OPPO ဖုန်းတွေမှာ ပါဝင်တဲ့ Screen Off Gestrue စနစ်ကို အသုံးပြုတဲ့
နည်းလမ်းဖြစ်ပါတယ်။ Screen Off Gesture ဆိုတာကတော့ ဖုန်းကို Screen
ပိတ်ထားချိန်မှာ Screen ကိုဖွင့်ဖို့ မလိုအပ်ဘဲ ပိတ်ထားလျက် အတိုင်း Screen
ပေါ်မှာ ကိုယ်မှတ်သားထားတဲ့ သင်္ကေတပုံကို လက်နဲ့ ရေးဆွဲလိုက်ရုံနဲ့
ကိုယ်အသုံးပြုချင်တဲ့ စနစ်ထဲကို အလိုအလျောက် ရောက်ရှိနိုင်တဲ့
စနစ်ဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုတဲ့အခါမှာ သိသင်တဲ့ အချက်တစ်ခုရှိပါတယ်။
အဲဒါကတော့ Screen Off Gesture စနစ်ဟာ ဖုန်းထဲမှာ နဂိုသတ်မှတ်ပေးထားတဲ့ သင်္ကေတတွေ ရှိနေပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ဒီစနစ်ကို အသုံးပြုမယ်ဆိုရင်တော့ နဂိုဖုန်းထဲမှာ ပါဝင်နေပြီးသား Screen Off Gesture သင်္ကေတစနစ်တွေထဲမှာဘဲ ကိုယ်အသုံးပြုချင်တဲ့ စနစ်ကို ထည့်သွင်းပြီး အသုံးပြုတာဟာ အဆင်အပြေဆုံး ဖြစ်ပါတယ်။
စတင်ပြီး လေ့လာကြည့်ကြပါမယ် Screen Off Gesture စနစ်ကို အသုံးပြုဖို့အတွက်
(၁) ဖုန်းရဲ့ Setting ထဲကို ဝင်လိုက်ပါ။
(၂) Setting ထဲမှာ Gesture & Motion ဆိုတဲ့ထဲကို ဝင်လိုက်ပါ။
(၃) Gesture & Motion ထဲမှာ Screen Off Gesture ကိုနှိပ်ပါ။
(၄) Screen Off Gesture ထဲမှာ အသုံးပြုနိုင်မယ့် သင်္ကေတတွေကို အများအပြားရှိနေတာ မြင်တွေ့ရပါလိမ့်မယ်။ မြင်တွေ့ရတဲ့ Screen Off Gesture တွေထဲမှာ အချို့စနစ်တွေဟာ အသုံးပြုဖို့ မှတ်သားထားပြီးသားတွေ ရှိသလို ဘာစနစ်မှ မထည့်သွင်းရသေးတဲ့ သင်္ကေတတွေလည်း ရှိနေပါလိမ့်မယ်။ ဘာစနစ်မှ မထည့်သွင်းရသေးတဲ့ Gesture သင်္ကေတနေရာမှာ မှတ်သားမယ်ဆိုရင်လည်း ရနိုင်သလို အသုံးပြုမယ့် စနစ်ကိုမှတ်သားထားပြီးသား သင်္ကေတနေရာတွေမှာလည်း ကိုယ်အသုံးပြုချင်တဲ့ အသစ်ကို ထပ်မံမှတ်သားနိုင်ပါတယ်။
(၅) သင်္ကေတပုံစံတစ်ခုကိုရွေးချယ်လိုက်ပါ။ ဒါဆိုရင်တော့ ကိုယ်သတ်မှတ်မယ့် သင်္ကေတမှာ ထည့်သွင်းနိုင်မယ့် စနစ်တွေကိုမြင်တွေ့ရပါလိမ့်မယ်။ ဒီနေရာမှာလည်း ကိုယ့်စိတ်ကြိုက် စနစ်တွေကို ထည့်သွင်းနိုင်ပါတယ်။ ဥပမာအနေနဲ့ ကျွန်တော်က Contact ကိုရွေးချယ်ပါမယ်။ Contact ကိုရွေးချယ်ဖို့အတွက် Open Application ဆိုတဲ့ စနစ်ထဲကိုဝင်လိုက်ပါ။
ဒီထဲမှာတော့ ဖုန်းမှာပါဝင်တဲ့ App တော်တော်များများ ရှိနေတာကို မြင်တွေ့ရပါလိမ့်မယ်။ စိတ်ကြိုက် App ကို ရွေးချယ်မှတ်သားနိုင်ပါတယ်။ ဥပမာအနေနဲ Contact ကို ရွေးလိုက်ပါမယ်။ ရွေးချယ်ပေးလိုက်တာနဲ့ ကိုယ်ရွေးချယ်တဲ့ သင်္ကေတပုံကို ရေးဆွဲခိုင်းပါလိမ့်မယ်။
Try ကိုနှိပ်ပြီး ကိုယ်ရွေးချယ်တဲ့ သင်္ကေတပုံစံကို ရေးဆွဲပေးလိုက်ရင် ရပါပြီ။ ပြီးရင်တော့ စနစ်တွေအားလုံးထဲကနေ ပြန်ထွက်လိုက်ပြီး ဖုန်းကို Screen Off လုပ်လိုက်ပါ။ Screen Off အခြေအနေပေါ်မှာ ကိုယ်သတ်မှတ်ထားတဲ့ သင်္ကေတကို ရေးဆွဲကြည့်လိုက်ပါ။ ဒါဆိုရင် သင်္ကေတရေးဆွဲချိန်မှ ဖွင့်ရမယ့် စနစ်က အလိုအလျောက် ပွင့်လာပါလိမ့်မယ်။
ဒီနေရာမှာကိုယ်က ဖုန်းကို Pattern Lock တို့ Password တို့နဲ့ Lock လုပ်ထားတယ်ဆိုရင်တော့ သင်္ကေတကို ရေးဆွဲလိုက်တဲ့အချိန်မှာ ဖုန်းက Screen အရင်ပွင့်လာပြီး Lock ဖွင့်ပေးရမှာဖြစ်ပါတယ်။ Lock တွေကို ဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ်သွားချင်တဲ့ စနစ်နေရာကို တိုက်ရိုက်ရောက်ရှိမှာ ဖြစ်ပါတယ်။
Credit Internet Journal
အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
www.zunite.org
FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

No comments:
Post a Comment