Monday, June 6, 2016

♪ မသုံးဖြစ်တဲ့ apps တွေကို uninstall လုပ်ဖို့ အလိုအလျောက်သတိပေးတော့မယ့် Google Play ♫


ကိုယ့်ဖုန်းမမ်မိုရီကနည်းနေတဲ့အခါမျိုးမှာ၊ ဖုန်းထဲ Apps အသစ်တစ်ခုသွင်းချင်ပြီဆိုရင် ဖုန်းထဲက ဘယ် apps ကို uninstall လုပ်ရ ကောင်းမလဲဆိုပြီး၊ တွေဝေမိတဲ့အခိုက်အတန့်မျိုး လူတိုင်းမှာရှိပါတယ်။

ဒီလိုဒွိဟတွေကို Google Play က မကြာမီမှာ ဇာတ်သိမ်းပေးတော့မှာဖြစ်ပါတယ်။
Google Play ဟာ မကြာမီအချိန်အနည်းငယ်အတွင်းမှာ ဖုန်းထဲက ကိုယ်အသုံးမလိုတဲ့ apps တွေ၊ ကိုယ်မသုံးဖြစ်တဲ့ apps တွေကို uninstall လုပ်ပြီး၊ storage space ခြွေတာဖို့အတွက် အလိုအလျောက် သတိပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဥပမာပြောရရင်၊ အရင်က Play Store ကနေ Apps တစ်ခုခု ဒေါင်းလုဒ်လုပ်တဲ့အခါ၊ ဖုန်းမမ်မိုရီနည်းနေပြီလို့ ပြောရင်၊ ဖုန်း Settings ထဲ ၀င်ပြီး၊ ကိုယ် uninstall လုပ်ချင်တဲ့ apps ကို ကိုယ့်ဘာသာရွေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ Google Play မှာ Uninstall Manager ဆိုတာ ပါဝင်လာပြီး၊ ဖုန်းမမ်မိုရီနည်းနေပြီဆိုရင်၊ ကိုယ် delete (သို့) uninstall လုပ်သင့်တဲ့ apps တွေကို အလိုအလျောက်ရွေးချယ် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဒီ feature ကို user တစ်ယောက်က screenshot ရိုက်ပြထားချက်အရ၊ ကိုယ်သိပ်မသုံးဖြစ်တဲ့ apps တွေကို Play Store က ဖော်ပြသွားမှာဖြစ်ပြီး၊ အဲဒီ menu ကနေပဲ မလိုတဲ့ apps တွေကို uninstall တန်းလုပ်လို့ ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယခု feature အသစ်ကို တစ်ကမ္ဘာလုံးမှာ ဘယ်တော့ရရှိမလဲဆိုတာ မသိရသေးပေမယ့်၊ မကြာခင် အချိန်အတွင်းမှာ ရရှိသွားဖို့ရှိနေပါတယ်။ တကယ်လို့ သင့်မှာ ရနေပြီဆိုရင် ကျနော်တို့ကို အသိပေးဖို့ မမေ့နဲ့ဦးနော်။
Credit to ==> Digital Times

Credit to ==> Digital Times

No comments:

Post a Comment