယ်ဆိုရင် လက်ရှိအင်တာနက်အမြန်နှုန်း ဟာ မိုဘိုင်း၊broadband နဲ့Wi-Fi ဘယ်ခေါင်းစဉ်အောက်မှာသုံးသုံး လက်ရှိ အမြန်ဆုံးနှုန်းထက်ငါးဆကနေဆယ်ဆအထိတက်လာဖို့အကြောင်းရှိပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာWi-Fi ကနေသုံးတဲ့အင်တာနက်ဟာအနိမ့်ဆုံး17 Mbps ကနေအမြင့်ဆုံး76 Mbps အထိရောက်နေပါပြီ။ မြန်မာပြည်မှာ အဲဒီအခြေအနေရောက်လာရင်ရော သူတို့ပြောထားတဲ့ အမြန်နှုန်း အတိုင်းရနိုင်မှာလား။ မရနိုင်တဲ့နေရာတွေရှိနေပါဦးမယ်။ ဘာကြောင့်မရနိုင်သလဲဆိုတဲ့ကိစ္စကို ကြည့်တဲ့အခါ Local interference ကိုရှေ့ဆုံးမှာသွားပြီးတွေ့ရပါတယ်။Wi-Fi အင်တာနက်သုံးတဲ့ အခါမှာနေရာတစ်ခုကထုတ်လွှတ်ပေးတဲ့ band width ကိုမျှဝေပြီးသုံးကြရတာဖြစ်ပါတယ်။
အင်တာနက်သုံးတဲ့အခါမှာသာမန် website ကြည့်ရုံလောက်၊ Facebook သတင်းဖတ်ရုံလောက် လူတွေရှိသလို အရွယ်အစားကြီးကြီးဖိုင်တွေကိုUpload / download လုပ်တဲ့လူတွေလည်းရှိ ပါတယ်။ အင်တာနက် bandwidth အသုံးကြမ်းတဲ့လူနဲ့တော်ရုံသုံးတဲ့လူတွေဟာ Wireless Channel တစ်ခုတည်းပေါ်မှာ frequency တစ်ခုတည်းပေါ်မှာ သုံးကြမယ်ဆိုရင်အင်တာနက်အမြန်နှုန်းကိုအနည်းနဲ့ အများထိခိုက်ပါမယ်။ 
ဒါကြောင့်router ကတစ်ဆင့် Wi-Fi သုံးမယ်ဆိုရင် 2.5 GHz သာမကဘဲ 5GHz ပါသုံးနိုင်တဲ့နှစ်မျိုးသုံး router ၀ယ်ဖို့လိုပါတယ်။လိုင်းကြပ်တဲ့အခါမှာ 5GHz band ကိုပြောင်းသုံးဖို့လိုပါတယ်။ သူ့ထဲမှာတစ်ခုနဲ့ တစ်ခုမထပ်တဲ့ channel ပေါင်း (၂၃)ခုရှိပါတယ်။ ဒါ့အပြင်တခြား Wireless network တွေကလာပြီး အနှောင့်အယှက်ပေးတာကို ကြုံဖို့အခွင့်အလမ်းနည်းပါတယ်။ ဒါကြောင့် Wi-fi network တစ်ခုတည်းမှာ အင်တာနက်သုံးနေရင်တောင်တခြားလူတွေ ကြောင့်အင်တာနက်အမြန်နှုန်း သိသိသာသာ နှေးတာမျိုး မကြုံနိုင်ပါဘူး။
ဒါ့အပြင်တခြားနည်းလမ်းတစ်ခုကလိုင်းသိပ်မကြပ်တဲ့ channel ထဲကို ပြောင်းသုံးဖို့ဖြစ်ပါတယ်။ ချောင်တဲ့ လိုင်းကိုရှာဖို့အတွက်အခမဲ့ရနိုင်တဲ့ Wi-fiinfoview ကိုသုံးနိုင်ပါတယ်။ www.nirsoft.com ကနေ download ချယူ နိုင်ပါတယ်။ Software ကို install လုပ်ပြီးရင် Options ကိုကလစ်နှိပ်ရပါမယ်။ ပြီးရင် Channel mode ကိုရွေးပြီးကိုယ့်ဆီကိုအနီးအနားကနေလွှင့်ပေးနေတဲ့ Wi-fi လိုင်းဘယ်လောက် ရှိတယ်ဆိုတာကိုရှာရပါမယ်။
