Wednesday, January 13, 2016

Google Playstore မှ APK များကို တိုက်ရိုက်ဒေါင်းလော့ရယူပေးနိုင်တဲ့ APK downloader သုံးခုနဲ့ ဒေါင်းလော့ရယူနည်း



Google Playstore မှ APK များကို တိုက်ရိုက်ဒေါင်းလော့ရယူပေးနိုင်တဲ့
APK downloader သုံးခုကို အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်၊

သိပြီးသားသူတွေအတွက်တော့အထူးအဆန်းမဟုတ်ပေမယ့်
လိုအပ်နေတဲ့သူတွေအတွက်တော့ တကယ့်အရေးပါတဲ့ Tip & Trick ဖြစ်ပါတယ်။

ဒီနေရာမှာ ပြောစရာလေးတစ်ခုရှိတာက Google Playstore မှာရှိတဲ့ Apk တွေကို အကောက်တစ်ခုကို
ဝင်ထားရုံဖြင့် အလွယ်တကူဒေါင်းလော့ရယူနိုင်တာပဲ လို့ပြောစရာရှိပါတယ်၊ ဟုတ်ပါတယ် အဲဒါက မိမိဖုန်း
တစ်လုံးအတွက် လိုအပ်မယ့် Data သုံးစွဲမှုအတိုင်းအတာတစ်ခုလောက်သာ Personal သီးသန့်
အသုံးပြုခြင်းမျိုးဖြစ်ပါတယ်။


ကဲမိမိကဖုန်းကလစ်သူဖြစ်နေပြီ Pro အဆင့် Serivce သမားကောင်းတစ်ယောက်
ဖြစ်နေပြီဆိုပါတော့ နေ့စဉ် Customer တွေလာပြီး သူတို့လိုအပ်တဲ့ Apk တွေကို
 ထည့်သွင်းခိုင်းတော့မယ် အသင့်စုစည်းမှုလည်းရှိမနေတဲ့အခါ အရေးပေါ်လိုအပ်နေပြီ
apk တွေကိုတင်ပေးနေတဲ့ Blog/Web တွေကို ပြေးမလား

Google Play Store ကို ဖုန်းထဲကနေဒေါင်းလော့ရယူမလား
လိုင်းအခြေအနေကြောင့် အချိန်မျှော်လင့်ထားသည်ထက် ကြံ့ကြာမှုကို
ဖုန်းလေးကိုကြည့်ပြီး စောင့်ဒေါင်းလော့ရယူနေမလား...

ခပ်တည်တည်စတိုင်နဲ့ Apk Name ကို Google Search engine ထဲမှာ ရိုက်ထည့်ပြီး
Enter ကိုတစ်ချက်ခေါက်ကြည့်ပြီး ကျလာတဲ့ သောင်းခြောက်တောင် ထောင်လျှောက်ထဲ
ဘယ်နားကိုသွားယူချင်သေးတာလဲ ဟိုဟာကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုးနဲ့ အချိန်တွေ
အကုန်ခံနိုင်မလား...

နောက်ထပ် Bluestack ကိုကွန်ပျူတာတွင် install ပြုလုပ်ပြီး Bluestack မှ
တစ်ဆင့် Apk တွေကိုရယူမယ့်စိတ်ကူးရှိနေတာလား...

စတဲ့သမားရိုးကျ ခေါက်ရိုးကျိုးနေတဲ့ idea တွေကို Revolution လုပ်ကြည့်ချင်တယ်
ဆိုရင်တော့ တစ်ချက်တည်းဖြင့် လိုချင်တာလေးကိုရယူနိုင်မယ့်
Apk Downloader တွေကတော့ သင့်အတွက် လုံးဝလိုအပ်နေပါလိမ့်မယ်။

ဖေါ်ပြပါ Apk Downloader များကိုအသုံးပြုမယ်ဆိုပါက Connection တော့
လိုအပ်ပါမယ်၊ အဆင်ပြေပြီဆိုရင်တော့ သင့်အတွက်အလိုရှိနေတဲ့ apk တွေကို
အောက်ပါ နေရာများတွင် One Click ဖြင့် ဒေါင်းလော့ရယူနိုင်မှာပဲဖြစ်ပါတယ်။

ဖုန်း/ကွန်ပျူတာ နှစ်မျိုးစလုံးမှာ နည်းလမ်းကို နားလည်သလို အသုံးပြုနိုင်ကြမှာပဲဖြစ်ပါတယ်
ကွန်ပျူတာသမားတွေအတွက် အရမ်းအဆင်ပြေပါတယ်၊ ဒီတော့ Apk တွေကိုလိုသလောက်
ဒေါင်းလော့ရယူပေးနိုင်မယ့် အကောင်းဆုံး Apk Downloader လင့်များကိုသွားကြည့်လိုက်ပါ။
The 3 Best APK downloader
===================

2. ApkLeecher.com

3. Downloader-Apk.com

How to use to Download apk 
=====================
ကဲ Apk များကိုဒေါင်းလော့ရယူနိုင်မယ့်နေရာတွေကိုလည်းသိပြီးပြီဆိုတော့
ဒေါင်းလော့ရယူနည်းကိုလည်းသိချင်နေကြမယ်ထင်ပါတယ် တစ်ခါလောက်
ရယူဖုးတယ်ဆိုရင်ပဲ နောင်လည်းဒါပဲဆိုတာကိုသဘောပေါက်သွားမှာပါ

အများအသုံးပြုနေကြတဲ့ Viber ကိုကျနော် ဒေါင်းလော့ရယူပြပေးမှာပါ
ဒီတော့ ပထမဆုံး Google Play Store ကိုသွားလိုက်ပါ Search Box ထဲတွင်
Viber လို့ရိုက်ထည့်ပြီး ရှာလိုက်ပါ အောက်ပါပုံအတိုင်း။

အောက်ပါပုံအတိုင်း Store ထဲမှာ Viber ကိုတွေ့တဲ့အခါ
ဒေါင်းလော့ရယူရန်အတွက် Browser ရဲ့အပေါ်ဆုံးမှာ ပေးနေတဲ့
(https://play.google.com/store/apps/details?id=com.viber.voip&hl=en)
 ဆိုတဲ့ Apk တိုရိုက်လင့် URL ကို Copy ကူးယူလိုက်ပါ။

အောက်ပါပုံအတိုင်း Apk တိုက်ရိုက်လင့် Copy ကူးလာတာကို Package name or
Google Play URL ရဲ့ အောက် Search box မှာ Past လုပ်ပါ
ပြီးရင် Generate Download Link ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါ။

အောက်ပါပုံအတိုင်း မြင်နေရတဲ့အခါ Viber apk ရဲ့ Size အရွယ်အစားနဲ့
နောက်ဆုံးဗားရှင်း စတာကိုမြင်နေရပါလိမ့်မယ် ဒေါင်းလော့ရယူနိုင်ပါပြီ
Click here to download com.viber.voip now ဆိုတာကိုနှိပ်လိုက်ပါ။
ဒါကတော့ ကျနော် ကိုယ်တိုင် 1. Evozi apk doenloder ကိုအသုံးပြုပြထားတာဖြစ်ပါတယ်
ဒေါင်းလော့ရယူပြီးတဲ့အခါ apk များကိုဖုန်းနဲ့ကွန်ပျူတာ transfer ပြုလုပ်ပြီး ဖုန်းမှာ ထည့်သွင်း
အသုံးပြုနိုင်ပါပြီ။


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 
 

No comments:

Post a Comment