Wi-fi လွှင့်ဖို့ အတွက် အများဆုံးရွေးကြတာက 1/6/11 လိုင်းသုံးလိုင်းဖြစ်ပါတယ်။ တကယ်လို့ ကိုယ်သုံးနေတာဟာ အဲဒီသုံးလိုင်းထဲကတစ်ခုခုဖြစ်နေပြီး လိုင်းကလည်းကြပ် နေတယ်ဆိုရင် router setting ထဲဝင်ကြည့်ပြီးအဆင်ပြေမယ့်လိုင်းတစ်ခုခု ကိုပြောင်းသင့်ပါတယ်။ အင်တာနက်အမြန်နှုန်း နှေးရ တဲ့အကြောင်းရင်းမှာ အိမ်တွင်းအနှောင့်အယှက်တွေကလည်းပါပါတယ်။ 
ပြူတင်းပေါက်နားမှာအင်တာနက်သုံးတာနဲ့ အိမ်အတွင်းဖက်အခန်းတစ်ခုခုထဲကနေ အင်တာနက်သုံးတာ ကွာမှန်း လူအတော်များများသဘောပေါက်ပါလိမ့် မယ်။အိမ်ထဲမှာကာထားတဲ့နံရံတွေက Wi-fi အင်တာနက်အမြန်နှုန်းကို ထိခိုက် စေနိုင်သလိုအနီးအနားမှာတိုက်အမြင့်ကြီးတွေပိတ်ဆို့နေတာကလည်း အင်တာနက်အမြန်နှုန်းကိုထိခိုက်စေပါတယ်။အိမ်ကိုအင်တာနက်လွှင့်တဲ့ နေရာနဲ့နီးအောင်ရွှေ့ဖို့ကအမြဲ မဖြစ်နိုင်ပါဘူး။ ဒီကိစ္စကိုပြေလည်ဖို့အတွက် Wi-fi extender ကိုသုံးနိုင်ပါတယ်။ Wi-fi extender တွေ ထဲမှာ Netgear၊ TP-Link နဲ့Link-sys တို့ဟာစိတ်အချရဆုံးဖြစ်ပြီးလူကြိုက်များပါတယ်။
အိမ်ဒါမှမဟုတ်ရုံးခန်းထဲမှာရှိတဲ့Micro-wave oven ၊security camera စတာတွေကလည်းwireless signal ကိုအကြီးအကျယ်ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် router ကိုအဲဒီပစ္စည်းတွေနဲ့ ဝေးရာမှရွှေ့ သုံးသင့်ပါတယ်။ ရွှေ့ဖို့မဖြစ်နိုင်ရင် 5GHz ကိုတက်ပြီးသုံးသင့်ပါတယ်။ အင်တာနက်နှေးစေရတဲ့ အကြောင်းထဲမှာ ISP ကနေအင်တာနက်အမြန်နှုန်းကန့်သတ်တာလည်းပါပါတယ်။ အချိန်နဲ့သုံးတဲ့ မိုဘိုင်းအင်တာနက်ကိုပဲ ကြည့်ပါ။အမြင့်ဆုံးမြန်နှုန်း 30Kbps ၀န်းကျင်မှာပဲရှိအောင်ကန့်သတ်ထားပါတယ်။ အင်တာနက် လူသုံးများ တဲ့အချိန်မှာbandwidth တစ်ကြောင်းကိုအများဆုံးဘယ်လောက်ထိပဲ ခွင့်ပြုမယ် ဆိုတာမျိုးတချို့ISP တွေကလုပ်လေ့ရှိပါတယ်။ 
တချို့အင်တာနက်အသုံးပြုပုံမျိုး (ဥပမာfacebookကြည့်တာ) ကိုဦးစား ပေးပြီးတချို့အင်တာနက်အသုံးပြုပုံမျိုး (ဥပမာဖိုင်ကြီးကြီးတွေdownload ချတာ) ကိုဦးစားမပေးတာမျိုးရှိပါတယ်။ band width ကန့်သတ်တာဟာ အင်တာနက်သုံးစွဲသူအားလုံးအတွက် မျှတတဲ့နည်းလမ်းလို့ ISP တွေကယူဆပါတယ်။ အင်တာနက်သုံး တဲ့အခါမှာအနည်းစုသောလူတွေဟာ လုပ်ငန်းသုံးဖြစ်တာမို့ (ဥပမာfirmware တွေdownload ချတာ) ဖိုင်ကြီးကြီး တွေ download ချရတယ်။ ဒီလိုလူတွေနည်းနည်းဆိုတော်သေးရဲ့။ များလာ ရင် ISP တွေက လုံလောက်အောင် band-width မပေးနိုင်ဘူး။ 
Internet Download Manager သုံးပြီးလမ်းကြောင်းတွေ တစ်ကြောင်းမက ဖြန့်ကြက် သုံးလာခဲ့ရင် လူတိုင်းကို ISP ကတစ်ချိန်တည်းမှာ မြန်နှုန်းမြင့်အင်တာနက် မပေးနိုင်တော့ဘူး။ ဒါကြောင့်အများစုက traffic management လုပ်ပြီး bandwidth တစ်ခုမှာရှိအောင်ထိန်းတယ်။ တချို့ကယူတဲ့အမြန်နှုန်း အပေါ်မူတည်ပြီးအချိုးကျ bandwidth ပေးတာမျိုးရှိတယ်။ တချို့ကလိုင်းကျပ် တဲ့အချိန်မှာdata download/upload ဘယ်လောက်ထိပဲခွင့်ပြုမယ်ဆိုတာ ရှိတယ်။သတ်မှတ်ပမာဏ ပြည့်ရင်အင်တာနက်ကို ရိုးရိုးသုံးရုံပဲခွင့်ပြုတယ်။
Upload / download ကို မြန်နှုန်းမြင့်မပေးတော့ပါဘူး။ ဒါကြောင့် ISP အပေါ် မူတည်ပြီး အင်တာနက်မြန်နှုန်းအနှေးအမြန်ရှိနိုင်ပါတယ်။ အင်တာနက်နှေးရတဲ့အကြောင်းထဲမှာ Browser ကလည်း ကဏ္ဍတစ်ခုအနေနဲ့ပါတယ်။ တစ်ခါ တလေမှာ pageloading အရမ်းနှေးတယ်။ ဘာကြောင့်လဲဆိုရင် Resource အစားအ၀ါးကြမ်းတဲ့ Adblock Plus လိုဟာ မျိုးကဘယ်ကြော်ငြာတွေခွင့်ပြုမယ်၊ ဘာတွေ ခွင့်မပြုဘူးဆိုတာခွဲခြမ်း စိတ်ဖြာရင်းအင်တာနက် နှေးနိုင်ပါတယ်။ Flash လို Plug-in မျိုးက လည်း ပြဿနာတွေရှိပြီး အင်တာနက်သုံးရာမှာ နှေးကွေးမှုတွေ ဖြစ်စေပါတယ်။
Chrome မှာဆိုရင်လည်း Resource အစားကြမ်းတဲ့tools တွေရှိတယ်။ နောက်ကွယ်ကနေ အလုပ်လုပ်တာမို့မြင်လည်းမမြင်ရပါဘူး။ Shift နဲ့ESC ကိုနှိပ်ပြီးTask Manager ကိုခေါ်တင်၊အဲဒီနောက်မှာ Memory Column ကြည့်ရင်ဘာတွေလဲဆိုတာတွေ့ရပါမယ်။မလိုအပ်ဘဲရှိနေတဲ့Tools နဲ့Plug-in တွေက အင်တာနက်အမြန်နှုန်း နှေးစေတဲ့အပြင်data ပမာဏကိုပါဝိုင်းသုံးကြ ပါတယ်။
နောင်စိုး(ထားဝယ်)
Mobile Guide Journal (Every Monday)

No comments:

Post a Comment